တိုင်ဖွန်မုန်တိုင်းကြောင့် တရုတ်နိုင်ငံ အရှေ့ဘက်ပိုင်းတွင် လူပေါင်း ၃ သိန်းကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်း

 1072

ဂျန်ဇက် (NP News) - ဇူလိုင် ၂၆

တိုင်ဖွန်မုန်တိုင်း Gaemi ဝင်ရောက်တိုက်ခတ်မှုများကြောင့် တရုတ်နိုင်ငံအရှေ့ဘက်ပိုင်းဒေသများတွင် ဇူလိုင် ၂၆ ရက်က လူပေါင်း ၃ သိန်းကျော် နေရပ်စွန့်ခွာခဲ့ရကြောင်း သိရသည်။ အဆိုပါမုန်တိုင်းသည် ဇူလိုင် ၂၅ ရက်တွင် ထိုင်ဝမ်ကျွန်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် တရုတ်နိုင်ငံကို ထပ်မံဝင်ရောက်တိုက်ခတ်ဖွယ်ရှိနေရာ တရုတ် နိုင်ငံ အရှေ့ဘက်ပိုင်းတွင် လူပေါင်း ၃ သိန်းကျော် နေရပ်စွန့်ခွာနေထိုင်ခဲ့ရကြောင်း သိရသည်။ အဆိုပါ မုန်တိုင်း သည် ထိုင်ဝမ်ကို တိုက်ခတ်ခဲ့သော မုန်တိုင်းထဲတွင် ၈ နှစ်အတွင်း အပြင်းထန်ဆုံးမုန်တိုင်းဖြစ်ခဲ့ပြီး ထိုင်ဝမ်တွင် အနည်းဆုံးလူပေါင်း ၅ ဦးသေဆုံးခဲ့ကာ ထိုင်ဝမ်ကျွန်း၏ ဒုတိယအကြီးဆုံးမြို့တွင် ရေကြီးမြေပြိုမှုများ ဖြစ်ပွားခဲ့ရ ကြောင်း သိရသည်။ အဆိုပါမုန်တိုင်းသည် ထိုင်ဝမ်ကို မဝင်ရောက်ခင် ဖိလစ်ပိုင်နိုင်ငံကို ဖြတ်သန်းတိုက်ခတ်ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံတွင် ရေကြီးမြေပြိုမှုများဖြစ်ပွားခဲ့ကာ လူပေါင်း ၂ဝ ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံကမ်းလွန်တွင် ရေနံလီတာပေါင်း ၁ ဒသမ ၄ သန်း တင်ဆောင်လာသော သင်္ဘောတစ်စီးနစ်မြှုပ်ခဲ့ရာ ရေနံယိုစိမ့်မှုများဖြစ်ပွားစေခဲ့ကြောင်း သိရသည်။ အဆိုပါမုန်တိုင်းသည် တရုတ်နိုင်ငံသို့ ဝင်ရောက်ချိန်တွင် အားပျော့သွားဖွယ်ရှိနေသော်လည်း တရုတ်အာဏာပိုင်များက ဒေသခံများကိုဘေးလွှတ်ရာကို ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရသည်။ တရုတ်နိုင်ငံသည် နွေရာသီကာလအတွင်း ဆိုးရွားသော ရာသီဥတုဒဏ် ကို ခံစားခံရပြီး တရုတ်နိုင်ငံတွင် နွေရာသီကာလတုန်းက အချိန်အခါမဟုတ် မိုးသည်ထန်စွာ ရွာသွန်းမှုများဖြစ်ခဲ့ဖူး ကြောင်း သိရသည်။ အဆိုပါမုန်တိုင်းသည် ထိုင်ဝမ်ကိုတိုက်ခတ်ခဲ့ပြီးနောက် ဇူလိုင် ၂၆ ရက်တွင် တရုတ်နိုင်ငံ အရှေ့ဘက်ပိုင်း ဖူဂျီအမ်ဒေသကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
တိုင္ဖြန္မုန္တိုင္းေၾကာင့္ တ႐ုတ္ႏိုင္ငံ အေရွ႕ဘက္ပိုင္းတြင္ လူေပါင္း ၃ သိန္းေက်ာ္ ေဘးလြတ္ရာကို ေ႐ႊ႕ေျပာင္း
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၆

