အမေရိကန်ဦးဆောင်သောနေတိုးမဟာမိတ်အဖွဲ့ကို ယုံကြည်မှုမရှိကြောင်း ရုရှားအစိုးရပြော

 740

ဂျန်ဇက် (NP News) - ဇူလိုင် ၂၆

ရုရှားနိုင်ငံအနေဖြင့် အမေရိကန်ဦးဆောင်သော နေတိုးမဟာမိတ်အဖွဲ့ကို မယုံကြည်ကြောင်း၊ နေတိုးအုပ်စုက မုသားစကားပြောဆိုကျူးလွန်နေကြောင်း ရုရှားသမ္မတပူတင်၏ အကြံပေးတစ်ဦးဖြစ်သူ နီကိုလေး ပက်ရူရှက်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ယူကရိန်းစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှားနိုင်ငံနှင့် နေတိုးမဟာမိတ်အဖွဲ့ကြား တင်းမာမှုများ ပိုမိုဖြစ်လာခဲ့ပြီး ပြီးခဲ့သောရက်ပိုင်းတွင် နေတိုးအဖွဲ့၏ ထုတ်ပြန်ချက်အသစ်နှင့်ပတ်သက်ကာ ရုရှားသမ္မတ၏ အကြံပေးက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ နေတိုးအဖွဲ့သည် ဥရောပတိုက်တွင် အခြေစိုက်သော နေတိုးစစ်ရေးမဟာမိတ် အဖွဲ့ကို ဖွဲ့စည်းထားသလို ၎င်းတို့အကျိုးစီးပွားအတွက် အာရှ-ပစိဖိတ်ဒေသတွင်လည်း နေတိုးစစ်ရေး မဟာမိတ် အဖွဲ့လိုမျိုး အဖွဲ့အစည်းတည်ထောင်ရန် စီစဉ်နေကြောင်း ၎င်းကပြောသည်။
၎င်းက "နေတိုးမဟာမိတ်အဖွဲ့ရဲ့အခြေခံစည်းမျဉ်းတွေနဲ့ပတ်သက်ပြီး လိမ်လည်နေတယ်။ နေတိုးအဖွဲ့ရဲ့ ထိပ်သီး ခေါင်းဆောင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန် နဲ့ ဗြိတိန်နိုင်ငံတို့အပေါ် ယုံကြည်မှုအပြည့်အဝ မရှိဘူး" ဟု ပြောသည်။

နေတိုးအဖွဲ့တွင် ပါဝင်နေသည့် နိုင်ငံအချို့သည် ရုရှားနိုင်ငံ၏ မိတ်ဖက်နိုင်ငံများဖြစ်နေကြောင်း၊ နေတိုးအဖွဲ့အနေ ဖြင့် ဥရောပအရှေ့ဘက်ပိုင်းကို ထပ်မံတိုးချဲ့ခြင်းမျိုး မလုပ်ဆောင်ဘူးဆိုသော ကတိစကားများကို တန်ဖိုး လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ နေတိုးအဖွဲ့က ဥရောပတိုက်အရှေ့ဘက်ပိုင်းကို တိုးချဲ့ရန် လုပ်ဆောင်နေခြင်းသည် ရုရှားနိုင်ငံကိုအဓိက ခြိမ်းခြောက်နေခြင်းဟု ရှုမြင်ကြောင်း ရုရှားသမ္မတ၏ အကြံပေးက ထပ်မံပြောခဲ့သည်။

နေတိုးအဖွဲ့သည် ရုရှားနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော နေတိုးအဖွဲ့ဝင်နိုင်ငံများတွင် စစ်လက်နက်ပစ္စည်းများ ဖြန့်ကြတ်ချထားရန် အစီအစဉ်များရှိနေရာ အဆိုပါအစီအစဉ်များနှင့်ပတ်သက်ပြီး ရုရှားနှင့် နေတိုးအုပ်စုကြား တင်းမာမှုများဖြစ်ပွားနေကြောင်း သိရသည်။

Zawgyi Version;
အေမရိကန္ဦးေဆာင္ေသာေနတိုးမဟာမိတ္အဖြဲ႕ကို ယုံၾကည္မႈမရွိေၾကာင္း ႐ုရွားအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၆

