ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံ ရှန်ကျန်းဒေသတွင် lockdown ချထားမှုများကို ဖြေလျှော့ပေးမည်

 746

Pika (NP News) - နိုဝင်ဘာ ၂၆

တရုတ်နိုင်ငံ ရှန်ကျန်းဒေသ Urumqi မြို့တော်ရှိ တိုက်ခန်းအဆောက်အဦးတစ်ခုတွင် မီးလောင်မှုများဖြစ်ပွားခဲ့ပြီး ဆန္ဒပြမှုများဖြစ်ပေါ်လာခဲ့ပြီးနောက် ရှန်ကျန်းဒေသတွင် လပေါင်းများစွာကြာခဲ့သော ကိုဗစ်-၁၉ lockdownကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက နိုဝင်ဘာလ(၂၆)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

ရှန်ကျန်းဒေသရှိ တိုက်ခန်းတစ်ခုတွင် နိုဝင်ဘာလ(၂၄)ရက်က မီးလောင်မှုများဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၁ဝ)ဦးသေဆုံးပြီး (၉)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာမီးသတ်ဌာန၏ ပြောပြချက်အရသိရသည်။ ကိုဗစ်-၁၉ lockdown များကြောင့် အခင်းဖြစ်ပွားရာနေရာနှင့် သေဆုံးသူများထံသို့ မီးသတ်သမားများရောက်ရှိရန် နှောင့်နှေးခဲ့သည့် ဗီဒီယိုများထွက်ပေါ်လာခဲ့ပြီးနောက် ဒေသခံအများအပြားသည် စိတ်ဆိုးဒေါသထွက်နေခဲ့ကြကြောင်းလည်းသိရသည်။ နိုဝင်ဘာလ(၂၅)ရက်ညနေပိုင်းကထွက်ပေါ်လာသော ဗီဒီယိုတစ်ခုတွင် လူအုပ်စုကြီးသည် Urumqi မြို့ ရှိ အစိုးရအဆောက်အအုံတစ်ခုသို့ ချီတက်လာကာ lockdown ကိုအဆုံးသတ်ရန်ဟု ကြွေးကြော်နေခဲ့ပြီး အခြားလူများသည် lockdown အတားအဆီးများကို ဖြတ်ကျော်ကာ တာဝန်ရှိသူများနှင့်စကာများရန်ဖြစ်နေကြသည်ကို တွေ့မြင်ခဲ့ရကြောင်းသိရသည်။

လူဦးရေ(၄)သန်းနီးပါးရှိသော Urumqi မြို့သည် သြဂုတ်လတည်းကတင်းကျပ်သော lockdown ချထားမှုများ ရှိခဲ့သော်လည်း နေ့စဥ်ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုမှာ (၁ဝဝ)ဝန်းကျင်တွင် ဆက်လက်ရှိနေကြောင်းလည်းသိရသည်။ Urumqi မြို့မှ အန္တရာယ်နည်းသော အဆင့်အဖြစ်သတ်မှတ်ထားသော ရပ်ကွက်များတွင် lockdown များကို ဖြေလျှော့ပေးမည်ဟု ဒေသခံအာဏာပိုင်များက နိုဝင်ဘာလ (၂၆)ရက်တွင် ပြောဆိုခဲ့သည်။ အဆိုပါရပ်ကွက်များရှိ နေထိုင်သူများကို ၎င်းတို့၏ နေအိမ်အဆောက်အဦးများမှ တစ်ရက်တာအတွင်းအပြင်ကို ထွက်ခွာခွင့်ပေးမည်ဖြစ်သော်လည်း အန္တရာယ်နည်းပါးသော နယ်မြေများအဖြစ် သတ်မှတ်မခံရသော ရပ်ကွက်များတွင်မူ လူများကို နေအိမ်ခြံဝင်းများအတွင်းမှ ထွက်ခွာခွင့်ပေးမည်မဟုတ်ကြောင်းသိရသည်။

Urumqi မြို့၏ ဝါဒဖြန့်ချိရေးအကြီးအကဲ Sui Rong က မြို့တွင်း lockdown ချခြင်းများကြောင့် ကိုဗစ်ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းပြောဆိုခဲ့သည်။ မကြာသေးမီသီတင်းပတ်အတွင်း တရုတ်နိုင်ငံတစ်ဝှမ်းတွင် အစိုးရ၏ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး lockdown ချခြင်းများအပေါ် သဘောထားကွဲလွဲမှုများမြင့်တက်လာခဲ့ကြောင်းသိရသည်။

zawgyi version
ဆႏၵျပမႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံ ရွန္က်န္းေဒသတြင္ lockdown ခ်ထားမႈမ်ားကို ေျဖေလွ်ာ့ေပးမည္
Pika (NP News) - ႏိုဝင္ဘာ ၂၆

