ရုရှားရဲ့တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ အိုဒီဆာဒေသရှိ လူပေါင်း ၁ ဒသမ ၅ သန်း လျှပ်စစ်မီးမရဘဲဖြစ်နေ

 575

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၁

ရုရှားဟာ ယူကရိန်းနိုင်ငံ အိုဒီဆာဒေသရှိ လျှပ်စစ်နဲ့ စွမ်းအင်အဆောက်အဦးများကို ပစ်မှတ်ထားပြီး အီရန်နိုင်ငံထုတ်ဒရုန်းများနဲ့တိုက်ခိုက်ခဲ့ရာ အဆိုပါဒေသရှိ ပြည်သူပေါင်း ၁ ဒသမ ၅ သန်းကျော် လျှပ်စစ်မီးမရဘဲဖြစ်နေကြောင်း ယူကရိန်းအစိုးရတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူကရိန်းသမ္မတဇီလန်စကီးက လက်ရှိအချိန်မှ အိုဒီဆာဒေသရှိ ပင်လက်နက်ဆိပ်ကမ်းတစ်ဝိုက်မှာ မှောင်မိုက်လျက်ရှိနေကြောင်း၊ ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးစနစ်က ရုရှားတို့အသုံးပြုခဲ့တဲ့ အီရန်နိုင်ငံထုတ် ဒရုန်းနှစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ပြောပါတယ်။

အိုဒီဆာမြို့တော်ဝန် Gennadiy Trukhanovက "အိုဒီဆာဒေသမှာ ကြီးတဲ့ ထိခိုက်ပျက်စီးမှုတွေဖြစ်နေပြီး အဓိကကျတဲ့အခြေခံအဆောက်အဦးတွေမှာ လျှပ်စစ်မီးမရဘဲဖြစ်နေတယ်" လို့ပြောပါတယ်။

အဆိုပါဒေသဟာ ယူကရိန်းနိုင်ငံရဲ့အကြီးမားဆုံးဆိပ်ကမ်းမြို့ဖြစ်ပြီး ယူကရိန်းနဲ့ ရုရှားတို့ကြားစစ်ပွဲ မဖြစ်ခင်က အဲဒီဒေသမှာ ပြည်သူပေါင်း ၁ သန်းကျော် နေထိုင်တယ်လို့ သိရပါတယ်။

ရုရှားဟာ ဒီဇင်ဘာ ၁ဝ ရက်၊ နံနက်ပိုင်းမှာ အိုဒီဆာမြို့ရှိ လျှပ်စစ်မီးတာဝါတိုင်များ၊ လျှပ်စစ်မီး ပို့လွှတ်ရေးလိုင်းကြိုးတွေကိုပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အိုဒီဆာမြို့အုပ်ချုပ်ရေးမှူးက ရုရှားဟာ ခဲယမ်းမီးကျောက်များနဲ့ ပစ်ခတ်ခြင်းထက် လျှပ်စစ်မီးပို့လွှတ်တဲ့ အဓိကအဆောက်အဦးတွေကို ပစ်မှတ်ထားတဲ့ "kamikaze" အမျိုးအစား ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

၎င်းက "အဲဒီတိုက်ခိုက်မှုတွေကြောင့် မြို့အတွင်းရှိနေရာအများအပြားမှာ လျှပ်စစ်မီးမရဘဲ ဖြစ်နေခဲ့တယ်" လို့ ပြောပါတယ်။ ရုရှားဟာ ပြီးခဲ့တဲ့အောက်တိုဘာလနောက်ပိုင်းကတည်းက ယူကရိန်းနိုင်ငံအတွင်းရှိ အဓိကစွမ်းအင်အဆောက်ဦးများကို ပစ်မှတ်ထားပြီး ဒုံးကျည်များ၊ ဒရုန်းများနဲ့တိုက်ခိုက်ခဲ့ရာ ယူကရိန်းနိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်သုံး စက်ရုံတွေ၊ အပူစွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတိုင်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

႐ုရွားရဲ႕တိုက္ခိုက္မႈေၾကာင့္ ယူကရိန္းႏိုင္ငံ အိုဒီဆာေဒသရွိ လူေပါင္း ၁ ဒသမ ၅ သန္း လွ်ပ္စစ္မီးမရဘဲျဖစ္ေန
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၁