႐ုရွားႏိုင္ငံအေနျဖင့္ အေမရိကန္ဦးေဆာင္ေသာ ေနတိုးမဟာမိတ္အဖြဲ႕ကို မယုံၾကည္ေၾကာင္း၊ ေနတိုးအုပ္စုက မုသားစကားေျပာဆိုက်ဴးလြန္ေနေၾကာင္း ႐ုရွားသမၼတပူတင္၏ အႀကံေပးတစ္ဦးျဖစ္သူ နီကိုေလး ပက္႐ူရွက္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

ယူကရိန္းစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ႐ုရွားႏိုင္ငံႏွင့္ ေနတိုးမဟာမိတ္အဖြဲ႕ၾကား တင္းမာမႈမ်ား ပိုမိုျဖစ္လာခဲ့ၿပီး ၿပီးခဲ့ေသာရက္ပိုင္းတြင္ ေနတိုးအဖြဲ႕၏ ထုတ္ျပန္ခ်က္အသစ္ႏွင့္ပတ္သက္ကာ ႐ုရွားသမၼတ၏ အႀကံေပးက ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ေနတိုးအဖြဲ႕သည္ ဥေရာပတိုက္တြင္ အေျခစိုက္ေသာ ေနတိုးစစ္ေရးမဟာမိတ္ အဖြဲ႕ကို ဖြဲ႕စည္းထားသလို ၎တို႔အက်ိဳးစီးပြားအတြက္ အာရွ-ပစိဖိတ္ေဒသတြင္လည္း ေနတိုးစစ္ေရး မဟာမိတ္ အဖြဲ႕လိုမ်ိဳး အဖြဲ႕အစည္းတည္ေထာင္ရန္ စီစဥ္ေနေၾကာင္း ၎ကေျပာသည္။
၎က "ေနတိုးမဟာမိတ္အဖြဲ႕ရဲ႕အေျခခံစည္းမ်ဥ္းေတြနဲ႔ပတ္သက္ၿပီး လိမ္လည္ေနတယ္။ ေနတိုးအဖြဲ႕ရဲ႕ ထိပ္သီး ေခါင္းေဆာင္ႏိုင္ငံေတြျဖစ္တဲ့ အေမရိကန္ နဲ႔ ၿဗိတိန္ႏိုင္ငံတို႔အေပၚ ယုံၾကည္မႈအျပည့္အဝ မရွိဘူး" ဟု ေျပာသည္။

ေနတိုးအဖြဲ႕တြင္ ပါဝင္ေနသည့္ ႏိုင္ငံအခ်ိဳ႕သည္ ႐ုရွားႏိုင္ငံ၏ မိတ္ဖက္ႏိုင္ငံမ်ားျဖစ္ေနေၾကာင္း၊ ေနတိုးအဖြဲ႕အေန ျဖင့္ ဥေရာပအေရွ႕ဘက္ပိုင္းကို ထပ္မံတိုးခ်ဲ႕ျခင္းမ်ိဳး မလုပ္ေဆာင္ဘူးဆိုေသာ ကတိစကားမ်ားကို တန္ဖိုး လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း ၎က ေျပာသည္။ ေနတိုးအဖြဲ႕က ဥေရာပတိုက္အေရွ႕ဘက္ပိုင္းကို တိုးခ်ဲ႕ရန္ လုပ္ေဆာင္ေနျခင္းသည္ ႐ုရွားႏိုင္ငံကိုအဓိက ၿခိမ္းေျခာက္ေနျခင္းဟု ရႈျမင္ေၾကာင္း ႐ုရွားသမၼတ၏ အႀကံေပးက ထပ္မံေျပာခဲ့သည္။

ေနတိုးအဖြဲ႕သည္ ႐ုရွားႏိုင္ငံႏွင့္နယ္စပ္ခ်င္းထိစပ္ေနေသာ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားတြင္ စစ္လက္နက္ပစၥည္းမ်ား ျဖန႔္ၾကတ္ခ်ထားရန္ အစီအစဥ္မ်ားရွိေနရာ အဆိုပါအစီအစဥ္မ်ားႏွင့္ပတ္သက္ၿပီး ႐ုရွားႏွင့္ ေနတိုးအုပ္စုၾကား တင္းမာမႈမ်ားျဖစ္ပြားေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.