ကျေးရွာအတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခံရမှုကြောင့် ကလေးငယ်(၃)ဦး အပါအဝင် ရွာသား(၁ဝ)ဦး ထိခိုက်ဒဏ်ရာရရှိမှု စစ်ကိုင်းတွင်ဖြစ်ပွား

 765

NP News - ဇန်နဝါရီ ၁၂

ကျေးရွာအတွင်း လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခံရမှုကြောင့် စစ်ကိုင်းတိုင်းရှိ ရွာသား(၁ဝ)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ(၉)ရက်၊ နေ့လည်(၁၂)နာရီအချိန်တွင် စစ်ကိုင်း တိုင်း၊ ထီးချိုင့်မြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

အဆိုပါဖြစ်စဉ်မှာ ထီးချိုင့်မြို့နယ်၊ ထန်းကုန်းကျေးရွာအတွင်းသို့ အကြမ်းဖက်များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် ကျေးရွာအတွင်း နေထိုင်လျက်ရှိသည့် ဦးကျော်သောင်း (၆၂)နှစ်၊ ဦးစိုးနိုင်ဝင်း(၄၂)နှစ်၊ ဦးစန်းဝေဦး(၂၆)နှစ်၊ ဒေါ်စုကြည်(၃ဝ)နှစ်၊ ဒေါ်ဝင်းစန်း(၃၃)နှစ်၊ ဒေါ်အိစံ(၄၈)နှစ်၊ ဒေါ်သက်သက်ဆွေ(၃၇)နှစ်၊ မောင်စူးရှနိုင်(၉)နှစ်၊ မစိုးရတီနိုင်(၉)နှစ်၊ မလင်းလက်စံ(၆)နှစ်တို့ (၁ဝ)ဦးတွင် မိုင်းစထိမှတ်ဒဏ်ရာများ ရရှိခဲ့ပြီး ထီးချိုင့်မြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သူများကို ဖော်ထုတ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီလ(၈)ရက်ကလည်း ပဲခူးတိုင်းအတွင်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက် ခိုက်မှုကြောင့် (၂)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ရွာသား(၈)ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

zawgyi version
ေက်း႐ြာအတြင္းသို႔ လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ကေလးငယ္(၃)ဦး အပါအဝင္ ႐ြာသား(၁ဝ)ဦး ထိခိုက္ဒဏ္ရာရရွိမႈ စစ္ကိုင္းတြင္ျဖစ္ပြား
NP News - ဇန္နဝါရီ ၁၂

ေက်း႐ြာအတြင္း လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ စစ္ကိုင္းတိုင္းရွိ ႐ြာသား(၁ဝ)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၉)ရက္၊ ေန႔လည္(၁၂)နာရီအခ်ိန္တြင္ စစ္ကိုင္း တိုင္း၊ ထီးခ်ိဳင့္ၿမိဳ႕နယ္၌ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွသိရသည္။

အဆိုပါျဖစ္စဥ္မွာ ထီးခ်ိဳင့္ၿမိဳ႕နယ္၊ ထန္းကုန္းေက်း႐ြာအတြင္းသို႔ အၾကမ္းဖက္မ်ားက လက္လုပ္စိန္ေျပာင္းမ်ားျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

ပစ္ခတ္ခံရမႈေၾကာင့္ ေက်း႐ြာအတြင္း ေနထိုင္လ်က္ရွိသည့္ ဦးေက်ာ္ေသာင္း (၆၂)ႏွစ္၊ ဦးစိုးႏိုင္ဝင္း(၄၂)ႏွစ္၊ ဦးစန္းေဝဦး(၂၆)ႏွစ္၊ ေဒၚစုၾကည္(၃ဝ)ႏွစ္၊ ေဒၚဝင္းစန္း(၃၃)ႏွစ္၊ ေဒၚအိစံ(၄၈)ႏွစ္၊ ေဒၚသက္သက္ေဆြ(၃၇)ႏွစ္၊ ေမာင္စူးရွႏိုင္(၉)ႏွစ္၊ မစိုးရတီႏိုင္(၉)ႏွစ္၊ မလင္းလက္စံ(၆)ႏွစ္တို႔ (၁ဝ)ဦးတြင္ မိုင္းစထိမွတ္ဒဏ္ရာမ်ား ရရွိခဲ့ၿပီး ထီးခ်ိဳင့္ၿမိဳ႕ရွိ ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ေဆးကုသရန္ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ အၾကမ္းဖက္လုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့သူမ်ားကို ေဖာ္ထုတ္ႏိုင္ေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဥပေဒႏွင့္အညီ စုံစမ္းစစ္ေဆးမႈမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၈)ရက္ကလည္း ပဲခူးတိုင္းအတြင္းရွိ ေက်း႐ြာမ်ားအတြင္းသို႔ လက္နက္ႀကီး၊ လက္နက္ငယ္မ်ား၊ Drop Bomb မ်ားျဖင့္ ပစ္ခတ္တိုက္ ခိုက္မႈေၾကာင့္ (၂)ႏွစ္အ႐ြယ္ ကေလးတစ္ဦးအပါအဝင္ ႐ြာသား(၈)ဦး ထိခိုက္ဒဏ္ ရာရရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.