၂ဝ၂၂- ၂ဝ၂၃ ဘဏ္ဍာရေးနှစ်၏ ဒုတိယ(၆)လတွင် စီးပွားရေးတိုးတက်မှုနှုန်း (ဝ ဒသမ ၃) ရာခိုင်နှုန်းထပ်မံ တိုးတက်ရန် မျှော်မှန်းထား

477

ယွန်း (NP News) - ဒီဇင်ဘာ ၂၁
ယခုဘဏ္ဍာနှစ် (၂ဝ၂၂- ၂ဝ၂၃) ၏ ဒုတိယ (၆)လတွင် စီးပွားရေးတိုးတက်မှုနှုန်းကို (ဝ ဒသမ ၃) ရာခိုင်နှုန်း ထပ်မံတိုးလာရန် မျှော်မှန်းလျက်ရှိကြောင်း သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြီးခဲ့သည့် ဒီဇင်ဘာလ(၂ဝ)ရက်တွင် ကျင်းပခဲ့သော အာဆီယံ+၃ နိုင်ငံများ၏ ဘဏ္ဍာရေးအစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ကာလအလွန် နိုင်ငံ့စီးပွားရေး ပြန်လည်ကောင်းမွန်လာရန် ကြိုးပမ်းလျက်ရှိပြီး ၂ဝ၂၂- ၂ဝ၂၃ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းကို (၃ ဒသမ ၇) ရာခိုင်နှုန်းရရှိရန် မျှော်မှန်းကြောင်း ဒုဝန်ကြီးမှ ဆိုသည်။
ယခု ၂ဝ၂၂ ခုနှစ် ပထမ(၆)လအပြီးတွင် စီးပွားရေးတိုးတက်မှုနှုန်း (၃ ဒသမ ၄)ရာခိုင်နှုန်းရရှိခဲ့ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ဒုဝန်ကြီးမှ အသိပေးပြောဆိုသည်။
ထို့ပြင် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်တွင်း ကုန်ထုတ်မှုလုပ်ငန်းများကို လည်း တိုးတက်လာစေရန် အားပေးမြှင့်တင်သွားမည်ဖြစ် ကြောင်း သိရသည်။
ကိုဗစ်ရောဂါပျံ့နှံ့မှုများ၊ စွမ်းအင်ဆိုင်ရာ ရေနံနှင့်လောင်စာဆီ အခက်အခဲများအပြင် မြင့်တက်လာသော ကုန်စည်ဈေးနှုန်းများနှင့် ငွေကြေးဖောင်းပွမှုများကြောင့် မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံး၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများတွင် စိန်ခေါ်မှုများ ရင်ဆိုင်ခဲ့ရကြောင်း ဒုဝန်ကြီးမှ အစည်း အဝေးတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံသည် လက်ရှိတွင် ခိုင်မာအားကောင်းသော စီးပွားရေးတိုးတက်မှုတွင် အားလုံး ပါဝင်လာနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး နိုင်ငံတကာတွင်လည်း အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ တာဝန် ကျေသောနိုင်ငံအဖြစ် ရပ်တည်သွားမည် ဖြစ်ကြောင်း ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက အသိအမှတ်ပြုပြောဆိုခဲ့သည်။

zawgyi version
၂ဝ၂၂- ၂ဝ၂၃ ဘ႑ာေရးႏွစ္၏ ဒုတိယ(၆)လတြင္ စီးပြားေရးတိုးတက္မႈႏႈန္း (ဝ ဒသမ ၃) ရာခိုင္ႏႈန္းထပ္မံ တိုးတက္ရန္ ေမွ်ာ္မွန္းထား
ယြန္း (NP News) - ဒီဇင္ဘာ ၂၁
ယခုဘ႑ာႏွစ္ (၂ဝ၂၂- ၂ဝ၂၃) ၏ ဒုတိယ (၆)လတြင္ စီးပြားေရးတိုးတက္မႈႏႈန္းကို (ဝ ဒသမ ၃) ရာခိုင္ႏႈန္း ထပ္မံတိုးလာရန္ ေမွ်ာ္မွန္းလ်က္ရွိေၾကာင္း သိရသည္။
စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၂ဝ)ရက္တြင္ က်င္းပခဲ့ေသာ အာဆီယံ+၃ ႏိုင္ငံမ်ား၏ ဘ႑ာေရးအစည္းအေဝး၌ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံအေနျဖင့္ ကိုဗစ္ကာလအလြန္ ႏိုင္ငံ့စီးပြားေရး ျပန္လည္ေကာင္းမြန္လာရန္ ႀကိဳးပမ္းလ်က္ရွိၿပီး ၂ဝ၂၂- ၂ဝ၂၃ ဘ႑ာေရးႏွစ္အတြက္ စီးပြားေရးတိုးတက္မႈႏႈန္းကို (၃ ဒသမ ၇) ရာခိုင္ႏႈန္းရရွိရန္ ေမွ်ာ္မွန္းေၾကာင္း ဒုဝန္ႀကီးမွ ဆိုသည္။
ယခု ၂ဝ၂၂ ခုႏွစ္ ပထမ(၆)လအၿပီးတြင္ စီးပြားေရးတိုးတက္မႈႏႈန္း (၃ ဒသမ ၄)ရာခိုင္ႏႈန္းရရွိခဲ့ၿပီး စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ဦးစားေပးေဆာင္႐ြက္လ်က္ရွိေၾကာင္း ဒုဝန္ႀကီးမွ အသိေပးေျပာဆိုသည္။
ထို႔ျပင္ အေသးစား၊ အငယ္စား ႏွင့္ အလတ္စား စီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္လာေစရန္ႏွင့္ ျပည္တြင္း ကုန္ထုတ္မႈလုပ္ငန္းမ်ားကို လည္း တိုးတက္လာေစရန္ အားေပးျမႇင့္တင္သြားမည္ျဖစ္ ေၾကာင္း သိရသည္။
ကိုဗစ္ေရာဂါပ်ံ႕ႏွံ႔မႈမ်ား၊ စြမ္းအင္ဆိုင္ရာ ေရနံႏွင့္ေလာင္စာဆီ အခက္အခဲမ်ားအျပင္ ျမင့္တက္လာေသာ ကုန္စည္ေဈးႏႈန္းမ်ားႏွင့္ ေငြေၾကးေဖာင္းပြမႈမ်ားေၾကာင့္ ျမန္မာႏိုင္ငံ အပါအဝင္ တစ္ကမာၻလုံး၌ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈမ်ားတြင္ စိန္ေခၚမႈမ်ား ရင္ဆိုင္ခဲ့ရေၾကာင္း ဒုဝန္ႀကီးမွ အစည္း အေဝးတြင္ ထည့္သြင္းေျပာဆိုခဲ့သည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံသည္ လက္ရွိတြင္ ခိုင္မာအားေကာင္းေသာ စီးပြားေရးတိုးတက္မႈတြင္ အားလုံး ပါဝင္လာႏိုင္ရန္ ႀကိဳးပမ္းလ်က္ရွိၿပီး ႏိုင္ငံတကာတြင္လည္း အျခားအဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္အတူ တာဝန္ ေက်ေသာႏိုင္ငံအျဖစ္ ရပ္တည္သြားမည္ ျဖစ္ေၾကာင္း ဒုဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက အသိအမွတ္ျပဳေျပာဆိုခဲ့သည္။