ပြည်သူများ၏လိုအပ်ချက်ပေါ်မူတည်၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချသည့် ဆေးအရောင်းပြခန်းများ ထပ်မံဖွင့်လှစ်မည်

 4553

ယွန်း (NP News) - ဇူလိုင် ၂၆

ပြည်သူများ၏ လိုအပ်ချက်ပေါ်မူတည်၍ နေပြည်တော်နှင့် မန္တလေးမြို့တို့၌ သက်သာသောဈေးနှုန်းများဖြင့်ရောင်းချသည့် ဆေးအရောင်းပြခန်းများ ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ပြည်သူများ သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ဆေးဝါးများသုံးစွဲနိုင်‌ရေးအတွက် ပြီးခဲ့သည့် ဇူလိုင်လ(၁၇)ရက်မှစ၍ ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း(၃၀) ထောင့်ရှိ “မြန်မာကုန်သွယ်မှုမြှင့်တင်ရေးဌာန အဆောက်အဦး”တွင် အရောင်းပြခန်းဖွင့်လှစ်ကာ ဆေးဝါးများရောင်းချပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အရောင်းပြခန်းများကို ထပ်မံတိုးချဲ့သွားမည်ဖြစ်ပြီး ပဲခူးမြို့ရှိ သီရိဥဿဈေးကြီး အပေါ်ထပ်၊ ပဲခူးတိုင်းဒေသကြီး ထုတ်ကုန်များ အ‌ရောင်းစင်တာ နှင့် ရန်ကုန်မြို့တွင် အရောင်းပြခန်း(၂)အဖြစ် ကမ္ဘာအေးဘုရားလမ်း၊ နဝဒေးရုပ်ရှင်ရုံအတွင်းရှိ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန အဆောက်အအုံတွင် ယခင်ရောင်းချပေးနေသည့် အစီအစဉ်အတိုင်း ရောင်းချပေးသွားမည်ဖြစ်သည်။

“အရောင်းပြခန်း(၁)မှာ ဈေးသက်သက်သာသာနဲ့ရတော့ ပြည်သူတွေဝယ်ကြတယ်။ ကျေနပ်ကြတယ်။ အဆင်ပြေကြတယ်။ အခက်အခဲက တစ်နေရာထဲရှိတဲ့အခါကြတော့ လာဝယ်တဲ့သူတွေက လှည်းကူးတို့၊ တညင်တို့ အဝေးကြီးကနေလာကြတာ။ လာရတာလည်းအခက်အခဲရှိမှာဆိုးလို့ အဆင်ပြေတဲ့နေရာတွေမှာ ထပ်ဖွင့်တာပါ။ အရောင်းပြခန်း(၁)ကလည်း ရောင်းနေတုန်းပဲ”ဟု မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ‌အရောင်းပြခန်းများကို လာမည့် ဇူလိုင်လ(၂၉)ရက်နေ့မှ သြဂုတ်လ (၃)ရက်နေ့အထိ ဖွင့်လှစ်ရောင်းချရန် စီစဥ်ထားသော်လည်း ပြည်သူများ၏ လာရောက်ဝယ်ယူမှုပေါ်မူတည်၍ ဆေးရောင်းချသည့် ရက်ကိုထပ်တိုးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြည်သူများ၏ လိုအပ်ချက်ပေါ်မူတည်၍ ဆေးအရောင်းပြခန်းများကို ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေပြည်တော် အပါအဝင် မြို့ကြီးများတွင်လည်း ဖွင့်လှစ်နိုင်ရန် စီစဥ်နေကြောင်း သိရသည်။

“အခုလောလောဆယ်တော့ တကယ်ကိုလိုအပ်တဲ့သူတွေလာဝယ်ကြတယ်။ ကျွန်တော်တို့ကလည်း လက်လီပဲရောင်းတယ်။ ပြန်ရောင်းမယ့်သူတွေကို ရောင်းချတာမျိုးမဟုတ်ဘူး။ တကယ်ကိုဆေးလိုအပ်နေတဲ့သူတွေက သူတို့အတွက် တစ်လစာ၊ နှစ်လစာ၊ တစ်ပတ်စာ လာဝယ်ကြတယ်။ အရောင်းပြခန်း(၂)မှာတော့ ဆေးကုမ္ပဏီ(၄၀)ဝန်းကျင်လောက်က ရောင်းသွားမှာပေါ့။ ပြည်သူတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီးတော့ လိုအပ်ရင်လိုသလို ထပ်မံတိုးချဲ့ဖွင့်လှစ်သွားဖို့ရှိပါတယ်။ နေပြည်တော်တို့၊ မန္တလေးတို့အပြင် ရန်ကုန်မှာလည်း အရောင်းပြခန်းတွေထပ်ပြီး ရှိကောင်းရှိလာနိုင်ပါသေးတယ်”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

