ယူဂန်ဒါ အားကစားသမား ချက်တာဂိုင်း၊ ချစ်သူရဲ့ မီးရှို့သတ်ဖြတ်ခြင်းကြောင့် သေဆုံး

 2910

ရောင်နီ (NP News) - စက်တင်ဘာ ၆

ယူဂန်ဒါနိုင်ငံ၊ ကိုယ်စားပြု အိုလံပစ် အားကစားမယ် ရက်ဘီကာချက်တာဂိုင်ဟာ ကင်ညာနိုင်ငံရှိ သူမချစ်သူရဲ့နေအိမ်မှာ မီးရှို့ခံရပြီး စက်တင်ဘာ ၅ ရက်က မှာ သေဆုံးသွားခဲ့ပါတယ်။

ချက်တာဂိုင်းဟာ ပါရီအိုလံပစ် မာရသွန်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အဆင့် (၄၄)နေရာထိ ချိတ်ဆွဲနိုင်ခဲ့သူဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ အရှေ့အာဖရိကနိုင်ငံတွေအတွက် လိင်အခြေခံအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး နောက် ဆုံးပေါ် ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ရပ်ဖြစ်လာခဲ့ပြီး တက်ကြွလှုပ်ရှားသူများက အမျိုးသမီးတွေ အသတ်ခံနေရတဲ့ ကပ်ရောဂါလို့တောင် အမည် တပ် သတိပေးလာခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် တာဝေးအပြေးသမား ချက်တာဂိုင်းဟာ မီးလောင်ဒဏ်ရာတွေနဲ့ ကုသမှုခံယူနေရင်း စက်တင်ဘာ ၅ ရက် (နံနက် ၅ နာရီခွဲ)ခန့်အချိန်မှာ သေဆုံးသွားခဲ့တယ်လို့ ကင်ညာနိုင်ငံ အနောက်ပိုင်း အဲလ်ဒေါရက်မြို့ရှိ သူမ ကုသမှုခံယူနေတဲ့ ဆေးရုံက ပြောပါတယ်။

ရဲတပ်ဖွဲ့ရဲ့အဆိုအရ ဒစ်ဆွမ်နဒ်မာမာရန်ဂတ်ချ်အမည်ရှိ သူမရဲ့ချစ်သူ အ မျိုးသားဟာ တနင်္ဂနွေနေ့(ဩဂုတ် ၃၁ ရက်)က သူ့ရဲ့ နေအိမ်မှာ သူမကိုဓာတ်ဆီလောင်းမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။ သူမ မီးရှို့ခံရခြင်းကိုလည်း ၎င်းရဲ့သမီး နှစ်ယောက်က မျက်မြင်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အ ပျက် ကြောင့် ချက်တာဂိုင်းဟာ မီးလောင်ဒဏ်ရာ အများအပြားရခဲ့ပြီး ဆေးရုံတက် ကုသမှုခံယူခဲ့ရပါတယ်။ ဒါပေမဲ့ ဒဏ်ရာတွေက ပြင်းထန်လွန်းတာကြောင့် စက်တာဘာ ၅ ရက်နေ့မှာတော့ သူမဟာ သေဆုံးခဲ့ပါတယ်။ သူမရဲ့ ချစ်သူဖြစ်သူကိုတော့ တရားရုံးက ဘယ်လို စီရင်ချက်ချမယ်ဆိုတာ မသိရသေးပါဘူး။

၂၀၂၃ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့တဲ့ ကင်ညာအမျိုးသားစာရင်း အင်းဗျူရိုရဲ့ နောက်ဆုံးကိန်းဂဏန်းများအရ အမျိုးသမီး (၃၄)ရာခိုင်နှုန်းဟာ အသက် (၁၅)နှစ် အရွယ်လောက်ကစ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေ ကြုံတွေ့ခံနေရလေ့ ရှိတယ်လို့ သိရပါတယ်။

zawgyi version
ေရာင္နီ (NP News) - စက္တင္ဘာ ၆

ယူဂန္ဒါႏိုင္ငံ၊ ကိုယ္စားျပဳ အိုလံပစ္ အားကစားမယ္ ရက္ဘီကာခ်က္တာဂိုင္ဟာ ကင္ညာႏိုင္ငံရွိ သူမခ်စ္သူရဲ႕ေနအိမ္မွာ မီးရႈိ႕ခံရၿပီး စက္တင္ဘာ ၅ ရက္က မွာ ေသဆုံးသြားခဲ့ပါတယ္။

