နျူကလီးယားဓာတ်အားပေးစက်ရုံအတွက် ROSATOM ရုရှားကုမ္ပဏီအဖွဲ့ မြန်မာသို့ရောက်ရှိနေပြီး စက်ရုံတည်မည့် ကနဦးနေရာများကို လေ့လာမှုများပြုလုပ်

 1961

မျိုးကြီး (NP News) - ဒီဇင်ဘာ ၉

နျူကလီးယားဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် ROSATOM ရုရှားကုမ္ပဏီအဖွဲ့ မြန်မာ နိုင်ငံသို့ရောက်ရှိနေပြီး စက်ရုံ တည်မည့် ကနဦးနေရာများကို လေ့လာနေပြီးဖြစ်ကြောင်း သတင်းရရှိသည်။

နေပြည်တော်၌ ဒီဇင်ဘာ ၈ ရက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ၊ Russian State Atomic Energy Corporation “ROSATOM” တို့ ပူးပေါင်းဆောင်ရွက်မည့်စီမံကိန်းများဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း နစက ထံမှ သိရသည်။

ဝန်ကြီးဌာနနှင့် ROSATOM တို့အကြား ပူးပေါင်းဆောင်ရွက်မည့်စီမံကိန်းများအတွက် လိုအပ်မှုများကို ပေါင်းစပ်နိုင်ရန်နှင့် မြေပြင်၌ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းမှုများပြုလုပ်ရန်အတွက် ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဦးသောင်းဟန်က ပြောသည်။

ပြီးခဲ့သော စက်တင်ဘာလအတွင်း ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသော အရှေ့ဖျားစီးပွားရေးဖိုရမ်ကာလအ တွင်း မြန်မာ၏ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ROSATOM တို့အကြား “Road Map on Cooperation in the field of the use of Nuclear Energy for Peaceful Purposes for 2022-2023” ကို လက်မှတ် ရေးထိုးခဲ့သည်။

ထို့နောက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနနှင့် ရုရှားနိုင်ငံ၊ Rosatom Energy Projects, Joint Stock Company တို့သည် ရုရှား-မြန်မာ Small Modular Reactor (SMR) Projects အတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုဆောင်ရွက်ရန် သဘောတူစာချုပ်ကို ပြီးခဲ့သော ၂၁ ရက်တွင် နှစ်ဖက်အကြား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထို့ပြင် ရုရှား-မြန်မာ Small Modular Reactor (SMR) Projects နှင့်ပတ်သက်၍ နိုဝင်ဘာ ၂၂ ရက်တွင် နားလည်မှုစာချွန်လွှာ(MoU)ကို နှစ်ဖက်အကြား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် Rosatom ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၌ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှုများဆောင်ရွက်ခြင်းနှင့် စက်ရုံများတည်ဆောက်နိုင်မည့် ကနဦးနေရာများကို ကြည့်ရှုလေ့လာဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ဝန်ကြီးဦးသောင်းဟန်က ပြောသည်။

မြန်မာ-ရုရှား နှစ်နိုင်ငံကြား သဘောတူထားသည့် နျူကလီးယားဓာတ်အားပေးစက်ရုံမှာ ယခုနှစ်ကုန်ပိုင်း၌ ပထမဆုံးရလဒ် ထွက်ပေါ်လာရန် မျှော်မှန်းထားကြောင်း Rosatom ကုမ္ပဏီဘက်က ပြောဆိုထားသည်။

နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမဦးဆုံးအနေဖြင့် အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံကို နှစ်ပိုင်းအတွင်း တည်ဆောက်သွားမည်ဟု နစက ပြောခွင့်ရက အသိပေးပြောဆိုထားသည်။

ထို့ပြင် ရန်ကုန်မြို့၌ နျူကလီးယားနည်းပညာပြန်ကြားရေးဌာန တည်ထောင်ဖွင့်လှစ်ရန် ရုရှားနှင့် မြန်မာနိုင်ငံအကြား ပြီးခဲ့သော ရက်ပိုင်းအတွင်းက သဘောတူလက်မှတ်ရေးထိုးထားကြောင်း သိရသည်။

Zawgyi Version;
န်ဴကလီးယားဓာတ္အားေပးစက္႐ုံအတြက္ ROSATOM ႐ုရွားကုမၸဏီအဖြဲ႕ ျမန္မာသို႔ေရာက္ရွိေနၿပီး စက္႐ုံတည္မည့္ ကနဦးေနရာမ်ားကို ေလ့လာမႈမ်ားျပဳလုပ္
မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၉

န်ဴကလီးယားဓာတ္အားေပးစက္႐ုံစီမံကိန္းအတြက္ ROSATOM ႐ုရွားကုမၸဏီအဖြဲ႕ ျမန္မာ ႏိုင္ငံသို႔ေရာက္ရွိေနၿပီး စက္႐ုံ တည္မည့္ ကနဦးေနရာမ်ားကို ေလ့လာေနၿပီးျဖစ္ေၾကာင္း သတင္းရရွိသည္။

