မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းရန်ကြိုးပမ်းရာတွင် အာဆီယံသဘောတူညီချက်ငါးချက်ကို အဓိက ရည်ညွှန်းစရာအဖြစ် ဆက်လက်ထားရှိမည်ဟု အင်ဒိုနီးရှားအစိုးရပြော

 1168

ဂျန်ဇက် (NP News) - ဇူလိုင် ၂၆

အာဆီယံသဘောတူညီချက်ငါးချက်သည် မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းရန် ကြိုးပမ်းရာတွင် အဓိက ရည်ညွှန်းစရာဖြစ်ဆက်လက်ရှိနေမည်ဖြစ်ကြောင်း မြန်မာအရေးအတွက် ခန့်အပ်ထားသော အင်ဒိုနီးရှား အထူးကိုယ်စားလှယ်ရုံးအကြီးအကဲ Ngurah Swajaya က ထုတ်ဖော်ပြောကြားလိုက်သည်။

ဆွတ်ဇာလန်နိုင်ငံဆိုင်ရာအင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီးအဖြစ် တာဝန်ယူနေသည့် Ngurah Swajaya က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း မြန်မာအစိုးရက ကတိပြုထားသောရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးခြင်းမျိုးမရှိကြောင်း ထပ်မံပြောခဲ့သည်။
၎င်းက "မြန်မာနိုင်ငံကလွဲပြီး အခြားအာဆီယံနိုင်ငံခြားရေးဝန်ကြီးအားလုံးဟာ မြန်မာအရေးကိုဖြေရှင်းနိုင်အောင် အာဆီယံသဘောတူညီချက်ငါးချက်ကို ဆက်လက်ကိုင်ဆွဲထားဖို့ သဘောတူညီခဲ့တယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံအများစုဟာ စုစည်းညီညွတ်မှုတွေကို ပြသခဲ့တယ်" ဟု ပြောသည်။ မြန်မာအစိုးသည် အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း အာဆီယံအဖွဲ့၏ အဓိကအစည်းအဝေးများကို မြန်မာ ကိုယ်စားပြုအဖြစ် ကိုယ်စားလှယ်စေလွှတ်ခဲ့ခြင်း မရှိသော်လည်း ၂ဝ၂၄ ခုနှစ်တွင် လာအိုနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် ပြန်လည်တာဝန်ယူချိန်တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံရေးနှင့်မပတ်သက်သော ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့သည်။ လာအိုနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေကြောင်း သိရသည်။

လာအိုနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာနိုင်ငံရေး ပြသာနာအပြင် တောင်တရုတ်ပင်လယ်အရေးများကို အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း အစောပိုင်းကတည်း က နိုင်ငံတကာသတင်းမီဒီယာများတွင် ဖော်ပြထားသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန် နှင့် အခြား အာဆီယံ မိတ်ဖက်နိုင်ငံ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က နိုင်ငံရေးအာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံရေးပြဿနာကို ကြားဝင်ဖြေရှင်းနိုင်ရန်ကြိုးပမ်းခဲ့ရာ ၂၀၂၁ ခုနှစ် ဧပြီလတွင် အာဆီယံခေါင်းဆောင်များ နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးပြီး အာဆီယံသဘောတူညီချက်ငါးချက်ကို လက်ခံသဘောတူညီခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာႏိုင္ငံေရးျပႆနာကို ေျဖရွင္းရန္ႀကိဳးပမ္းရာတြင္ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို အဓိက ရည္ၫႊန္း စရာအျဖစ္ ဆက္လက္ထားရွိမည္ဟု အင္ဒိုနီးရွားအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၆

အာဆီယံသေဘာတူညီခ်က္ငါးခ်က္သည္ ျမန္မာႏိုင္ငံေရးအခက္အခဲကိုေျဖရွင္းရန္ ႀကိဳးပမ္းရာတြင္ အဓိက ရည္ၫႊန္းစရာျဖစ္ဆက္လက္ရွိေနမည္ျဖစ္ေၾကာင္း ျမန္မာအေရးအတြက္ ခန႔္အပ္ထားေသာ အင္ဒိုနီးရွား အထူးကိုယ္စားလွယ္႐ုံးအႀကီးအကဲ Ngurah Swajaya က ထုတ္ေဖာ္ေျပာၾကားလိုက္သည္။