တ႐ုတ္ႏိုင္ငံ ရွန္က်န္းေဒသ Urumqi ၿမိဳ႕ေတာ္ရွိ တိုက္ခန္းအေဆာက္အဦးတစ္ခုတြင္ မီးေလာင္မႈမ်ားျဖစ္ပြားခဲ့ၿပီး ဆႏၵျပမႈမ်ားျဖစ္ေပၚလာခဲ့ၿပီးေနာက္ ရွန္က်န္းေဒသတြင္ လေပါင္းမ်ားစြာၾကာခဲ့ေသာ ကိုဗစ္-၁၉ lockdownကို ေျဖေလွ်ာ့ေပးမည္ျဖစ္ေၾကာင္း တ႐ုတ္အာဏာပိုင္မ်ားက ႏိုဝင္ဘာလ(၂၆)ရက္တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။

ရွန္က်န္းေဒသရွိ တိုက္ခန္းတစ္ခုတြင္ ႏိုဝင္ဘာလ(၂၄)ရက္က မီးေလာင္မႈမ်ားျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၁ဝ)ဦးေသဆုံးၿပီး (၉)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသဆိုင္ရာမီးသတ္ဌာန၏ ေျပာျပခ်က္အရသိရသည္။ ကိုဗစ္-၁၉ lockdown မ်ားေၾကာင့္ အခင္းျဖစ္ပြားရာေနရာႏွင့္ ေသဆုံးသူမ်ားထံသို႔ မီးသတ္သမားမ်ားေရာက္ရွိရန္ ေႏွာင့္ေႏွးခဲ့သည့္ ဗီဒီယိုမ်ားထြက္ေပၚလာခဲ့ၿပီးေနာက္ ေဒသခံအမ်ားအျပားသည္ စိတ္ဆိုးေဒါသထြက္ေနခဲ့ၾကေၾကာင္းလည္းသိရသည္။ ႏိုဝင္ဘာလ(၂၅)ရက္ညေနပိုင္းကထြက္ေပၚလာေသာ ဗီဒီယိုတစ္ခုတြင္ လူအုပ္စုႀကီးသည္ Urumqi ၿမိဳ႕ ရွိ အစိုးရအေဆာက္အအုံတစ္ခုသို႔ ခ်ီတက္လာကာ lockdown ကိုအဆုံးသတ္ရန္ဟု ေႂကြးေၾကာ္ေနခဲ့ၿပီး အျခားလူမ်ားသည္ lockdown အတားအဆီးမ်ားကို ျဖတ္ေက်ာ္ကာ တာဝန္ရွိသူမ်ားႏွင့္စကာမ်ားရန္ျဖစ္ေနၾကသည္ကို ေတြ႕ျမင္ခဲ့ရေၾကာင္းသိရသည္။

လူဦးေရ(၄)သန္းနီးပါးရွိေသာ Urumqi ၿမိဳ႕သည္ ၾသဂုတ္လတည္းကတင္းက်ပ္ေသာ lockdown ခ်ထားမႈမ်ား ရွိခဲ့ေသာ္လည္း ေန႔စဥ္ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရမႈမွာ (၁ဝဝ)ဝန္းက်င္တြင္ ဆက္လက္ရွိေနေၾကာင္းလည္းသိရသည္။ Urumqi ၿမိဳ႕မွ အႏၲရာယ္နည္းေသာ အဆင့္အျဖစ္သတ္မွတ္ထားေသာ ရပ္ကြက္မ်ားတြင္ lockdown မ်ားကို ေျဖေလွ်ာ့ေပးမည္ဟု ေဒသခံအာဏာပိုင္မ်ားက ႏိုဝင္ဘာလ (၂၆)ရက္တြင္ ေျပာဆိုခဲ့သည္။ အဆိုပါရပ္ကြက္မ်ားရွိ ေနထိုင္သူမ်ားကို ၎တို႔၏ ေနအိမ္အေဆာက္အဦးမ်ားမွ တစ္ရက္တာအတြင္းအျပင္ကို ထြက္ခြာခြင့္ေပးမည္ျဖစ္ေသာ္လည္း အႏၲရာယ္နည္းပါးေသာ နယ္ေျမမ်ားအျဖစ္ သတ္မွတ္မခံရေသာ ရပ္ကြက္မ်ားတြင္မူ လူမ်ားကို ေနအိမ္ၿခံဝင္းမ်ားအတြင္းမွ ထြက္ခြာခြင့္ေပးမည္မဟုတ္ေၾကာင္းသိရသည္။

Urumqi ၿမိဳ႕၏ ဝါဒျဖန႔္ခ်ိေရးအႀကီးအကဲ Sui Rong က ၿမိဳ႕တြင္း lockdown ခ်ျခင္းမ်ားေၾကာင့္ ကိုဗစ္ေရာဂါျဖစ္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းေျပာဆိုခဲ့သည္။ မၾကာေသးမီသီတင္းပတ္အတြင္း တ႐ုတ္ႏိုင္ငံတစ္ဝွမ္းတြင္ အစိုးရ၏ ကိုဗစ္-၁၉ ေရာဂါႏွင့္ပတ္သက္ၿပီး lockdown ခ်ျခင္းမ်ားအေပၚ သေဘာထားကြဲလြဲမႈမ်ားျမင့္တက္လာခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.