ဥဇဘက်ကစ္စတန်မှာ အိန္ဒိယလုပ် ကလေးအဖျားပျောက်ဆေးရည်ကို သောက်သုံးပြီးနောက် ကလေးငယ် ၁၈ ဦး သေဆုံး

 520

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၉

ဥဇဘက်ကစ္စတန်နိုင်ငံမှာ အိန္ဒိယဆေးဝါးထုတ်လုပ်ရေး Marion Biotech Pvt Ltd မှ ထုတ်လုပ်တဲ့ ကလေးအဖျား ပျောက်ဆေးရည်ကို သောက်သုံးပြီးနောက် အနည်းဆုံးကလေးငယ် ၁၈ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနက ပြောကြားခဲ့ပါတယ်။

ပြင်းထန အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါခံစားနေရစဉ် Marion Biotech Pvt Ltd မှ ထုတ်လုပ်တဲ့ Doc-1 Max ဆေးရည်ကိုသောက်ခဲ့တဲ့ ကလေး ၂၁ ဦးအနက် ၁၈ ဦးဟာ ၎င်းကိုသောက်သုံးပြီးနောက် မကြာခင်မှာပဲ သေဆုံးသွားခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားပါတယ်။

ယင်းဆေးဝါးကို ကုမ္ပဏီဝက်ဘ်ဆိုဒ်မှာ အအေးမိခြင်းနဲ့ တုပ်ကွေးရောဂါလက္ခဏာများအတွက် ကုသမှုအဖြစ် စျေးကွက်တင် ရောင်းချထားတာဖြစ်ပါတယ်။ ဆေးရည်မှာ ethylene glycol ပါဝင်ပြီး ၄င်းဟာ အဆိပ်ဖြစ်စေ ကြောင်း၊ အဆိုပါဆေးရည်ကို Quramax Medical LLC ကုမ္ပဏီမှ ဥဇဘက်ကစ္စတန်နိုင်ငံတွင်းသို့ တင်သွင်းခဲ့တာ ဖြစ်ကြောင်း ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၇ ရက်၊ အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကလေးများအတွက် ဘေးအန္တရာယ်ဖြစ်စေတဲ့ စံချိန်၊ စံနှုန်းထက် ကျော်လွန်တဲ့ဆေးများကို ၎င်းတို့မိဘများ (သို့မဟုတ်) ဆေးဝါးပညာရှင်များရဲ့အကြံဉာဏ်နဲ့ ဆရာဝန်ရဲ့ ဆေးစာမပါဘဲ ကလေးတွေကို တိုက်ကျွေးပေးခဲ့တာ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။ ကလေးများအားလုံး (သို့မဟုတ်) သေဆုံးခဲ့တဲ့ကလေးတွေဟာ ဆေးရည်ကို စံနှုန်း ထက် ပိုသောက်မိခြင်း ရှိ/မရှိ သေချာမသိရသေးဘူးလို့ ဆိုပါတယ်။

အိန္ဒိယအစိုးရ သတင်းရင်းမြစ်တစ်ခုအရ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ဒီကိစ္စကို စုံစမ်းနေကာ အရည်အသွေး မြင့် စံချိန်စံညွှန်းများ သေချာစေဖို့အတွက် နိုင်ငံတစ်ဝှမ်းရှိ ဆေးဝါးစက်ရုံအချို့ကို ဒီဇင်ဘာလ ၂၇ ရက်၊ အင်္ဂါနေ့က စတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဂမ်ဘီယာမှာလည်း နယူးဒေလီအခြေစိုက် Maiden Pharmaceuticals Ltd မှ ပြုလုပ်တဲ့ ကလေးအဖျားပျောက် ဆေးရည်ကြောင့် ကလေးငယ် ၇ဝ ထက်မနည်း သေဆုံးခဲ့ရဖူးပါတယ်။ ယင်းဖြစ်ရပ်တုန်းက အိန္ဒိယအစိုးရနဲ့ ကုမ္ပဏီနှစ်ခုလုံးဟာ ဆေးဝါးများမှာ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။ အိန္ဒိယကို "ကမ္ဘာ့ဆေးဆိုင်" အဖြစ် လူသိ များပြီး ၎င်းရဲ့ဆေးဝါးများ တင်ပို့မှုဟာ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၄.၅ ဘီလျံ (ရင်းဂစ် ၁ဝ၈.၅ ဘီလျံခန့်) အထိ နှစ်ဆကျော် မြင့်တက်လာခဲ့ပါတယ်။

Zawgyi Version;
ဥဇဘက္ကစၥတန္မွာ အိႏၵိယလုပ္ ကေလးအဖ်ားေပ်ာက္ေဆးရည္ကို ေသာက္သုံးၿပီးေနာက္ ကေလးငယ္ ၁၈ ဦး ေသဆုံး
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၉