ေနျပည္ေတာ္၌ ဒီဇင္ဘာ ၈ ရက္တြင္ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနႏွင့္ ႐ုရွားႏိုင္ငံ၊ Russian State Atomic Energy Corporation “ROSATOM” တို႔ ပူးေပါင္းေဆာင္႐ြက္မည့္စီမံကိန္းမ်ားဆိုင္ရာေတြ႕ဆုံေဆြးေႏြးပြဲကို က်င္းပခဲ့ေၾကာင္း နစက ထံမွ သိရသည္။

ဝန္ႀကီးဌာနႏွင့္ ROSATOM တို႔အၾကား ပူးေပါင္းေဆာင္႐ြက္မည့္စီမံကိန္းမ်ားအတြက္ လိုအပ္မႈမ်ားကို ေပါင္းစပ္ႏိုင္ရန္ႏွင့္ ေျမျပင္၌ လိုအပ္ခ်က္မ်ားကို ေပါင္းစပ္ညႇိႏႈိင္းမႈမ်ားျပဳလုပ္ရန္အတြက္ ေဆြးေႏြးပြဲျပဳလုပ္ရျခင္းျဖစ္ေၾကာင္း လွ်ပ္စစ္စြမ္းအား ဝန္ႀကီးဦးေသာင္းဟန္က ေျပာသည္။

ၿပီးခဲ့ေသာ စက္တင္ဘာလအတြင္း ႐ုရွားႏိုင္ငံ၊ ဗလာဒီေဗာ့စေတာ့ၿမိဳ႕၌ က်င္းပေသာ အေရွ႕ဖ်ားစီးပြားေရးဖိုရမ္ကာလအ တြင္း ျမန္မာ၏ သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာန၊ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနႏွင့္ ROSATOM တို႔အၾကား “Road Map on Cooperation in the field of the use of Nuclear Energy for Peaceful Purposes for 2022-2023” ကို လက္မွတ္ ေရးထိုးခဲ့သည္။

ထို႔ေနာက္တြင္ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၊ လွ်ပ္စစ္စြမ္းအားစီမံေရးဦးစီးဌာနႏွင့္ ႐ုရွားႏိုင္ငံ၊ Rosatom Energy Projects, Joint Stock Company တို႔သည္ ႐ုရွား-ျမန္မာ Small Modular Reactor (SMR) Projects အတြက္ ျဖစ္ေျမာက္ႏိုင္စြမ္း ေလ့လာမႈေဆာင္႐ြက္ရန္ သေဘာတူစာခ်ဳပ္ကို ၿပီးခဲ့ေသာ ၂၁ ရက္တြင္ ႏွစ္ဖက္အၾကား လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ႐ုရွား-ျမန္မာ Small Modular Reactor (SMR) Projects ႏွင့္ပတ္သက္၍ ႏိုဝင္ဘာ ၂၂ ရက္တြင္ နားလည္မႈစာခြၽန္လႊာ(MoU)ကို ႏွစ္ဖက္အၾကား လက္မွတ္ေရးထိုးခဲ့ၾကေၾကာင္း သိရသည္။

လက္ရွိတြင္ Rosatom ကုမၸဏီအေနျဖင့္ ျမန္မာႏိုင္ငံ၌ အပူစြမ္းအင္သုံးဓာတ္အားေပးစက္႐ုံစီမံကိန္းျဖစ္ေျမာက္ႏိုင္စြမ္း ေလ့လာမႈမ်ားေဆာင္႐ြက္ျခင္းႏွင့္ စက္႐ုံမ်ားတည္ေဆာက္ႏိုင္မည့္ ကနဦးေနရာမ်ားကို ၾကည့္ရႈေလ့လာေဆြးေႏြးျခင္းမ်ားကို ျပဳလုပ္ခဲ့ၿပီးျဖစ္ေၾကာင္း ဝန္ႀကီးဦးေသာင္းဟန္က ေျပာသည္။

ျမန္မာ-႐ုရွား ႏွစ္ႏိုင္ငံၾကား သေဘာတူထားသည့္ န်ဴကလီးယားဓာတ္အားေပးစက္႐ုံမွာ ယခုႏွစ္ကုန္ပိုင္း၌ ပထမဆုံးရလဒ္ ထြက္ေပၚလာရန္ ေမွ်ာ္မွန္းထားေၾကာင္း Rosatom ကုမၸဏီဘက္က ေျပာဆိုထားသည္။

န်ဴကလီးယားစြမ္းအင္ကို ၿငိမ္းခ်မ္းစြာအသုံးျပဳေရး၊ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ပထမဦးဆုံးအေနျဖင့္ အေသးစား န်ဴကလီးယားဓာတ္အားေပးစက္႐ုံကို ႏွစ္ပိုင္းအတြင္း တည္ေဆာက္သြားမည္ဟု နစက ေျပာခြင့္ရက အသိေပးေျပာဆိုထားသည္။

ထို႔ျပင္ ရန္ကုန္ၿမိဳ႕၌ န်ဴကလီးယားနည္းပညာျပန္ၾကားေရးဌာန တည္ေထာင္ဖြင့္လွစ္ရန္ ႐ုရွားႏွင့္ ျမန္မာႏိုင္ငံအၾကား ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္းက သေဘာတူလက္မွတ္ေရးထိုးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.