လက်ရှိရောင်းချပေးနေသည့် အရောင်းပြခန်း(၁)တွင် အခြေခံအိမ်သုံးဆေးများအပြင် ဆီးချို၊ နှလုံး၊ သွေးတိုး၊ ပိုးသတ်ဆေးဝါးများကိုပါရောင်းချပေးနေပြီး ဆေးကုမ္ပဏီ(၁၀၀)ကျော်မှ အလှည့်ကျရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။ ယခုနောက်ပိုင်းကာလတွင် ဈေးကွက်အတွင်း၌ ဆေးဝါးပြတ်လပ်မှုများနှင့် ဆေးဈေးနှုန်းကြီးမြင့်မှုများဖြစ်ပေါ်နေရာ ရောဂါကြောင့်ဆေးကို စွဲသောက်နေရသော နာတာရှည်လူမမာများအနေဖြင့် ဆေးဝါးပြတ်လပ်မှုကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

သို့သော် လက်ရှိတွင် ပြည်ပမှဆေးဝါးတင်သွင်းခွင့်အတွက် သွင်းကုန်လိုင် စင်များ ချပေးထားပြီဖြစ်သောကြောင့် လာမည့် သြဂုတ်လမှစ၍ ပြည် တွင်း၌ ဆေးဝါးပြတ်လပ်မှုများ လျော့ကျသွားနိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

zawgyi version
ျပည္သူမ်ား၏လိုအပ္ခ်က္ေပၚမူတည္၍ သက္သာေသာေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်သည့္ ေဆးအေရာင္းျပခန္းမ်ား ထပ္မံဖြင့္လွစ္မည္

ယြန္း (NP News) - ဇူလိုင္ ၂၆

ျပည္သူမ်ား၏ လိုအပ္ခ်က္ေပၚမူတည္၍ ေနျပည္ေတာ္ႏွင့္ မႏၲေလးၿမိဳ႕တို႔၌ သက္သာေသာေဈးႏႈန္းမ်ားျဖင့္ေရာင္းခ်သည့္ ေဆးအေရာင္းျပခန္းမ်ား ထပ္မံဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေဆးႏွင့္ ေဆးပစၥည္းလုပ္ငန္းရွင္မ်ားအသင္းထံမွ သိရသည္။

ျမန္မာႏိုင္ငံေဆးႏွင့္ ေဆးပစၥည္းလုပ္ငန္းရွင္မ်ားအသင္းမွ ျပည္သူမ်ား သင့္တင့္မွ်တေသာေဈးႏႈန္းမ်ားျဖင့္ ေဆးဝါးမ်ားသုံးစြဲႏိုင္‌ေရးအတြက္ ၿပီးခဲ့သည့္ ဇူလိုင္လ(၁၇)ရက္မွစ၍ ရန္ကုန္ၿမိဳ႕၊ ကုန္သည္လမ္းႏွင့္ လမ္း(၃၀) ေထာင့္ရွိ “ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးဌာန အေဆာက္အဦး”တြင္ အေရာင္းျပခန္းဖြင့္လွစ္ကာ ေဆးဝါးမ်ားေရာင္းခ်ေပးခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ အေရာင္းျပခန္းမ်ားကို ထပ္မံတိုးခ်ဲ႕သြားမည္ျဖစ္ၿပီး ပဲခူးၿမိဳ႕ရွိ သီရိဥႆေဈးႀကီး အေပၚထပ္၊ ပဲခူးတိုင္းေဒသႀကီး ထုတ္ကုန္မ်ား အ‌ေရာင္းစင္တာ ႏွင့္ ရန္ကုန္ၿမိဳ႕တြင္ အေရာင္းျပခန္း(၂)အျဖစ္ ကမာၻေအးဘုရားလမ္း၊ နဝေဒး႐ုပ္ရွင္႐ုံအတြင္းရွိ ျမန္မာ့႐ုပ္ရွင္ျမႇင့္တင္ေရးဦးစီးဌာန အေဆာက္အအုံတြင္ ယခင္ေရာင္းခ်ေပးေနသည့္ အစီအစဥ္အတိုင္း ေရာင္းခ်ေပးသြားမည္ျဖစ္သည္။