ခ်က္တာဂိုင္းဟာ ပါရီအိုလံပစ္ မာရသြန္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး အဆင့္ (၄၄)ေနရာထိ ခ်ိတ္ဆြဲႏိုင္ခဲ့သူျဖစ္ပါတယ္။ ဒီျဖစ္ရပ္ဟာ အေရွ႕အာဖရိကႏိုင္ငံေတြအတြက္ လိင္အေျခခံအၾကမ္းဖက္မႈနဲ႔ပတ္သက္ၿပီး ေနာက္ ဆုံးေပၚ ထိတ္လန႔္တုန္လႈပ္စရာ ျဖစ္ရပ္ျဖစ္လာခဲ့ၿပီး တက္ႂကြလႈပ္ရွားသူမ်ားက အမ်ိဳးသမီးေတြ အသတ္ခံေနရတဲ့ ကပ္ေရာဂါလို႔ေတာင္ အမည္ တပ္ သတိေပးလာခဲ့ပါတယ္။ အသက္ ၃၃ ႏွစ္အ႐ြယ္ တာေဝးအေျပးသမား ခ်က္တာဂိုင္းဟာ မီးေလာင္ဒဏ္ရာေတြနဲ႔ ကုသမႈခံယူေနရင္း စက္တင္ဘာ ၅ ရက္ (နံနက္ ၅ နာရီခြဲ)ခန႔္အခ်ိန္မွာ ေသဆုံးသြားခဲ့တယ္လို႔ ကင္ညာႏိုင္ငံ အေနာက္ပိုင္း အဲလ္ေဒါရက္ၿမိဳ႕ရွိ သူမ ကုသမႈခံယူေနတဲ့ ေဆး႐ုံက ေျပာပါတယ္။

ရဲတပ္ဖြဲ႕ရဲ႕အဆိုအရ ဒစ္ဆြမ္နဒ္မာမာရန္ဂတ္ခ်္အမည္ရွိ သူမရဲ႕ခ်စ္သူ အ မ်ိဳးသားဟာ တနဂၤေႏြေန႔(ဩဂုတ္ ၃၁ ရက္)က သူ႔ရဲ႕ ေနအိမ္မွာ သူမကိုဓာတ္ဆီေလာင္းမီးရႈိ႕ခဲ့တယ္လို႔ ဆိုပါတယ္။ သူမ မီးရႈိ႕ခံရျခင္းကိုလည္း ၎ရဲ႕သမီး ႏွစ္ေယာက္က မ်က္ျမင္ေတြ႕ခဲ့တယ္လို႔ ဆိုပါတယ္။ ဒီအျဖစ္အ ပ်က္ ေၾကာင့္ ခ်က္တာဂိုင္းဟာ မီးေလာင္ဒဏ္ရာ အမ်ားအျပားရခဲ့ၿပီး ေဆး႐ုံတက္ ကုသမႈခံယူခဲ့ရပါတယ္။ ဒါေပမဲ့ ဒဏ္ရာေတြက ျပင္းထန္လြန္းတာေၾကာင့္ စက္တာဘာ ၅ ရက္ေန႔မွာေတာ့ သူမဟာ ေသဆုံးခဲ့ပါတယ္။ သူမရဲ႕ ခ်စ္သူျဖစ္သူကိုေတာ့ တရား႐ုံးက ဘယ္လို စီရင္ခ်က္ခ်မယ္ဆိုတာ မသိရေသးပါဘူး။

၂၀၂၃ ခုႏွစ္ ဇန္နဝါရီလက ထုတ္ျပန္ခဲ့တဲ့ ကင္ညာအမ်ိဳးသားစာရင္း အင္းဗ်ဴ႐ိုရဲ႕ ေနာက္ဆုံးကိန္းဂဏန္းမ်ားအရ အမ်ိဳးသမီး (၃၄)ရာခိုင္ႏႈန္းဟာ အသက္ (၁၅)ႏွစ္ အ႐ြယ္ေလာက္ကစ ကိုယ္ထိလက္ေရာက္ အၾကမ္းဖက္မႈေတြ ႀကဳံေတြ႕ခံေနရေလ့ ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.