သက်တမ်းကုန်ဆုံးသွားသော PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအား ဇန်နဝါရီ(၇)ရက်တွင် ရက်ချိန်းတိုကင်များပြန်ပေးမည်ဟု ထိုင်းရှိမြန်မာသံရုံး အသိပေး

524

ယွန်း (NP News) - ဒီဇင်ဘာ ၁၇
သက်တမ်းကုန်ဆုံးသွားသော PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများကို လာမည့် ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလ(၇)ရက်တွင် ရက်ချိန်းတိုကင်များ ပြန်ပေးမည်ဖြစ် ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၆)ရက်၊
နေ့လည်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၂ဝ၂၂ ခုနှစ် သက်တမ်းကုန်ဆုံးနေသော PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများကို ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလ(၇)ရက်မှစ၍ ရက်ချိန်းတိုကင်များကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ယခင်ရက်ချိန်းတိုကင်ရရှိထားသူများကိုလည်း ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်၍ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) ကဒ်ကိုပါ တစ်ပါတည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ဆိုထားသည်။
ထိုသို့ ပြုလုပ်ပေးခြင်းကို တစ်ပတ်လျှင် စနေနေ့ တစ်ရက်တည်းသာ ပြုလုပ်ပေးမည်ဖြစ်ကြောင်းနှင့် နံနက်(၉)နာရီမှ (၁၂)နာရီအထိ သံရုံးအသစ်နေရာတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
တိုကင်ရက်ချိန်းကို နိုင်ငံကူးလတ်မှတ်စာအုပ်အဟောင်းတွင် တံဆိပ်တုံးရိုက်၍ အမှတ်အသားပြုလုပ်ပေးသွားမည်ဖြစ်ပြီး ကိုယ်တိုင်လာရောက်ထုတ်ယူမှသာ ထုတ်ပေးမည်ဖြစ်ကြောင်း သံရုံးမှ ဆိုထားသည်။
zawgyi version
သက္တမ္းကုန္ဆုံးသြားေသာ PJ ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္သူမ်ားအား ဇန္နဝါရီ(၇)ရက္တြင္ ရက္ခ်ိန္းတိုကင္မ်ားျပန္ေပးမည္ဟု ထိုင္းရွိျမန္မာသံ႐ုံး အသိေပး
ယြန္း (NP News) - ဒီဇင္ဘာ ၁၇
သက္တမ္းကုန္ဆုံးသြားေသာ PJ ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္သူမ်ားကို လာမည့္ ၂ဝ၂၃ ခုႏွစ္၊ ဇန္နဝါရီလ(၇)ရက္တြင္ ရက္ခ်ိန္းတိုကင္မ်ား ျပန္ေပးမည္ျဖစ္ ေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၁၆)ရက္၊
ေန႔လည္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
၂ဝ၂၂ ခုႏွစ္ သက္တမ္းကုန္ဆုံးေနေသာ PJ ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္သူမ်ားကို ၂ဝ၂၃ ခုႏွစ္၊ ဇန္နဝါရီလ(၇)ရက္မွစ၍ ရက္ခ်ိန္းတိုကင္မ်ားကို ျပန္လည္ေပးအပ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ ယခင္ရက္ခ်ိန္းတိုကင္ရရွိထားသူမ်ားကိုလည္း ဆက္လက္ျပဳလုပ္ေပးသြားမည္ျဖစ္၍ ျပည္ပအလုပ္အကိုင္ အလုပ္သမားသက္ေသခံကတ္(OWIC) ကဒ္ကိုပါ တစ္ပါတည္း ျပဳလုပ္ေပးသြားမည္ျဖစ္ေၾကာင္း ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ဆိုထားသည္။
ထိုသို႔ ျပဳလုပ္ေပးျခင္းကို တစ္ပတ္လွ်င္ စေနေန႔ တစ္ရက္တည္းသာ ျပဳလုပ္ေပးမည္ျဖစ္ေၾကာင္းႏွင့္ နံနက္(၉)နာရီမွ (၁၂)နာရီအထိ သံ႐ုံးအသစ္ေနရာတြင္ ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။
တိုကင္ရက္ခ်ိန္းကို ႏိုင္ငံကူးလတ္မွတ္စာအုပ္အေဟာင္းတြင္ တံဆိပ္တုံး႐ိုက္၍ အမွတ္အသားျပဳလုပ္ေပးသြားမည္ျဖစ္ၿပီး ကိုယ္တိုင္လာေရာက္ထုတ္ယူမွသာ ထုတ္ေပးမည္ျဖစ္ေၾကာင္း သံ႐ုံးမွ ဆိုထားသည္။