အူမကြီးကင်ဆာကြောင့် ဆေးရုံတက်ခဲ့ရသော်လည်း ဘရာဇီးဂန္တဝင် ကစားသမားပီလီ ကောင်းမွန်သောအခြေအနေတွင် ရှိနေ

341

Pika (NP NEWS) - ဒီဇင်ဘာ ၄
ဘရာဇီး ဂန္တဝင်ကစားသမား ပီလီသည် အူမကြီးကင်ဆာနှင့် အခြားရောဂါများဖြင့် နိုဝင်ဘာ (၂၉)ရက်က ဘရာဇီးနိုင်ငံ Sao Paulo မြို့ရှိ Albert Einstein ဆေးရုံတွင် ဆေးကုသမှုများခံယူနေခဲ့ရကြောင်း သိရသည်။
ဘရာဇီး ဂန္တဝင်ကစားသမား ပီလီသည် ဆေးရုံတွင် ဆေးကုသမှုခံယူနေရင်းက ၎င်းသည် ဆက်လက်ကျန်းမာနေပြီး တည်ငြိမ်သော အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒီဇင်ဘာ (၃)ရက်က ထုတ်ပြန်သော ကြေညာချက်တွင် ဘရာဇီး ဂန္တဝင်ကစားသမားပီလီက ၎င်းကိုအားပေးစကားများ ပေးပို့ခဲ့သော စာများနှင့် ကမ္ဘာ့ ဖလားတွင် ဘရာဇီးလ်အသင်းကစားခြင်းကို ကြည့်ရှုခြင်းက ပြန်လည်ကျန်းမာစေခဲ့ပြီး အင်အားများ ပြည့်စေခဲ့ ကြောင်း ပြောဆိုခဲ့သည်။
ဆေးရုံတွင် ရှိနေချိန်အတွင်း ဘရာဇီးဂန္တဝင်ကစားသမားပီလီက ၎င်းသည် ကုသမှုများကို ဆက်လက်ခံယူနေဆဲဖြစ်ကြောင်း နှင့် တည်ငြိမ်သောအခြေအနေတွင် ရှိနေကြောင်းပြောကြားခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပီလီ သည် ဓါတုကုထုံးကိုတုံ့ပြန်ခြင်း မရှိတော့သောကြောင့် ၎င်း၏သက်တမ်းသည် အဆုံးသတ်နိုင်ဖွယ်ရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။
ဘရာဇီးဂန္တဝင်ကစားသမားပီလီ က "ကျွန်တော်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိတ်အေးအေးထားကြဖို့ အားလုံးကို တောင်းဆိုချင်ပါတယ်၊၊ ကျွန်တော့်ရဲ့ကျန်းမာရေးက ဆက်လက်ကောင်းမွန်နေပြီး ကုသမှုတွေကို ပုံမှန်အတိုင်း လုပ်ဆောင်နေပါတယ်။ ကျွန်တော့်ကို သေသေချာချာကြည့်ရှုစောင့်ရှောက်ပေးခဲ့တဲ့ ဆေးဘက်ဆိုင်ရာနဲ့ သူနာပြုအဖွဲ့အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘုရားသခင်ကို ယုံကြည်ပါတယ်။ တစ်ကမ္ဘာလုံးက ပေးပို့ခဲ့ တဲ့အားပေးစကားတွေဟာ ကျွန်တော့်ကို ပိုပြီး ကျန်းမာစေတာပါ။ ပြီးတော့ ကမ္ဘာ့ဖလားပွဲမှာ ဘရာဇီးလ်အသင်း ကစားတာကို ကြည့်ရတာကလည်း ကျွန်တော့်ကို ပြန်လည်အားအင်တက်စေတာပဲ ဖြစ်ပါတယ်၊၊ အရာအားလုံး အတွက် ကျေးဇူးတင်ပါတယ်" ဟု ပြောဆိုခဲ့သည်။
