လှိုင်းဘွဲ့တွင် အသက်(၁၂)နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ်တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား

 1106

ချယ်ရီ (NP News) - စက်တင်ဘာ ၆

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့တွင် အသက် (၁၂ နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ် တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျသေဆုံးမှု ဖြစ် ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(လှိုင်းဘွဲ)မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ ကလေးငယ်၏ ရုပ်အလောင်းကို ယမန်နေ့ (စက်တင်ဘာလ ၅ ရက်)၊ နေ့လည်ပိုင်း ၂ နာရီ အချိန်ခန့်က လှိုင်းဘွဲ့မြို့၊ (က)ရပ်ကွက်၊ ဘုံလယ်ယာတူးမြောင်းမှ အထက်ပါ ပရဟိတအသင်းက ပြန်လည် သယ်ယူခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

“ဉာဏ်ရည်မမီတဲ့ ပုံစံမျိုး။ စကားလည်း သိပ်မပြောတတ်ဘူးပေါ့။ အရွယ်က ကျောင်းတက်တဲ့အရွယ်ပါ။ အရွယ်ကတော့ ၁၂ နှစ်အရွယ်လောက်တော့ရှိမယ်။ (အလောင်းက) တူးမြောင်းဘေးမှာ လယ်ကွင်းရှိတယ်၊ အဲဒီလယ် ကွင်းကမ်းဘေးမှာ တင်နေတယ်လို့ ပြောတယ်။ ကျွန်တော်တို့သွားတဲ့အချိန်ကတော့ ၂ နာရီလောက်ပေါ့။ နစ်တာက လေးငါးခြောက် နာရီလောက်ရှိမယ်ထင်တယ်”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

သေဆုံးသူ အမျိုးသမီးငယ်၏ မိဘများ ပြောကြားချက်အရ သေဆုံးသူမှာ နံနက်ပိုင်းကပင် ပျောက်နေခြင်းဖြစ်ပြီး အခြားသူများနောက်သို့ လိုက်တတ်သည့် အကျင့်လည်းရှိကြောင်း ၎င်းက ဆိုသည်။

“ဒီလိုမျိုးမိုးတွင်းကာလမှာဆိုတော့ ကလေးတွေကို တစ်ယောက်တည်းတော့ မလွှတ်သင့်ဘူးပေါ့နော်။ ကလေးမိဘတွေအနေနဲ့ ကိုယ့်ကလေးတွေကို သတိထားသင့်တယ်။ သူတို့ဘက်အခြမ်းက တူးမြောင်းတွေက ရေအရမ်းနက်တယ်လေ။ ချောင်းတို့၊ တူးမြောင်းတို့နီးတဲ့အခြမ်းဆိုတော့ သတိထားသင့်တယ်ပေါ့နော်။ ရေကတော့ ပုံမှန်ထက်ပိုပြီး နက်နေတယ်။ ကျွန်တော်တို့ အရပ်ထက်ပိုပြီး ကျော်တယ်” ဟု အထက်ပါတာဝန်ရှိသူက အကြံပြု ပြောသည်။

ထို့နောက် အမျိုးသမီးငယ်၏ရုပ်အလောင်းအား လှိုင်းဘွဲ့ဆေးရုံသို့ ပို့ဆောင်ပြီးနောက် ညနေပိုင်း ၆ နာရီအချိန်ခန့်တွင် လှိုင်းဘွဲ့သုသာန်သို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၂၇ရက်ကလည်း ပဲခူးတိုင်ဒေသကြီး၊ ပြည်မြို့တွင် တောင်ကျရေ ဆင်းသည့်မြောင်းအတွင်းသို့ မျောပါသွားသည့် မောင်ဖြစ်သူအား အစ်မဖြစ်သူက လိုက်လံကယ်ရာမှ မောင်နှမ(၂)ဦးစလုံး ရေနစ်သေဆုံးသွားခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

zawgyi version
လႈိင္းဘြဲ႕တြင္ အသက္(၁၂)ႏွစ္အ႐ြယ္ ဆြံ႕အ၊ ဉာဏ္ရည္မမီေသာ အမ်ိဳးသမီးငယ္တစ္ဦး တူးေျမာင္းအတြင္း ျပဳတ္က် ေသဆုံးမႈ ျဖစ္ပြား
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၆

