ဗီယက်နမ်နိုင်ငံတွင် နှစ်သစ်ကူးအကြိုနေ့က ကွန်ကရစ်တိုင်အတွင်းသို့ ကျသွားခဲ့သော ကလေးငယ်သေဆုံးကြောင်း အာဏာပိုင်များ အတည်ပြုပြောဆို
729
Pika (NP News) - ဇန်နဝါရီလ ၅
ဗီယက်နမ်နိုင်ငံတွင် နှစ်သစ်ကူးအကြိုနေ့ ဒီဇင်ဘာ(၃၁)ရက်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရှိ အရှည်(၃၅) မီတာနှင့် အချင်း(၂၅) စင်တီမီတာရှိသော ကွန်ကရစ်တိုင်အတွင်းသို့ ကျသွားခဲ့သော ဆယ်နှစ်အရွယ်ကလေးငယ် သည် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ပြည်တွင်းမီဒီယာများက ဇန်နဝါရီ(၄)ရက်တွင် ဖော်ပြခဲ့သည်။
ကယ်ဆယ်ရေးသမားများသည် ကွန်ကရစ်တိုင်အတွင်းသို့ကျသွားခဲ့သော ဆယ်နှစ်အရွယ် Ly Hao Nam ကို ကယ်ဆယ်နိုင်ရန်အတွက် နာရီပေါင်း(၁ဝဝ) ကျော်ကြာ ကြိုးပမ်းခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ အွန်လိုင်းသတင်းဌာန VnExpress က ဖော်ပြခဲ့သည်။
ဒေါင်သပ်ပြည်နယ် ဒုဥက္ကဋ္ဌ ဒိုအန်တန်ဘူ က "ကွန်ကရစ်တိုင်အတွင်းကို ကျသွားခဲ့တဲ့ ကလေးငယ်လေးဟာ သေဆုံးသွားခဲ့ပါပြီ။ သူ့ရဲ့ဈာပနကို ပြုလုပ်ဖို့အတွက် ရုပ်အလောင်းကို ပြန်လည်ဆယ်ယူနိုင်ဖို့ အာဏာပိုင်တွေက အစွမ်းကုန်ကြိုးပမ်းနေပါတယ်" ဟု ပြောဆိုခဲ့သည်။
Ly Hao Nam သည် ဒီဇင်ဘာ (၃၁) ရက်က မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ တံတားတည်ဆောက်ရေး နေရာတစ်ခု တွင် ၎င်း၏သူငယ်ချင်းများနှင့် သံတိုသံစများ လိုက်ကောက်နေစဥ် အချင်း (၂၅) စင်တီမီတာရှိသော အပေါက်ဝမှ တစ်ဆင့် ကွန်ကရစ်တိုင်အတွင်း ပြုတ်ကျခဲ့ပြီးနောက် ငိုယိုကာ အကူအညီတောင်းခံနေခဲ့ကြောင်း အာဏာပိုင်များ က ပြောကြားခဲ့သည်။
အဆိုပါကလေးငယ်ကို ကယ်ဆယ်နိုင်ရန်အတွက် လိုအပ်သော ပစ္စည်းကိရိယာအားလုံးနှင့် တပ်ဖွဲ့အင်အားများကို အသုံးပြုရန် ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh က ကယ်ဆယ်ရေးသမားများနှင့် ဒေသတွင်းအာဏာပိုင် များကို ဇန်နဝါရီ(၄)ရက်အစောပိုင်းက တိုက်တွန်းတောင်းဆိုခဲ့ကြောင်းလည်း သိရသည်။
