ရန်ကုန်တိုင်းအတွင်း တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်းကောက်ယူခြင်းကို ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အတွင်း အပြီးဆောင်ရွက်မည်

830

မျိုးကြီး (NP News) - ဒီဇင်ဘာ ၂၃
ရန်ကုန်တိုင်းအတွင်း တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်းကောက်ယူခြင်းကို လာမည့် ၂ဝ၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက် မှ ၃၁ ရက်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက တာဝန်ယူထားကြောင်း သိရသည်။
လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူခြင်းဖြစ်ပြီး နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်းစဉ်ဖြစ်သည့်အတွက် ပံ့ပိုးကူညီဆောင်ရွက်ကြရန်လည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ တိုက်တွန်းထားသည်။
မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်၊ လဝကနှင့် စေတနာဝန်ထမ်း၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ လူဦရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းကို တစ်အိမ်တက်ဆင်း စာရင်းကောက်ယူသွားမည်ဖြစ်ကာ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့က ဆို ထားသည်။
ထို့ပြင် အဆိုပါလူဦးရေစာရင်းအား e-ID Software ၌ ထည့်သွင်းခြင်းကိုလည်း ဇန်နဝါရီ ၉ ရက်မှ ဖေဖော်ဝါရီ ၁ဝ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြောဆိုထားသည်။
၂ဝ၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ မဲစာရင်းများပြည့်စုံမှန်ကန်ရေးအတွက်လည်း မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။
လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းအပြင် PR စနစ် ဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်လည်း ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္တိုင္းအတြင္း တစ္အိမ္တက္ဆင္း ေျမျပင္လူဦးေရစာရင္းေကာက္ယူျခင္းကို ဇန္နဝါရီ ၉ ရက္မွ ၃၁ ရက္ အတြင္း အၿပီးေဆာင္႐ြက္မည္
မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၂၃
ရန္ကုန္တိုင္းအတြင္း တစ္အိမ္တက္ဆင္း ေျမျပင္လူဦးေရစာရင္းေကာက္ယူျခင္းကို လာမည့္ ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီ ၉ ရက္ မွ ၃၁ ရက္အတြင္း အၿပီးေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းအစိုးရအဖြဲ႕ထံမွ သိရသည္။
လက္ရွိတြင္ ရန္ကုန္တိုင္း ေျမျပင္ကြင္းဆင္း စာရင္းေကာက္ယူေရးႀကီးၾကပ္မႈေကာ္မတီဥကၠ႒အျဖစ္ ရန္ကုန္တိုင္း အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ဦးစိုးသိန္းက တာဝန္ယူထားေၾကာင္း သိရသည္။
လူပုဂၢိဳလ္တစ္ဦးခ်င္းစီ၏ ကိုယ္ေရးအခ်က္အလက္မ်ား မွန္ကန္ေစေရးအတြက္ ေျမျပင္ကြင္းဆင္း စာရင္း ေကာက္ယူျခင္းျဖစ္ၿပီး ႏိုင္ငံေတာ္အတြက္ အေရးႀကီးသည့္လုပ္ငန္းစဥ္ျဖစ္သည့္အတြက္ ပံ့ပိုးကူညီေဆာင္႐ြက္ၾကရန္လည္း ရန္ကုန္တိုင္းအစိုးရအဖြဲ႕ တိုက္တြန္းထားသည္။
ေျမျပင္လူဦးေရစာရင္း ကြင္းဆင္းေကာက္ယူျခင္းလုပ္ငန္းကို အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ေ႐ြးေကာက္ပြဲေကာ္မရွင္၊ လဝကႏွင့္ ေစတနာဝန္ထမ္း၊ လူမႈေရးအသင္းအဖြဲ႕မ်ား ပူးေပါင္းကာ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္တိုင္းအတြင္းရွိ လူဦေရစာရင္း ေျမျပင္ကြင္းဆင္းစာရင္းေကာက္ယူျခင္းကို တစ္အိမ္တက္ဆင္း စာရင္းေကာက္ယူသြားမည္ျဖစ္ကာ ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီ ၉ ရက္တြင္ စတင္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း အစိုးရအဖြဲ႕က ဆို ထားသည္။
ထို႔ျပင္ အဆိုပါလူဦးေရစာရင္းအား e-ID Software ၌ ထည့္သြင္းျခင္းကိုလည္း ဇန္နဝါရီ ၉ ရက္မွ ေဖေဖာ္ဝါရီ ၁ဝ ရက္အထိ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ရန္ကုန္တိုင္းအစိုးရအဖြဲ႕က ေျပာဆိုထားသည္။
၂ဝ၂၃ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲ၌ မဲစာရင္းမ်ားျပည့္စုံမွန္ကန္ေရးအတြက္လည္း ေျမျပင္လူဦးေရစာရင္း ကြင္းဆင္းေကာက္ယူခဲ့ေၾကာင္း သိရသည္။
လက္ရွိ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ေ႐ြးေကာက္ပြဲအတြက္ မဲစာရင္းျပဳစုျခင္းအျပင္ PR စနစ္ ျဖင့္ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရးအတြက္လည္း ဥပေဒ၊ နည္းဥပေဒမ်ားကို ျပင္ဆင္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။