တိုင္ဖြန္မုန္တိုင္း Gaemi ဝင္ေရာက္တိုက္ခတ္မႈမ်ားေၾကာင့္ တ႐ုတ္ႏိုင္ငံအေရွ႕ဘက္ပိုင္းေဒသမ်ားတြင္ ဇူလိုင္ ၂၆ ရက္က လူေပါင္း ၃ သိန္းေက်ာ္ ေနရပ္စြန႔္ခြာခဲ့ရေၾကာင္း သိရသည္။ အဆိုပါမုန္တိုင္းသည္ ဇူလိုင္ ၂၅ ရက္တြင္ ထိုင္ဝမ္ကြၽန္းကို ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံကို ထပ္မံဝင္ေရာက္တိုက္ခတ္ဖြယ္ရွိေနရာ တ႐ုတ္ ႏိုင္ငံ အေရွ႕ဘက္ပိုင္းတြင္ လူေပါင္း ၃ သိန္းေက်ာ္ ေနရပ္စြန႔္ခြာေနထိုင္ခဲ့ရေၾကာင္း သိရသည္။ အဆိုပါ မုန္တိုင္း သည္ ထိုင္ဝမ္ကို တိုက္ခတ္ခဲ့ေသာ မုန္တိုင္းထဲတြင္ ၈ ႏွစ္အတြင္း အျပင္းထန္ဆုံးမုန္တိုင္းျဖစ္ခဲ့ၿပီး ထိုင္ဝမ္တြင္ အနည္းဆုံးလူေပါင္း ၅ ဦးေသဆုံးခဲ့ကာ ထိုင္ဝမ္ကြၽန္း၏ ဒုတိယအႀကီးဆုံးၿမိဳ႕တြင္ ေရႀကီးေျမၿပိဳမႈမ်ား ျဖစ္ပြားခဲ့ရ ေၾကာင္း သိရသည္။ အဆိုပါမုန္တိုင္းသည္ ထိုင္ဝမ္ကို မဝင္ေရာက္ခင္ ဖိလစ္ပိုင္ႏိုင္ငံကို ျဖတ္သန္းတိုက္ခတ္ခဲ့ရာ ဖိလစ္ပိုင္ႏိုင္ငံတြင္ ေရႀကီးေျမၿပိဳမႈမ်ားျဖစ္ပြားခဲ့ကာ လူေပါင္း ၂ဝ ေက်ာ္ ေသဆုံးခဲ့ရေၾကာင္း သိရသည္။

အဆိုပါ မုန္တိုင္းေၾကာင့္ ဖိလစ္ပိုင္ႏိုင္ငံကမ္းလြန္တြင္ ေရနံလီတာေပါင္း ၁ ဒသမ ၄ သန္း တင္ေဆာင္လာေသာ သေဘၤာတစ္စီးနစ္ျမႇဳပ္ခဲ့ရာ ေရနံယိုစိမ့္မႈမ်ားျဖစ္ပြားေစခဲ့ေၾကာင္း သိရသည္။ အဆိုပါမုန္တိုင္းသည္ တ႐ုတ္ႏိုင္ငံသို႔ ဝင္ေရာက္ခ်ိန္တြင္ အားေပ်ာ့သြားဖြယ္ရွိေနေသာ္လည္း တ႐ုတ္အာဏာပိုင္မ်ားက ေဒသခံမ်ားကိုေဘးလႊတ္ရာကို ေ႐ႊ႕ေျပာင္းရန္စီစဥ္ေနေၾကာင္း သိရသည္။ တ႐ုတ္ႏိုင္ငံသည္ ေႏြရာသီကာလအတြင္း ဆိုး႐ြားေသာ ရာသီဥတုဒဏ္ ကို ခံစားခံရၿပီး တ႐ုတ္ႏိုင္ငံတြင္ ေႏြရာသီကာလတုန္းက အခ်ိန္အခါမဟုတ္ မိုးသည္ထန္စြာ ႐ြာသြန္းမႈမ်ားျဖစ္ခဲ့ဖူး ေၾကာင္း သိရသည္။ အဆိုပါမုန္တိုင္းသည္ ထိုင္ဝမ္ကိုတိုက္ခတ္ခဲ့ၿပီးေနာက္ ဇူလိုင္ ၂၆ ရက္တြင္ တ႐ုတ္ႏိုင္ငံ အေရွ႕ဘက္ပိုင္း ဖူဂ်ီအမ္ေဒသကုန္းတြင္းပိုင္းကို ဝင္ေရာက္တိုက္ခတ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.