ကရင္ျပည္နယ္၊ လႈိင္းဘြဲ႕ၿမိဳ႕တြင္ အသက္ (၁၂ ႏွစ္အ႐ြယ္ ဆြံ႕အ၊ ဉာဏ္ရည္မမီေသာ အမ်ိဳးသမီးငယ္ တစ္ဦး တူးေျမာင္းအတြင္း ျပဳတ္က်ေသဆုံးမႈ ျဖစ္ ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(လႈိင္းဘြဲ)မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ ကေလးငယ္၏ ႐ုပ္အေလာင္းကို ယမန္ေန႔ (စက္တင္ဘာလ ၅ ရက္)၊ ေန႔လည္ပိုင္း ၂ နာရီ အခ်ိန္ခန႔္က လႈိင္းဘြဲ႕ၿမိဳ႕၊ (က)ရပ္ကြက္၊ ဘုံလယ္ယာတူးေျမာင္းမွ အထက္ပါ ပရဟိတအသင္းက ျပန္လည္ သယ္ယူခဲ့ရျခင္း ျဖစ္ေၾကာင္း သိရသည္။

“ဉာဏ္ရည္မမီတဲ့ ပုံစံမ်ိဳး။ စကားလည္း သိပ္မေျပာတတ္ဘူးေပါ့။ အ႐ြယ္က ေက်ာင္းတက္တဲ့အ႐ြယ္ပါ။ အ႐ြယ္ကေတာ့ ၁၂ ႏွစ္အ႐ြယ္ေလာက္ေတာ့ရွိမယ္။ (အေလာင္းက) တူးေျမာင္းေဘးမွာ လယ္ကြင္းရွိတယ္၊ အဲဒီလယ္ ကြင္းကမ္းေဘးမွာ တင္ေနတယ္လို႔ ေျပာတယ္။ ကြၽန္ေတာ္တို႔သြားတဲ့အခ်ိန္ကေတာ့ ၂ နာရီေလာက္ေပါ့။ နစ္တာက ေလးငါးေျခာက္ နာရီေလာက္ရွိမယ္ထင္တယ္”ဟု အထက္ပါ တာဝန္ရွိသူက ေျပာသည္။

ေသဆုံးသူ အမ်ိဳးသမီးငယ္၏ မိဘမ်ား ေျပာၾကားခ်က္အရ ေသဆုံးသူမွာ နံနက္ပိုင္းကပင္ ေပ်ာက္ေနျခင္းျဖစ္ၿပီး အျခားသူမ်ားေနာက္သို႔ လိုက္တတ္သည့္ အက်င့္လည္းရွိေၾကာင္း ၎က ဆိုသည္။

“ဒီလိုမ်ိဳးမိုးတြင္းကာလမွာဆိုေတာ့ ကေလးေတြကို တစ္ေယာက္တည္းေတာ့ မလႊတ္သင့္ဘူးေပါ့ေနာ္။ ကေလးမိဘေတြအေနနဲ႔ ကိုယ့္ကေလးေတြကို သတိထားသင့္တယ္။ သူတို႔ဘက္အျခမ္းက တူးေျမာင္းေတြက ေရအရမ္းနက္တယ္ေလ။ ေခ်ာင္းတို႔၊ တူးေျမာင္းတို႔နီးတဲ့အျခမ္းဆိုေတာ့ သတိထားသင့္တယ္ေပါ့ေနာ္။ ေရကေတာ့ ပုံမွန္ထက္ပိုၿပီး နက္ေနတယ္။ ကြၽန္ေတာ္တို႔ အရပ္ထက္ပိုၿပီး ေက်ာ္တယ္” ဟု အထက္ပါတာဝန္ရွိသူက အႀကံျပဳ ေျပာသည္။

ထို႔ေနာက္ အမ်ိဳးသမီးငယ္၏႐ုပ္အေလာင္းအား လႈိင္းဘြဲ႕ေဆး႐ုံသို႔ ပို႔ေဆာင္ၿပီးေနာက္ ညေနပိုင္း ၆ နာရီအခ်ိန္ခန႔္တြင္ လႈိင္းဘြဲ႕သုသာန္သို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္းသိရသည္။

အလားတူ ၿပီးခဲ့သည့္ ဩဂုတ္လ ၂၇ရက္ကလည္း ပဲခူးတိုင္ေဒသႀကီး၊ ျပည္ၿမိဳ႕တြင္ ေတာင္က်ေရ ဆင္းသည့္ေျမာင္းအတြင္းသို႔ ေမ်ာပါသြားသည့္ ေမာင္ျဖစ္သူအား အစ္မျဖစ္သူက လိုက္လံကယ္ရာမွ ေမာင္ႏွမ(၂)ဦးစလုံး ေရနစ္ေသဆုံးသြားခဲ့သည့္ ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့သည္။

Related news

© 2021. All rights reserved.