လှည်းတန်းတွင် လမ်းဖြတ်ကူးသည့် အမျိုးသမီးအား ကားတစ်စီးမှ ဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေး

 1085

NP News - ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းတွင် လမ်းဖြတ်ကူးသည့် အမျိုးသမီးတစ်ဦးအား ကားတစ်ဦးမှ ဝင်တိုက်ပြီး ထွက်ပြေးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ဒီဇင်ဘာလ(၁၇)ရက်၊ ည(၉)နာရီအချိန်ခန့်တွင် လှည်းတန်း၊ အင်းစိန်လမ်းမကြီးပေါ်ရှိ စံရိပ်ငြိမ်း(၄)လမ်းအနီးတွင် ဖြစ်ပွားခဲ့ကြောင်း စံရိပ်ငြိမ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

“ဖြစ်စဉ်ကတော့ သူကလမ်းဖြတ်ကူးရင်းနဲ့တိုက်တာလို့ ဘေးကလူတွေပြောတယ်။ အစ်ကိုတို့က နောက်ကျသွားတော့ မတွေ့လိုက်ဘူး။ တိုက်လိုက်တဲ့ကားက ထွက် ပြေးသွားတယ်။ တိုက်တာကတော့ တစ်ဖက်ခြမ်းမှာတိုက်တာ ပြီးတော့ လူက တစ်ဖက်ခြမ်းကိုလွင့်ထွက်သွားတာ။ ပြီးတော့ ခေါင်းနဲ့ ကတ္တရာလမ်းနဲ့ ရိုက်မိပြီးတော့ ခေါင်းပွင့်သွားတယ်။ အရှိန်ကတော်တော်ပြင်းတာကို။ အစ်ကိုတို့ရောက်တာ (၁၅)မိနစ်လောက်ပဲကြာမယ် အဲ့မှာပဲဆုံးသွားတယ်” ဟု စံရိပ်ငြိမ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ အမျိုးသမီးသည် အခင်းဖြစ်ရာနေရာတွင်သေဆုံးခဲ့ပြီး ၎င်းအား စံရိပ်ငြိမ်လူမှုကူညီရေးအသင်းမှ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း အထက်ပါ သတင်းအရင်းအမြစ်မှ ဆက်လက်ပြောသည်။

သေဆုံးသွားသည့် အမျိုးသမီးသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့မှ ဒေါ်လှလှမြင့်(၅၄)နှစ်ဖြစ်ပြီး လက်ရှိအချိန်အထိ ယာဉ်တိုက်မှုကျူးလွန်ခဲ့သူကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

zawgyi version
လွည္းတန္းတြင္ လမ္းျဖတ္ကူးသည့္ အမ်ိဳးသမီးအား ကားတစ္စီးမွ ဝင္တိုက္ၿပီး ေမာင္းႏွင္ထြက္ေျပး
NP News - ဒီဇင္ဘာ ၁၈

ရန္ကုန္တိုင္း၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ လွည္းတန္းတြင္ လမ္းျဖတ္ကူးသည့္ အမ်ိဳးသမီးတစ္ဦးအား ကားတစ္ဦးမွ ဝင္တိုက္ၿပီး ထြက္ေျပးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ ဒီဇင္ဘာလ(၁၇)ရက္၊ ည(၉)နာရီအခ်ိန္ခန႔္တြင္ လွည္းတန္း၊ အင္းစိန္လမ္းမႀကီးေပၚရွိ စံရိပ္ၿငိမ္း(၄)လမ္းအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း စံရိပ္ၿငိမ္လူမႈကူညီေရးအသင္းထံမွ သိရသည္။

“ျဖစ္စဥ္ကေတာ့ သူကလမ္းျဖတ္ကူးရင္းနဲ႔တိုက္တာလို႔ ေဘးကလူေတြေျပာတယ္။ အစ္ကိုတို႔က ေနာက္က်သြားေတာ့ မေတြ႕လိုက္ဘူး။ တိုက္လိုက္တဲ့ကားက ထြက္ ေျပးသြားတယ္။ တိုက္တာကေတာ့ တစ္ဖက္ျခမ္းမွာတိုက္တာ ၿပီးေတာ့ လူက တစ္ဖက္ျခမ္းကိုလြင့္ထြက္သြားတာ။ ၿပီးေတာ့ ေခါင္းနဲ႔ ကတၱရာလမ္းနဲ႔ ႐ိုက္မိၿပီးေတာ့ ေခါင္းပြင့္သြားတယ္။ အရွိန္ကေတာ္ေတာ္ျပင္းတာကို။ အစ္ကိုတို႔ေရာက္တာ (၁၅)မိနစ္ေလာက္ပဲၾကာမယ္ အဲ့မွာပဲဆုံးသြားတယ္” ဟု စံရိပ္ၿငိမ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ အမ်ိဳးသမီးသည္ အခင္းျဖစ္ရာေနရာတြင္ေသဆုံးခဲ့ၿပီး ၎အား စံရိပ္ၿငိမ္လူမႈကူညီေရးအသင္းမွ ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း အထက္ပါ သတင္းအရင္းအျမစ္မွ ဆက္လက္ေျပာသည္။

ေသဆုံးသြားသည့္ အမ်ိဳးသမီးသည္ ဧရာဝတီတိုင္းေဒသႀကီး၊ ဟသၤာတၿမိဳ႕မွ ေဒၚလွလွျမင့္(၅၄)ႏွစ္ျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ယာဥ္တိုက္မႈက်ဴးလြန္ခဲ့သူကို ဖမ္းဆီးႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.