ဥဇဘက္ကစၥတန္ႏိုင္ငံမွာ အိႏၵိယေဆးဝါးထုတ္လုပ္ေရး Marion Biotech Pvt Ltd မွ ထုတ္လုပ္တဲ့ ကေလးအဖ်ား ေပ်ာက္ေဆးရည္ကို ေသာက္သုံးၿပီးေနာက္ အနည္းဆုံးကေလးငယ္ ၁၈ ဦး ေသဆုံးခဲ့ေၾကာင္း က်န္းမာေရး ဝန္ႀကီး ဌာနက ေျပာၾကားခဲ့ပါတယ္။

ျပင္းထန အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါခံစားေနရစဥ္ Marion Biotech Pvt Ltd မွ ထုတ္လုပ္တဲ့ Doc-1 Max ေဆးရည္ကိုေသာက္ခဲ့တဲ့ ကေလး ၂၁ ဦးအနက္ ၁၈ ဦးဟာ ၎ကိုေသာက္သုံးၿပီးေနာက္ မၾကာခင္မွာပဲ ေသဆုံးသြားခဲ့ေၾကာင္း ဝန္ႀကီးဌာနက ေျပာၾကားပါတယ္။

ယင္းေဆးဝါးကို ကုမၸဏီဝက္ဘ္ဆိုဒ္မွာ အေအးမိျခင္းနဲ႔ တုပ္ေကြးေရာဂါလကၡဏာမ်ားအတြက္ ကုသမႈအျဖစ္ ေစ်းကြက္တင္ ေရာင္းခ်ထားတာျဖစ္ပါတယ္။ ေဆးရည္မွာ ethylene glycol ပါဝင္ၿပီး ၄င္းဟာ အဆိပ္ျဖစ္ေစ ေၾကာင္း၊ အဆိုပါေဆးရည္ကို Quramax Medical LLC ကုမၸဏီမွ ဥဇဘက္ကစၥတန္ႏိုင္ငံတြင္းသို႔ တင္သြင္းခဲ့တာ ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဒီဇင္ဘာလ ၂၇ ရက္၊ အဂၤါေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။

ကေလးမ်ားအတြက္ ေဘးအႏၲရာယ္ျဖစ္ေစတဲ့ စံခ်ိန္၊ စံႏႈန္းထက္ ေက်ာ္လြန္တဲ့ေဆးမ်ားကို ၎တို႔မိဘမ်ား (သို႔မဟုတ္) ေဆးဝါးပညာရွင္မ်ားရဲ႕အႀကံဉာဏ္နဲ႔ ဆရာဝန္ရဲ႕ ေဆးစာမပါဘဲ ကေလးေတြကို တိုက္ေကြၽးေပးခဲ့တာ ျဖစ္တယ္လို႔ ၎က ဆိုပါတယ္။ ကေလးမ်ားအားလုံး (သို႔မဟုတ္) ေသဆုံးခဲ့တဲ့ကေလးေတြဟာ ေဆးရည္ကို စံႏႈန္း ထက္ ပိုေသာက္မိျခင္း ရွိ/မရွိ ေသခ်ာမသိရေသးဘူးလို႔ ဆိုပါတယ္။

အိႏၵိယအစိုးရ သတင္းရင္းျမစ္တစ္ခုအရ အိႏၵိယက်န္းမာေရးဝန္ႀကီးဌာနက ဒီကိစၥကို စုံစမ္းေနကာ အရည္အေသြး ျမင့္ စံခ်ိန္စံၫႊန္းမ်ား ေသခ်ာေစဖို႔အတြက္ ႏိုင္ငံတစ္ဝွမ္းရွိ ေဆးဝါးစက္႐ုံအခ်ိဳ႕ကို ဒီဇင္ဘာလ ၂၇ ရက္၊ အဂၤါေန႔က စတင္စစ္ေဆးခဲ့တယ္လို႔ သိရပါတယ္။

ဂမ္ဘီယာမွာလည္း နယူးေဒလီအေျခစိုက္ Maiden Pharmaceuticals Ltd မွ ျပဳလုပ္တဲ့ ကေလးအဖ်ားေပ်ာက္ ေဆးရည္ေၾကာင့္ ကေလးငယ္ ၇ဝ ထက္မနည္း ေသဆုံးခဲ့ရဖူးပါတယ္။ ယင္းျဖစ္ရပ္တုန္းက အိႏၵိယအစိုးရနဲ႔ ကုမၸဏီႏွစ္ခုလုံးဟာ ေဆးဝါးမ်ားမွာ အျပစ္မရွိေၾကာင္း ျငင္းဆိုခဲ့ပါတယ္။ အိႏၵိယကို "ကမာၻ႔ေဆးဆိုင္" အျဖစ္ လူသိ မ်ားၿပီး ၎ရဲ႕ေဆးဝါးမ်ား တင္ပို႔မႈဟာ ၿပီးခဲ့တဲ့ ဆယ္ႏွစ္အတြင္း အေမရိကန္ေဒၚလာ ၂၄.၅ ဘီလ်ံ (ရင္းဂစ္ ၁ဝ၈.၅ ဘီလ်ံခန႔္) အထိ ႏွစ္ဆေက်ာ္ ျမင့္တက္လာခဲ့ပါတယ္။

Related news

© 2021. All rights reserved.