“အေရာင္းျပခန္း(၁)မွာ ေဈးသက္သက္သာသာနဲ႔ရေတာ့ ျပည္သူေတြဝယ္ၾကတယ္။ ေက်နပ္ၾကတယ္။ အဆင္ေျပၾကတယ္။ အခက္အခဲက တစ္ေနရာထဲရွိတဲ့အခါၾကေတာ့ လာဝယ္တဲ့သူေတြက လွည္းကူးတို႔၊ တညင္တို႔ အေဝးႀကီးကေနလာၾကတာ။ လာရတာလည္းအခက္အခဲရွိမွာဆိုးလို႔ အဆင္ေျပတဲ့ေနရာေတြမွာ ထပ္ဖြင့္တာပါ။ အေရာင္းျပခန္း(၁)ကလည္း ေရာင္းေနတုန္းပဲ”ဟု ျမန္မာႏိုင္ငံေဆးႏွင့္ေဆးပစၥည္းလုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ‌အေရာင္းျပခန္းမ်ားကို လာမည့္ ဇူလိုင္လ(၂၉)ရက္ေန႔မွ ၾသဂုတ္လ (၃)ရက္ေန႔အထိ ဖြင့္လွစ္ေရာင္းခ်ရန္ စီစဥ္ထားေသာ္လည္း ျပည္သူမ်ား၏ လာေရာက္ဝယ္ယူမႈေပၚမူတည္၍ ေဆးေရာင္းခ်သည့္ ရက္ကိုထပ္တိုးသြားမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ျပည္သူမ်ား၏ လိုအပ္ခ်က္ေပၚမူတည္၍ ေဆးအေရာင္းျပခန္းမ်ားကို ထပ္မံတိုးခ်ဲ႕ဖြင့္လွစ္သြားမည္ျဖစ္ၿပီး ေနျပည္ေတာ္ အပါအဝင္ ၿမိဳ႕ႀကီးမ်ားတြင္လည္း ဖြင့္လွစ္ႏိုင္ရန္ စီစဥ္ေနေၾကာင္း သိရသည္။

“အခုေလာေလာဆယ္ေတာ့ တကယ္ကိုလိုအပ္တဲ့သူေတြလာဝယ္ၾကတယ္။ ကြၽန္ေတာ္တို႔ကလည္း လက္လီပဲေရာင္းတယ္။ ျပန္ေရာင္းမယ့္သူေတြကို ေရာင္းခ်တာမ်ိဳးမဟုတ္ဘူး။ တကယ္ကိုေဆးလိုအပ္ေနတဲ့သူေတြက သူတို႔အတြက္ တစ္လစာ၊ ႏွစ္လစာ၊ တစ္ပတ္စာ လာဝယ္ၾကတယ္။ အေရာင္းျပခန္း(၂)မွာေတာ့ ေဆးကုမၸဏီ(၄၀)ဝန္းက်င္ေလာက္က ေရာင္းသြားမွာေပါ့။ ျပည္သူေတြရဲ႕ လိုအပ္ခ်က္ေပၚမူတည္ၿပီးေတာ့ လိုအပ္ရင္လိုသလို ထပ္မံတိုးခ်ဲ႕ဖြင့္လွစ္သြားဖို႔ရွိပါတယ္။ ေနျပည္ေတာ္တို႔၊ မႏၲေလးတို႔အျပင္ ရန္ကုန္မွာလည္း အေရာင္းျပခန္းေတြထပ္ၿပီး ရွိေကာင္းရွိလာႏိုင္ပါေသးတယ္”ဟု အထက္ပါ တာဝန္ရွိသူက ေျပာသည္။

လက္ရွိေရာင္းခ်ေပးေနသည့္ အေရာင္းျပခန္း(၁)တြင္ အေျခခံအိမ္သုံးေဆးမ်ားအျပင္ ဆီးခ်ိဳ၊ ႏွလုံး၊ ေသြးတိုး၊ ပိုးသတ္ေဆးဝါးမ်ားကိုပါေရာင္းခ်ေပးေနၿပီး ေဆးကုမၸဏီ(၁၀၀)ေက်ာ္မွ အလွည့္က်ေရာင္းခ်ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။ ယခုေနာက္ပိုင္းကာလတြင္ ေဈးကြက္အတြင္း၌ ေဆးဝါးျပတ္လပ္မႈမ်ားႏွင့္ ေဆးေဈးႏႈန္းႀကီးျမင့္မႈမ်ားျဖစ္ေပၚေနရာ ေရာဂါေၾကာင့္ေဆးကို စြဲေသာက္ေနရေသာ နာတာရွည္လူမမာမ်ားအေနျဖင့္ ေဆးဝါးျပတ္လပ္မႈေၾကာင့္ အခက္အခဲမ်ားႏွင့္ ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။

သို႔ေသာ္ လက္ရွိတြင္ ျပည္ပမွေဆးဝါးတင္သြင္းခြင့္အတြက္ သြင္းကုန္လိုင္ စင္မ်ား ခ်ေပးထားၿပီျဖစ္ေသာေၾကာင့္ လာမည့္ ၾသဂုတ္လမွစ၍ ျပည္ တြင္း၌ ေဆးဝါးျပတ္လပ္မႈမ်ား ေလ်ာ့က်သြားႏိုင္ေၾကာင္း သုံးသပ္မႈမ်ားလည္းရွိေနသည္။

Related news

© 2021. All rights reserved.