႐ုရွားဟာ ယူကရိန္းႏိုင္ငံ အိုဒီဆာေဒသရွိ လွ်ပ္စစ္နဲ႔ စြမ္းအင္အေဆာက္အဦးမ်ားကို ပစ္မွတ္ထားၿပီး အီရန္ႏိုင္ငံထုတ္ဒ႐ုန္းမ်ားနဲ႔တိုက္ခိုက္ခဲ့ရာ အဆိုပါေဒသရွိ ျပည္သူေပါင္း ၁ ဒသမ ၅ သန္းေက်ာ္ လွ်ပ္စစ္မီးမရဘဲျဖစ္ေနေၾကာင္း ယူကရိန္းအစိုးရတာဝန္ရွိသူမ်ားက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ယူကရိန္းသမၼတဇီလန္စကီးက လက္ရွိအခ်ိန္မွ အိုဒီဆာေဒသရွိ ပင္လက္နက္ဆိပ္ကမ္းတစ္ဝိုက္မွာ ေမွာင္မိုက္လ်က္ရွိေနေၾကာင္း၊ ယူကရိန္းေလေၾကာင္းရန္ကာကြယ္ေရးစနစ္က ႐ုရွားတို႔အသုံးျပဳခဲ့တဲ့ အီရန္ႏိုင္ငံထုတ္ ဒ႐ုန္းႏွစ္စင္းကို ပစ္ခ်ႏိုင္ခဲ့ေၾကာင္း ေျပာပါတယ္။

အိုဒီဆာၿမိဳ႕ေတာ္ဝန္ Gennadiy Trukhanovက "အိုဒီဆာေဒသမွာ ႀကီးတဲ့ ထိခိုက္ပ်က္စီးမႈေတြျဖစ္ေနၿပီး အဓိကက်တဲ့အေျခခံအေဆာက္အဦးေတြမွာ လွ်ပ္စစ္မီးမရဘဲျဖစ္ေနတယ္" လို႔ေျပာပါတယ္။

အဆိုပါေဒသဟာ ယူကရိန္းႏိုင္ငံရဲ႕အႀကီးမားဆုံးဆိပ္ကမ္းၿမိဳ႕ျဖစ္ၿပီး ယူကရိန္းနဲ႔ ႐ုရွားတို႔ၾကားစစ္ပြဲ မျဖစ္ခင္က အဲဒီေဒသမွာ ျပည္သူေပါင္း ၁ သန္းေက်ာ္ ေနထိုင္တယ္လို႔ သိရပါတယ္။

႐ုရွားဟာ ဒီဇင္ဘာ ၁ဝ ရက္၊ နံနက္ပိုင္းမွာ အိုဒီဆာၿမိဳ႕ရွိ လွ်ပ္စစ္မီးတာဝါတိုင္မ်ား၊ လွ်ပ္စစ္မီး ပို႔လႊတ္ေရးလိုင္းႀကိဳးေတြကိုပစ္မွတ္ထားၿပီး တိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။ အိုဒီဆာၿမိဳ႕အုပ္ခ်ဳပ္ေရးမႉးက ႐ုရွားဟာ ခဲယမ္းမီးေက်ာက္မ်ားနဲ႔ ပစ္ခတ္ျခင္းထက္ လွ်ပ္စစ္မီးပို႔လႊတ္တဲ့ အဓိကအေဆာက္အဦးေတြကို ပစ္မွတ္ထားတဲ့ "kamikaze" အမ်ိဳးအစား ဒ႐ုန္းေတြနဲ႔ တိုက္ခိုက္ခဲ့တယ္လို႔ ေျပာပါတယ္။

၎က "အဲဒီတိုက္ခိုက္မႈေတြေၾကာင့္ ၿမိဳ႕အတြင္းရွိေနရာအမ်ားအျပားမွာ လွ်ပ္စစ္မီးမရဘဲ ျဖစ္ေနခဲ့တယ္" လို႔ ေျပာပါတယ္။ ႐ုရွားဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလေနာက္ပိုင္းကတည္းက ယူကရိန္းႏိုင္ငံအတြင္းရွိ အဓိကစြမ္းအင္အေဆာက္ဦးမ်ားကို ပစ္မွတ္ထားၿပီး ဒုံးက်ည္မ်ား၊ ဒ႐ုန္းမ်ားနဲ႔တိုက္ခိုက္ခဲ့ရာ ယူကရိန္းႏိုင္ငံအတြင္းရွိ ေရအားလွ်ပ္စစ္သုံး စက္႐ုံေတြ၊ အပူစြမ္းအင္သုံး လွ်ပ္စစ္ဓါတ္အားေပးစက္႐ုံတိုင္း ထိခိုက္ပ်က္စီးခဲ့ရတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.