ဖိလစ်ပိုင်ပင်လယ်အော်တွင် လောင်စာဆီများ ကီလိုမီတာများစွာ ယိုဖိတ်နေမှုကို တားဆီးနိုင်ရန် ဖိလစ်ပိုင်အစိုးရ ကြိုးပမ်းနေ

 422

Pika (NP News) - ဇူလိုင် ၂၆

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကမ်းလွန်တွင် စက်သုံးလောင်စာဆီလီတာ(၁ ဒသမ ၄) သန်း သယ်ဆောင်လာသော ရေနံတင်သင်္ဘောတိမ်းမှောက်နစ်မြုပ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့သည် လောင်စာဆီယိုဖိတ်မှုများကို တားဆီးရန်အတွက် oil dispersant ဓါတုပစ္စည်းများ နှင့် ရေပေါ်အတားအဆီးများ ဖြန့်ကျက်ချထားရန် စီစဉ်နေကြောင်း သိရသည်။

MT Terra Nova ရေနံတင်သင်္ဘောသည် Iloilo မြို့သို့ ဦးတည်သွားနေခြင်းဖြစ်ပြီး Bataan ပြည်နယ် Limay မြူနီစီပယ်မှ (၇)ကီလိုမီတာနီးပါးအကွာတွင်ရှိသည့် မနီလာပင်လယ်အော်တွင် ဇူလိုင်လ(၂၅)ရက် အစောပိုင်းက နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် MT Terra Nova ရေနံတင်သင်္ဘော၏ လောင်စာဆီများသည် ကီလိုမီတာပေါင်းများစွာအထိ ယိုဖိတ်နေ သည်ကို တွေ့ရှိခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ သို့သော်လည်း သင်္ဘောကို စွမ်းအင်ပေးရန် အတွက် အသုံးပြုနေသည့် ဒီဇယ်လောင်စာဆီများ ယိုဖိတ်ခဲ့ပုံပေါ်ကြောင်းနှင့် သယ်ဆောင်လာသည့် စက်သုံး လောင်စာဆီများ ယိုဖိတ်နေခြင်းမဟုတ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး Armando Balilo က ဇူလိုင်လ(၂၅)ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့သည် အဆိုပါရေနံတင်သင်္ဘောပေါ်တွင် သယ်ဆောင်လာသော လောင်စာဆီများကို အချိန်(၇)ရက်အတွင်း ပြန်လည်ဆယ်ယူရန်အတွက် စီစဉ်ထားကြောင်းလည်း သိရသည်။ ရေနံတင်သင်္ဘောပေါ် တွင် သယ်ဆောင်လာသော လောင်စာဆီများကို မဆယ်ယူနိုင်ခဲ့ပဲ ယိုဖိတ်ခြင်းများရှိလာပါက ဖိလစ်ပိုင်နိုင်ငံ သမိုင်းတွင် အဆိုးရွားဆုံးလောင်စာဆီယိုဖိတ်မှုဖြစ်ပွားလာနိုင်ကြောင်း Armando Balilo က သတိပေးခဲ့သည်။ ရေနံတင်သင်္ဘောတိမ်းမှောက်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း Armando Balilo က ဇူလိုင်လ(၂၅)ရက်တွင် ပြောခဲ့သည်။

Zawgyi Version;
ဖိလစ္ပိုင္ပင္လယ္ေအာ္တြင္ ေလာင္စာဆီမ်ား ကီလိုမီတာမ်ားစြာ ယိုဖိတ္ေနမႈကို တားဆီးႏိုင္ရန္ ဖိလစ္ပိုင္အစိုးရ ႀကိဳးပမ္းေန
Pika (NP News) - ဇူလိုင္ ၂၆

ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕ကမ္းလြန္တြင္ စက္သုံးေလာင္စာဆီလီတာ(၁ ဒသမ ၄) သန္း သယ္ေဆာင္လာေသာ ေရနံတင္သေဘၤာတိမ္းေမွာက္နစ္ျမဳပ္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာတြင္ ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕သည္ ေလာင္စာဆီယိုဖိတ္မႈမ်ားကို တားဆီးရန္အတြက္ oil dispersant ဓါတုပစၥည္းမ်ား ႏွင့္ ေရေပၚအတားအဆီးမ်ား ျဖန႔္က်က္ခ်ထားရန္ စီစဥ္ေနေၾကာင္း သိရသည္။

MT Terra Nova ေရနံတင္သေဘၤာသည္ Iloilo ၿမိဳ႕သို႔ ဦးတည္သြားေနျခင္းျဖစ္ၿပီး Bataan ျပည္နယ္ Limay ျမဴနီစီပယ္မွ (၇)ကီလိုမီတာနီးပါးအကြာတြင္ရွိသည့္ မနီလာပင္လယ္ေအာ္တြင္ ဇူလိုင္လ(၂၅)ရက္ အေစာပိုင္းက နစ္ျမဳပ္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ MT Terra Nova ေရနံတင္သေဘၤာ၏ ေလာင္စာဆီမ်ားသည္ ကီလိုမီတာေပါင္းမ်ားစြာအထိ ယိုဖိတ္ေန သည္ကို ေတြ႕ရွိခဲ့ရေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း သေဘၤာကို စြမ္းအင္ေပးရန္ အတြက္ အသုံးျပဳေနသည့္ ဒီဇယ္ေလာင္စာဆီမ်ား ယိုဖိတ္ခဲ့ပုံေပၚေၾကာင္းႏွင့္ သယ္ေဆာင္လာသည့္ စက္သုံး ေလာင္စာဆီမ်ား ယိုဖိတ္ေနျခင္းမဟုတ္ေၾကာင္း ကမ္းေျခေစာင့္တပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး Armando Balilo က ဇူလိုင္လ(၂၅)ရက္ အေစာပိုင္းတြင္ ေျပာၾကားခဲ့သည္။

ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕သည္ အဆိုပါေရနံတင္သေဘၤာေပၚတြင္ သယ္ေဆာင္လာေသာ ေလာင္စာဆီမ်ားကို အခ်ိန္(၇)ရက္အတြင္း ျပန္လည္ဆယ္ယူရန္အတြက္ စီစဥ္ထားေၾကာင္းလည္း သိရသည္။ ေရနံတင္သေဘၤာေပၚ တြင္ သယ္ေဆာင္လာေသာ ေလာင္စာဆီမ်ားကို မဆယ္ယူႏိုင္ခဲ့ပဲ ယိုဖိတ္ျခင္းမ်ားရွိလာပါက ဖိလစ္ပိုင္ႏိုင္ငံ သမိုင္းတြင္ အဆိုး႐ြားဆုံးေလာင္စာဆီယိုဖိတ္မႈျဖစ္ပြားလာႏိုင္ေၾကာင္း Armando Balilo က သတိေပးခဲ့သည္။ ေရနံတင္သေဘၤာတိမ္းေမွာက္မႈႏွင့္ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္း Armando Balilo က ဇူလိုင္လ(၂၅)ရက္တြင္ ေျပာခဲ့သည္။

Related news

© 2021. All rights reserved.