ကမ္ဘာ့ဖလား သုံးကြိမ်အနိုင်ရရှိခဲ့သော အသက်(၈၂)နှစ်အရွယ် ပီလီသည် နိုဝင်ဘာ(၂၉)ရက်က အူမကြီးကင်ဆာနှင့် အခြားရောဂါများဖြင့် ဆေးရုံတက်ခဲ့ရကြောင်း ထိုသို့ဆေးရုံတက်ရခြင်းသည် ပုံမှန်လစဥ်လည်ပတ်မှုတစ်ခုသာဖြစ် ကြောင်း ဒီဇင်ဘာ(၁)ရက်၊ ညတွင် ၎င်းကပြောဆိုခဲ့သည်။ ဘရာဇီးဂန္တဝင်ကစားသမား ပီလီသည် ၂ဝ၂၁ ခုနှစ် စက်တင်ဘာလတွင် ၎င်း၏အူမကြီးမှ အကျိတ်ကို ဖယ်ရှားပစ်ခဲ့ကြောင်းလည်း သိရသည်။
ဒီဇင်ဘာ(၃)ရက်က ဘရာဇီးနိုင်ငံ Sao Paulo မြို့ရှိ Israelita Albert Einstein ဆေးရုံမှ ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ပီလီသည် အသက်ရှုလမ်းကြောင်းစနစ် ပိုးဝင်ခြင်းနှင့်ပတ်သက်သော ကုသမှုတွင် ကောင်းမွန်သောတုံ့ပြန်မှုများရှိကြောင်း ပြန်လည်စမ်းသပ်စစ်ဆေးအကဲဖြတ်ခြင်းကို ခံယူနေရကြောင်း ဖော်ပြထားသည်။
ဘရာဇီးဂန္တဝင်ကစားသမားပီလီသည် အသက်ရှုလမ်းကြောင်း ပိုးဝင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဆေးရုံတင်ခဲ့ရပြီး ဒီဇင်ဘာ(၂)ရက်တွင် ၎င်းသည် တည်ငြိမ်သောအခြေအနေတွင် ရှိနေကြောင်း ပြောဆိုခဲ့သည်။ ဒီဇင်ဘာ (၃) ရက်က ထုတ်ပြန်သော ကြေညာချက်တွင် ပီလီ၏အခြေအနေများသည် ပြီးခဲ့သည့်ရက်ပိုင်းလောက် ပိုမိုဆိုးရွားခြင်း မရှိတော့ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း ပီလီကို အားပေးသော တစ်ကမ္ဘာလုံးမှ ပရိသတ်များသည် အားပေးစကားများကို ဆက်လက်ပေးပို့နေခဲ့ကြကြောင်းလည်း သိရသည်။

Zawgyi Version;
အူမႀကီးကင္ဆာေၾကာင့္ ေဆး႐ုံတက္ခဲ့ရေသာ္လည္း ဘရာဇီးဂႏၲဝင္ ကစားသမားပီလီ ေကာင္းမြန္ေသာအေျခအေနတြင္ ရွိေန
Pika (NP NEWS) - ဒီဇင္ဘာ ၄
ဘရာဇီး ဂႏၲဝင္ကစားသမား ပီလီသည္ အူမႀကီးကင္ဆာႏွင့္ အျခားေရာဂါမ်ားျဖင့္ ႏိုဝင္ဘာ (၂၉)ရက္က ဘရာဇီးႏိုင္ငံ Sao Paulo ၿမိဳ႕ရွိ Albert Einstein ေဆး႐ုံတြင္ ေဆးကုသမႈမ်ားခံယူေနခဲ့ရေၾကာင္း သိရသည္။
ဘရာဇီး ဂႏၲဝင္ကစားသမား ပီလီသည္ ေဆး႐ုံတြင္ ေဆးကုသမႈခံယူေနရင္းက ၎သည္ ဆက္လက္က်န္းမာေနၿပီး တည္ၿငိမ္ေသာ အေျခအေနတြင္ ရွိေနဆဲျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ ဒီဇင္ဘာ (၃)ရက္က ထုတ္ျပန္ေသာ ေၾကညာခ်က္တြင္ ဘရာဇီး ဂႏၲဝင္ကစားသမားပီလီက ၎ကိုအားေပးစကားမ်ား ေပးပို႔ခဲ့ေသာ စာမ်ားႏွင့္ ကမာၻ႔ ဖလားတြင္ ဘရာဇီးလ္အသင္းကစားျခင္းကို ၾကည့္ရႈျခင္းက ျပန္လည္က်န္းမာေစခဲ့ၿပီး အင္အားမ်ား ျပည့္ေစခဲ့ ေၾကာင္း ေျပာဆိုခဲ့သည္။
ေဆး႐ုံတြင္ ရွိေနခ်ိန္အတြင္း ဘရာဇီးဂႏၲဝင္ကစားသမားပီလီက ၎သည္ ကုသမႈမ်ားကို ဆက္လက္ခံယူေနဆဲျဖစ္ေၾကာင္း ႏွင့္ တည္ၿငိမ္ေသာအေျခအေနတြင္ ရွိေနေၾကာင္းေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းက ပီလီ သည္ ဓါတုကုထုံးကိုတုံ႔ျပန္ျခင္း မရွိေတာ့ေသာေၾကာင့္ ၎၏သက္တမ္းသည္ အဆုံးသတ္ႏိုင္ဖြယ္ရွိေနေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚလာခဲ့သည္။