Zawgyi Version;
ဗီယက္နမ္ႏိုင္ငံတြင္ ႏွစ္သစ္ကူးအႀကိဳေန႔က ကြန္ကရစ္တိုင္အတြင္းသို႔ က်သြားခဲ့ေသာ ကေလးငယ္ေသဆုံးေၾကာင္း အာဏာပိုင္မ်ား အတည္ျပဳေျပာဆို
Pika (NP News) - ဇန္နဝါရီလ ၅
ဗီယက္နမ္ႏိုင္ငံတြင္ ႏွစ္သစ္ကူးအႀကိဳေန႔ ဒီဇင္ဘာ(၃၁)ရက္က ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခုရွိ အရွည္(၃၅) မီတာႏွင့္ အခ်င္း(၂၅) စင္တီမီတာရွိေသာ ကြန္ကရစ္တိုင္အတြင္းသို႔ က်သြားခဲ့ေသာ ဆယ္ႏွစ္အ႐ြယ္ကေလးငယ္ သည္ ေသဆုံးသြားခဲ့ၿပီျဖစ္ေၾကာင္း ျပည္တြင္းမီဒီယာမ်ားက ဇန္နဝါရီ(၄)ရက္တြင္ ေဖာ္ျပခဲ့သည္။
ကယ္ဆယ္ေရးသမားမ်ားသည္ ကြန္ကရစ္တိုင္အတြင္းသို႔က်သြားခဲ့ေသာ ဆယ္ႏွစ္အ႐ြယ္ Ly Hao Nam ကို ကယ္ဆယ္ႏိုင္ရန္အတြက္ နာရီေပါင္း(၁ဝဝ) ေက်ာ္ၾကာ ႀကိဳးပမ္းခဲ့ၾကေသာ္လည္း မေအာင္ျမင္ခဲ့ေၾကာင္း ေဒသတြင္းအာဏာပိုင္မ်ား၏ ေျပာၾကားခ်က္ကို ကိုးကား၍ အြန္လိုင္းသတင္းဌာန VnExpress က ေဖာ္ျပခဲ့သည္။
ေဒါင္သပ္ျပည္နယ္ ဒုဥကၠ႒ ဒိုအန္တန္ဘူ က "ကြန္ကရစ္တိုင္အတြင္းကို က်သြားခဲ့တဲ့ ကေလးငယ္ေလးဟာ ေသဆုံးသြားခဲ့ပါၿပီ။ သူ႔ရဲ႕ဈာပနကို ျပဳလုပ္ဖို႔အတြက္ ႐ုပ္အေလာင္းကို ျပန္လည္ဆယ္ယူႏိုင္ဖို႔ အာဏာပိုင္ေတြက အစြမ္းကုန္ႀကိဳးပမ္းေနပါတယ္" ဟု ေျပာဆိုခဲ့သည္။
Ly Hao Nam သည္ ဒီဇင္ဘာ (၃၁) ရက္က မဲေခါင္ျမစ္ဝကြၽန္းေပၚေဒသရွိ တံတားတည္ေဆာက္ေရး ေနရာတစ္ခု တြင္ ၎၏သူငယ္ခ်င္းမ်ားႏွင့္ သံတိုသံစမ်ား လိုက္ေကာက္ေနစဥ္ အခ်င္း (၂၅) စင္တီမီတာရွိေသာ အေပါက္ဝမွ တစ္ဆင့္ ကြန္ကရစ္တိုင္အတြင္း ျပဳတ္က်ခဲ့ၿပီးေနာက္ ငိုယိုကာ အကူအညီေတာင္းခံေနခဲ့ေၾကာင္း အာဏာပိုင္မ်ား က ေျပာၾကားခဲ့သည္။
အဆိုပါကေလးငယ္ကို ကယ္ဆယ္ႏိုင္ရန္အတြက္ လိုအပ္ေသာ ပစၥည္းကိရိယာအားလုံးႏွင့္ တပ္ဖြဲ႕အင္အားမ်ားကို အသုံးျပဳရန္ ဗီယက္နမ္ဝန္ႀကီးခ်ဳပ္ Pham Minh Chinh က ကယ္ဆယ္ေရးသမားမ်ားႏွင့္ ေဒသတြင္းအာဏာပိုင္ မ်ားကို ဇန္နဝါရီ(၄)ရက္အေစာပိုင္းက တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။