ဆြတ္ဇာလန္ႏိုင္ငံဆိုင္ရာအင္ဒိုနီးရွားႏိုင္ငံသံအမတ္ႀကီးအျဖစ္ တာဝန္ယူေနသည့္ Ngurah Swajaya က အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးအတြင္း ျမန္မာအစိုးရက ကတိျပဳထားေသာေ႐ြးေကာက္ပြဲႏွင့္ပတ္သက္ၿပီး ထည့္သြင္းေဆြးေႏြးျခင္းမ်ိဳးမရွိေၾကာင္း ထပ္မံေျပာခဲ့သည္။
၎က "ျမန္မာႏိုင္ငံကလြဲၿပီး အျခားအာဆီယံႏိုင္ငံျခားေရးဝန္ႀကီးအားလုံးဟာ ျမန္မာအေရးကိုေျဖရွင္းႏိုင္ေအာင္ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို ဆက္လက္ကိုင္ဆြဲထားဖို႔ သေဘာတူညီခဲ့တယ္။ အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံအမ်ားစုဟာ စုစည္းညီၫြတ္မႈေတြကို ျပသခဲ့တယ္" ဟု ေျပာသည္။ ျမန္မာအစိုးသည္ အင္ဒိုနီးရွားႏိုင္ငံက အာဆီယံအလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူခ်ိန္အတြင္း အာဆီယံအဖြဲ႕၏ အဓိကအစည္းအေဝးမ်ားကို ျမန္မာ ကိုယ္စားျပဳအျဖစ္ ကိုယ္စားလွယ္ေစလႊတ္ခဲ့ျခင္း မရွိေသာ္လည္း ၂ဝ၂၄ ခုႏွစ္တြင္ လာအိုႏိုင္ငံက အာဆီယံ အလွည့္က်ဥကၠ႒အျဖစ္ ျပန္လည္တာဝန္ယူခ်ိန္တြင္ ျမန္မာႏိုင္ငံကိုယ္စားျပဳအျဖစ္ ႏိုင္ငံေရးႏွင့္မပတ္သက္ေသာ ကိုယ္စားလွယ္အဖြဲ႕ကို ေစလႊတ္ခဲ့သည္။ လာအိုႏိုင္ငံတြင္ က်င္းပေနသည့္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးကို ျမန္မာကိုယ္စားျပဳအျဖစ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ေက်ာ္မိုး ဦးေဆာင္ေသာကိုယ္စားလွယ္အဖြဲ႕ တက္ေရာက္ေနေၾကာင္း သိရသည္။

လာအိုႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပသည့္ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးတြင္ ျမန္မာႏိုင္ငံေရး ျပသာနာအျပင္ ေတာင္တ႐ုတ္ပင္လယ္အေရးမ်ားကို အဓိကထား ေဆြးေႏြးမည္ျဖစ္ေၾကာင္း အေစာပိုင္းကတည္း က ႏိုင္ငံတကာသတင္းမီဒီယာမ်ားတြင္ ေဖာ္ျပထားသည္။ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိ၊ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလီကန္ ႏွင့္ အျခား အာဆီယံ မိတ္ဖက္ႏိုင္ငံ၊ အဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ားတက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ၂၀၂၁ ခုႏွစ္က ႏိုင္ငံေရးအာဏာအျငင္းပြားမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အာဆီယံအဖြဲ႕သည္ ျမန္မာႏိုင္ငံေရးျပႆနာကို ၾကားဝင္ေျဖရွင္းႏိုင္ရန္ႀကိဳးပမ္းခဲ့ရာ ၂၀၂၁ ခုႏွစ္ ဧၿပီလတြင္ အာဆီယံေခါင္းေဆာင္မ်ား ႏွင့္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္တို႔ ေတြ႕ဆုံေဆြးေႏြးၿပီး အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို လက္ခံသေဘာတူညီခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.