ဖမ်းဆီးထိန်းသိမ်းထားသော ရုရှားရထားတွဲများကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ဖင်လန်အစိုးရဆို

 1534

Pika (NP News) - နိုဝင်ဘာ ၂၇

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုများကြောင့် ယခုနှစ်အစောပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းထားသော ရုရှားရထားတွဲများကို ပြန်လည်ပေးအပ်ရန်ဆုံးဖြတ်ခဲ့ကြောင်း ဖင်လန်နိုင်ငံရှိ ရုရှားကုန်သွယ်ရေးပိုင်း တာဝန်ရှိသူများက နိုဝင်ဘာလ(၂၅)ရက်တွင် ပြောကြားခဲ့သည်။

ဖင်လန်နိုင်ငံမှ ထုတ်ပြန်ခဲ့သော အချက်အလက်များအရ နိုဝင်ဘာလအစောပိုင်းအထိ ရုရှား၏ ရထားတွဲ(၈ဝဝ)ကျော်ကို ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။ ဖင်လန်နိုင်ငံ မီးရထားအော်ပရေတာများ၊ သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး အေဂျင်စီတို့က အယူခံဝင်ခဲ့ပြီးနောက် ထိန်းသိမ်းထားသော ရုရှား၏ရထားတွဲများကို ပြန်လည်ပေးအပ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ (၁၅)ရက်တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ရုရှားကုန်သွယ်ရေးပိုင်းတာဝန်ရှိသူများက"(၂ဝ၂၂)ခုနှစ် နိုဝင်ဘာလ(၁၅)ရက်မှာ ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနက သယ်ယူပို့ဆောင်ရေးစနစ်မှာ ကုန်ကျစရိတ်နဲ့ လုံခြုံရေးအန္တရာယ်တွေကို လျှော့ချဖို့ ရည်ရွယ်ချက်နဲ့ ထိန်းသိမ်းထားတဲ့ ရထားတွဲတွေကို ပြန်လည်ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်"ဟုပြောဆိုခဲ့သည်။

အဆိုပါရထားတွဲများကို ပိုင်ဆိုင်သည့် ရုရှားကုမ္ပဏီများထံပြန်လည်ပေးအပ်မည်ဟု အကြောင်းကြားထားခဲ့ကြောင်းလည်းသိရသည်။ ရထားလမ်းအော်ပရေတာများ သည် ရထားများကို စစ်ဆေးပြီးနောက် ရုရှားနှင့်ဖင်လန်နှစ်နိုင်ငံနယ်စပ်ကိုဖြတ်ပြီး ရွှေ့ပြောင်းရန်အတွက် ပြင်ဆင်မည်ဖြစ်ကြောင်းလည်းသိရသည်။ အဆိုပါရထားတွဲများ ရွှေ့ပြောင်းပေးအပ်ရန်အတွက် တိကျတဲ့ရက်စွဲကို အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမျိုးမရှိသေးကြောင်းသိရသည်။

ဖင်လန်သည် ကုန်တင်ရထားတွဲ(၁ဝဝဝ)ကျော်အပါအဝင် ရုရှားပိုင်ပစ္စည်းများ ယူရိုသန်း(၈ဝ)တန်ဖိုး နီးပါးကို သိမ်းဆည်းထားခဲ့ကြောင်း သိရသည်။ အဆိုပါ သိမ်း ဆည်းထားသော ပစ္စည်းများထဲတွင် ယူရို(၁ ဒသမ ၄)သန်းတန်ဖိုးရှိ acetic acid (၁ ဒသမ ၃)တန်ခန့်၊ butyl acetate (၂၄၈) တန်နှင့်သံရိုင်းအတုံးများ ပါဝင်ကြောင်းလည်းသိရသည်။

zawgyi version
ဖမ္းဆီးထိန္းသိမ္းထားေသာ ႐ုရွားရထားတြဲမ်ားကို ျပန္လည္ေပးအပ္မည္ျဖစ္ေၾကာင္း ဖင္လန္အစိုးရဆို
Pika (NP News) - ႏိုဝင္ဘာ ၂၇

ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး ပိတ္ဆို႔အေရးယူမႈမ်ားေၾကာင့္ ယခုႏွစ္အေစာပိုင္းတြင္ ဖမ္းဆီးထိန္းသိမ္းထားေသာ ႐ုရွားရထားတြဲမ်ားကို ျပန္လည္ေပးအပ္ရန္ဆုံးျဖတ္ခဲ့ေၾကာင္း ဖင္လန္ႏိုင္ငံရွိ ႐ုရွားကုန္သြယ္ေရးပိုင္း တာဝန္ရွိသူမ်ားက ႏိုဝင္ဘာလ(၂၅)ရက္တြင္ ေျပာၾကားခဲ့သည္။

ဖင္လန္ႏိုင္ငံမွ ထုတ္ျပန္ခဲ့ေသာ အခ်က္အလက္မ်ားအရ ႏိုဝင္ဘာလအေစာပိုင္းအထိ ႐ုရွား၏ ရထားတြဲ(၈ဝဝ)ေက်ာ္ကို ထိန္းသိမ္းထားခဲ့ေၾကာင္း သိရသည္။ ဖင္လန္ႏိုင္ငံ မီးရထားေအာ္ပေရတာမ်ား၊ သယ္ယူပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရး ေအဂ်င္စီတို႔က အယူခံဝင္ခဲ့ၿပီးေနာက္ ထိန္းသိမ္းထားေသာ ႐ုရွား၏ရထားတြဲမ်ားကို ျပန္လည္ေပးအပ္ရန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ႏိုဝင္ဘာလ (၁၅)ရက္တြင္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။ ႐ုရွားကုန္သြယ္ေရးပိုင္းတာဝန္ရွိသူမ်ားက"(၂ဝ၂၂)ခုႏွစ္ ႏိုဝင္ဘာလ(၁၅)ရက္မွာ ဖင္လန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သယ္ယူပို႔ေဆာင္ေရးစနစ္မွာ ကုန္က်စရိတ္နဲ႔ လုံၿခဳံေရးအႏၲရာယ္ေတြကို ေလွ်ာ့ခ်ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ထိန္းသိမ္းထားတဲ့ ရထားတြဲေတြကို ျပန္လည္ေပးအပ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္"ဟုေျပာဆိုခဲ့သည္။

အဆိုပါရထားတြဲမ်ားကို ပိုင္ဆိုင္သည့္ ႐ုရွားကုမၸဏီမ်ားထံျပန္လည္ေပးအပ္မည္ဟု အေၾကာင္းၾကားထားခဲ့ေၾကာင္းလည္းသိရသည္။ ရထားလမ္းေအာ္ပေရတာမ်ား သည္ ရထားမ်ားကို စစ္ေဆးၿပီးေနာက္ ႐ုရွားႏွင့္ဖင္လန္ႏွစ္ႏိုင္ငံနယ္စပ္ကိုျဖတ္ၿပီး ေ႐ႊ႕ေျပာင္းရန္အတြက္ ျပင္ဆင္မည္ျဖစ္ေၾကာင္းလည္းသိရသည္။ အဆိုပါရထားတြဲမ်ား ေ႐ႊ႕ေျပာင္းေပးအပ္ရန္အတြက္ တိက်တဲ့ရက္စြဲကို အေသးစိတ္ထုတ္ေဖာ္ေျပာၾကားျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။

ဖင္လန္သည္ ကုန္တင္ရထားတြဲ(၁ဝဝဝ)ေက်ာ္အပါအဝင္ ႐ုရွားပိုင္ပစၥည္းမ်ား ယူ႐ိုသန္း(၈ဝ)တန္ဖိုး နီးပါးကို သိမ္းဆည္းထားခဲ့ေၾကာင္း သိရသည္။ အဆိုပါ သိမ္း ဆည္းထားေသာ ပစၥည္းမ်ားထဲတြင္ ယူ႐ို(၁ ဒသမ ၄)သန္းတန္ဖိုးရွိ acetic acid (၁ ဒသမ ၃)တန္ခန႔္၊ butyl acetate (၂၄၈) တန္ႏွင့္သံ႐ိုင္းအတုံးမ်ား ပါဝင္ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.