ဘရာဇီးဂႏၲဝင္ကစားသမားပီလီ က "ကြၽန္ေတာ္ရဲ႕က်န္းမာေရးနဲ႔ပတ္သက္ၿပီး စိတ္ေအးေအးထားၾကဖို႔ အားလုံးကို ေတာင္းဆိုခ်င္ပါတယ္၊၊ ကြၽန္ေတာ့္ရဲ႕က်န္းမာေရးက ဆက္လက္ေကာင္းမြန္ေနၿပီး ကုသမႈေတြကို ပုံမွန္အတိုင္း လုပ္ေဆာင္ေနပါတယ္။ ကြၽန္ေတာ့္ကို ေသေသခ်ာခ်ာၾကည့္ရႈေစာင့္ေရွာက္ေပးခဲ့တဲ့ ေဆးဘက္ဆိုင္ရာနဲ႔ သူနာျပဳအဖြဲ႕အားလုံးကိုလည္း ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္ဘုရားသခင္ကို ယုံၾကည္ပါတယ္။ တစ္ကမာၻလုံးက ေပးပို႔ခဲ့ တဲ့အားေပးစကားေတြဟာ ကြၽန္ေတာ့္ကို ပိုၿပီး က်န္းမာေစတာပါ။ ၿပီးေတာ့ ကမာၻ႔ဖလားပြဲမွာ ဘရာဇီးလ္အသင္း ကစားတာကို ၾကည့္ရတာကလည္း ကြၽန္ေတာ့္ကို ျပန္လည္အားအင္တက္ေစတာပဲ ျဖစ္ပါတယ္၊၊ အရာအားလုံး အတြက္ ေက်းဇူးတင္ပါတယ္" ဟု ေျပာဆိုခဲ့သည္။
ကမာၻ႔ဖလား သုံးႀကိမ္အႏိုင္ရရွိခဲ့ေသာ အသက္(၈၂)ႏွစ္အ႐ြယ္ ပီလီသည္ ႏိုဝင္ဘာ(၂၉)ရက္က အူမႀကီးကင္ဆာႏွင့္ အျခားေရာဂါမ်ားျဖင့္ ေဆး႐ုံတက္ခဲ့ရေၾကာင္း ထိုသို႔ေဆး႐ုံတက္ရျခင္းသည္ ပုံမွန္လစဥ္လည္ပတ္မႈတစ္ခုသာျဖစ္ ေၾကာင္း ဒီဇင္ဘာ(၁)ရက္၊ ညတြင္ ၎ကေျပာဆိုခဲ့သည္။ ဘရာဇီးဂႏၲဝင္ကစားသမား ပီလီသည္ ၂ဝ၂၁ ခုႏွစ္ စက္တင္ဘာလတြင္ ၎၏အူမႀကီးမွ အက်ိတ္ကို ဖယ္ရွားပစ္ခဲ့ေၾကာင္းလည္း သိရသည္။
ဒီဇင္ဘာ(၃)ရက္က ဘရာဇီးႏိုင္ငံ Sao Paulo ၿမိဳ႕ရွိ Israelita Albert Einstein ေဆး႐ုံမွ ထုတ္ျပန္ေသာ ထုတ္ျပန္ခ်က္တြင္ ပီလီသည္ အသက္ရႈလမ္းေၾကာင္းစနစ္ ပိုးဝင္ျခင္းႏွင့္ပတ္သက္ေသာ ကုသမႈတြင္ ေကာင္းမြန္ေသာတုံ႔ျပန္မႈမ်ားရွိေၾကာင္း ျပန္လည္စမ္းသပ္စစ္ေဆးအကဲျဖတ္ျခင္းကို ခံယူေနရေၾကာင္း ေဖာ္ျပထားသည္။
ဘရာဇီးဂႏၲဝင္ကစားသမားပီလီသည္ အသက္ရႈလမ္းေၾကာင္း ပိုးဝင္ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ၿပီးေနာက္ ေဆး႐ုံတင္ခဲ့ရၿပီး ဒီဇင္ဘာ(၂)ရက္တြင္ ၎သည္ တည္ၿငိမ္ေသာအေျခအေနတြင္ ရွိေနေၾကာင္း ေျပာဆိုခဲ့သည္။ ဒီဇင္ဘာ (၃) ရက္က ထုတ္ျပန္ေသာ ေၾကညာခ်က္တြင္ ပီလီ၏အေျခအေနမ်ားသည္ ၿပီးခဲ့သည့္ရက္ပိုင္းေလာက္ ပိုမိုဆိုး႐ြားျခင္း မရွိေတာ့ေၾကာင္း ေဖာ္ျပထားသည္။ သို႔ေသာ္လည္း ပီလီကို အားေပးေသာ တစ္ကမာၻလုံးမွ ပရိသတ္မ်ားသည္ အားေပးစကားမ်ားကို ဆက္လက္ေပးပို႔ေနခဲ့ၾကေၾကာင္းလည္း သိရသည္။