မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားအမှတ်(၁) ကို ယနေ့ ပြန်လည်ဖွင့်လှစ်

 1074

ဖူးပြည့် (NP News) - ဇန်နဝါရီ ၁၂

မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားအမှတ်(၁) ကို ယနေ့ (ဇန်နဝါရီလ ၁၂ ရက်) တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါတံတားကို နံနက် ၉ နာရီအချိန်ခန့်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မဲဆောက်ဘက်သို့ သွားမည့်သူအများ အပြားရှိနေကြောင်းသိရသည်။

မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားအမှတ်(၁)ကို ကိုဗစ်ကပ်ရောဂါအခြေအနေများကြောင့် ပိတ်ထားခဲ့သည်မှာ (၂)နှစ်ကျော် ကြာရှိပြီဖြစ်သည်။

“ ဒီနေ့ နံနက် ၉ နာရီလောက်မှာ တံတားပြန်ဖွင့်ဖြစ်ပါတယ်။ ဟိုဘက်ကို သွားမယ့်လူဦးရေကတော့များတယ်။ ဒီတံတားက လူဝင်လူထွက်ပဲ များတာပါ”ဟု မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

တံတားပြန်လည်ဖွင့်လှစ်ပြီဖြစ်သည့်အတွက် မြဝတီဘက်မှမဲဆောက်သို့အလွယ်တ ကူသွားရောက်နိုင်သဖြင့် လူမှု ရေး၊ ကျန်းမာရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာလုပ်ကိုင်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ တံတားသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့တို့သို့ ဆက်သွယ်ထားခြင်းဖြစ်ပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဝင်ထွက်သွားလာခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားအမှတ်(၁)သည် လူဝင်လူထွက်သာအသုံးပြုမှုများပြီး မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်မှုကိစ္စများကို ချစ်ကြည်ရေးတံတားအမှတ်(၂)နှင့် တာချီလိတ်မြို့တို့မှတစ်ဆင့် ဆောင်ရွက်ကြောင်းသိရသည်။

zawgyi version
ျမဝတီ-မဲေဆာက္ခ်စ္ၾကည္ေရးတံတားအမွတ္(၁) ကို ယေန႔ ျပန္လည္ဖြင့္လွစ္
ဖူးျပည့္ (NP News) - ဇန္နဝါရီ ၁၂

ျမဝတီ-မဲေဆာက္ခ်စ္ၾကည္ေရးတံတားအမွတ္(၁) ကို ယေန႔ (ဇန္နဝါရီလ ၁၂ ရက္) တြင္ ျပန္လည္ဖြင့္လွစ္လိုက္ၿပီ ျဖစ္ေၾကာင္း သတင္းရရွိသည္။
အဆိုပါတံတားကို နံနက္ ၉ နာရီအခ်ိန္ခန႔္က စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး မဲေဆာက္ဘက္သို႔ သြားမည့္သူအမ်ား အျပားရွိေနေၾကာင္းသိရသည္။

ျမဝတီ-မဲေဆာက္ခ်စ္ၾကည္ေရးတံတားအမွတ္(၁)ကို ကိုဗစ္ကပ္ေရာဂါအေျခအေနမ်ားေၾကာင့္ ပိတ္ထားခဲ့သည္မွာ (၂)ႏွစ္ေက်ာ္ ၾကာရွိၿပီျဖစ္သည္။

“ ဒီေန႔ နံနက္ ၉ နာရီေလာက္မွာ တံတားျပန္ဖြင့္ျဖစ္ပါတယ္။ ဟိုဘက္ကို သြားမယ့္လူဦးေရကေတာ့မ်ားတယ္။ ဒီတံတားက လူဝင္လူထြက္ပဲ မ်ားတာပါ”ဟု ျမဝတီခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

တံတားျပန္လည္ဖြင့္လွစ္ၿပီျဖစ္သည့္အတြက္ ျမဝတီဘက္မွမဲေဆာက္သို႔အလြယ္တ ကူသြားေရာက္ႏိုင္သျဖင့္ လူမႈ ေရး၊ က်န္းမာေရးလုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕စြာလုပ္ကိုင္ႏိုင္ေတာ့မည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါ တံတားသည္ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္ႏွင့္ ထိုင္းႏိုင္ငံ၊ တက္ခ္ခ႐ိုင္၊ မဲေဆာက္ၿမိဳ႕တို႔သို႔ ဆက္သြယ္ထားျခင္းျဖစ္ၿပီး နံနက္ ၆ နာရီမွ ညေန ၆ နာရီအထိ ဝင္ထြက္သြားလာခြင့္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမဝတီ-မဲေဆာက္ခ်စ္ၾကည္ေရးတံတားအမွတ္(၁)သည္ လူဝင္လူထြက္သာအသုံးျပဳမႈမ်ားၿပီး ျမန္မာႏွင့္ ထိုင္းႏိုင္ငံတို႔အၾကား ကုန္သြယ္မႈကိစၥမ်ားကို ခ်စ္ၾကည္ေရးတံတားအမွတ္(၂)ႏွင့္ တာခ်ီလိတ္ၿမိဳ႕တို႔မွတစ္ဆင့္ ေဆာင္႐ြက္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.