ဒေါ်အောင်ဆန်းစုကြည်၏ လက်ကျန်အမှု(၅)မှုကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ဖွယ်ရှိနေဟုဆို

 713

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၆

အမိန့်ချမှတ်ရန် ကျန်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်၏အမှု ငါးမှုကို ယခုနှစ်ကုန်တွင် တရားရုံးက အပြီးသတ်ဆုံးဖြတ်ချက်ချဖွယ်ရှိနေကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူများ၏ပြောဆိုချက်ကို ကိုးကားပြီး ကမ္ဘောဒီးယားအခြေစိုက် ခမာတိုင်းမ်သတင်းဌာနက ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်နှစ်နီးပါးဖမ်းဆီးခံထားရပြီး အမှုများကိုရင်ဆိုင်နေရသူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် စွဲဆိုခံထားရသည့် စွဲချက်အမှုများအနက်မှ (၁၄)မှုအတွက် ထောင်ဒဏ်စုစုပေါင်း (၂၆)နှစ် ပြစ်ဒဏ်ကျခံရန် အမိန့်ချမှတ်ခံထားရပြီး အမိန့်ချမှတ်ရန် လက်ကျန်အမှုပေါင်း (၅)မှု ကျန်ရှိနေသေးကြောင်း သိရသည်။ အဆိုပါကျန်ရှိနေသည့် လက်ကျန်အမှု ငါးမှုထဲတွင် ရဟတ်ယာဉ် ငှားရမ်းမှု၊ ဝယ်ယူမှုတို့နှင့်ပတ်သက်ပြီး နိုင်ငံတော်ဘဏ္ဍာငွေနစ်နာဆုံးရှုံးသည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုငါးမှုဖွင့်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတဟောင်း ဦးဝင်းမြင့်တို့သည် စွဲဆိုထားသည့်အဆိုပါစွဲချက်ငါးခုစလုံးနှင့်ပတ်သက်ပြီး အပြစ်မရှိကြောင်း ထွက်ဆိုထားသည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏အမှုကိစ္စများနှင့်နီးစပ်သူ၏အဆိုအရ အမိန့်ချမှတ်ရန်ကျန်ရှိနေသည့် အမှုများကို စီရင်ချက်ချမှတ်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိထိန်းသိမ်းထားသောနေရာမှ ရွှေ့ပြောင်းရန်အလားလာရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြန်ထားရန်ရှိ၊ မရှိ သို့မဟုတ် အခြားအကျဉ်းထောင်ကို ပြောင်းရွှေ့၊ မရွှေ့ဆိုသည့်အချက်ကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း ဆိုသည်။

zawgyi version
ေဒၚေအာင္ဆန္းစုၾကည္၏ လက္က်န္အမႈ(၅)မႈကို ယခုႏွစ္ကုန္ပိုင္းတြင္ အၿပီးသတ္ ဆုံးျဖတ္ခ်က္ခ်မွတ္ဖြယ္ရွိေနဟုဆို
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၆

အမိန႔္ခ်မွတ္ရန္ က်န္ရွိေနသည့္ ေဒၚေအာင္ဆန္းစုၾကည္၏အမႈ ငါးမႈကို ယခုႏွစ္ကုန္တြင္ တရား႐ုံးက အၿပီးသတ္ဆုံးျဖတ္ခ်က္ခ်ဖြယ္ရွိေနေၾကာင္း အဆိုပါကိစၥႏွင့္ နီးစပ္သူမ်ား၏ေျပာဆိုခ်က္ကို ကိုးကားၿပီး ကေမာၻဒီးယားအေျခစိုက္ ခမာတိုင္းမ္သတင္းဌာနက ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံတြင္ အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ ေဒၚေအာင္ဆန္းစုၾကည္သည္ ႏွစ္ႏွစ္နီးပါးဖမ္းဆီးခံထားရၿပီး အမႈမ်ားကိုရင္ဆိုင္ေနရသူျဖစ္သည္။ ေဒၚေအာင္ဆန္းစုၾကည္သည္ စြဲဆိုခံထားရသည့္ စြဲခ်က္အမႈမ်ားအနက္မွ (၁၄)မႈအတြက္ ေထာင္ဒဏ္စုစုေပါင္း (၂၆)ႏွစ္ ျပစ္ဒဏ္က်ခံရန္ အမိန႔္ခ်မွတ္ခံထားရၿပီး အမိန႔္ခ်မွတ္ရန္ လက္က်န္အမႈေပါင္း (၅)မႈ က်န္ရွိေနေသးေၾကာင္း သိရသည္။ အဆိုပါက်န္ရွိေနသည့္ လက္က်န္အမႈ ငါးမႈထဲတြင္ ရဟတ္ယာဥ္ ငွားရမ္းမႈ၊ ဝယ္ယူမႈတို႔ႏွင့္ပတ္သက္ၿပီး ႏိုင္ငံေတာ္ဘ႑ာေငြနစ္နာဆုံးရႈံးသည္ဟုဆိုကာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈငါးမႈဖြင့္ကာ တရားစြဲဆိုထားျခင္းျဖစ္သည္။

ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ သမၼတေဟာင္း ဦးဝင္းျမင့္တို႔သည္ စြဲဆိုထားသည့္အဆိုပါစြဲခ်က္ငါးခုစလုံးႏွင့္ပတ္သက္ၿပီး အျပစ္မရွိေၾကာင္း ထြက္ဆိုထားသည္ဟု သိရသည္။ ေဒၚေအာင္ဆန္းစုၾကည္၏အမႈကိစၥမ်ားႏွင့္နီးစပ္သူ၏အဆိုအရ အမိန႔္ခ်မွတ္ရန္က်န္ရွိေနသည့္ အမႈမ်ားကို စီရင္ခ်က္ခ်မွတ္ခဲ့ၿပီးေနာက္ ေဒၚေအာင္ဆန္းစုၾကည္ကို လက္ရွိထိန္းသိမ္းထားေသာေနရာမွ ေ႐ႊ႕ေျပာင္းရန္အလားလာရွိေနၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို ေနအိမ္အက်ယ္ခ်ဳပ္ျပန္ထားရန္ရွိ၊ မရွိ သို႔မဟုတ္ အျခားအက်ဥ္းေထာင္ကို ေျပာင္းေ႐ႊ႕၊ မေ႐ႊ႕ဆိုသည့္အခ်က္ကို ရွင္းရွင္းလင္းလင္းမသိရေသးေၾကာင္း ဆိုသည္။

Picture

Tint Lwin0110

06/12/2022 14:55

တစ်နိုင်ငံလုံးသူ့ကြောင့်ပျောက်သွားလည်းအဲ့မိန်းမကအပြစ်မရှိဘူးဘဲပြောမှာဘဲ

Related news

© 2021. All rights reserved.