လာမည့်ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များအနေဖြင့် သက်ဆိုင်ရာမဲဆန္ဒနယ်များ၌ ပုံစံ(၆၆/၆)ရှိမှသာ မဲစာရင်းတွင် ပါဝင်မည်

 783

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၂

မဲဆန္ဒရှင်များအနေဖြင့် သက်ဆိုင်ရာမဲဆန္ဒနယ်များ၌ ပုံစံ(၆၆/၆)ရှိမှသာ မဲစာရင်းတွင် ပါဝင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောသည်။

ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ဇန်နဝါရီလ ၁၁ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော မြို့နယ်အဆင့်မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

ဆန္ဒမဲပေးပိုင်ခွင့်နှင့်ပတ်သက်၍ မဲဆန္ဒရှင်များအနေဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူအထောက်အထား သက်သေခံကတ်ပြားတစ်ခုခု ကိုင်ဆောင်ထားသူဖြစ်ရမည်ဖြစ်ပြီး သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်း၌ ပါဝင်မှသာ မဲပေးပိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။

ထို့ကြောင့် မဲဆန္ဒရှင်များသည် သက်ဆိုင်ရာမဲဆန္ဒနယ်များ၌ ပုံစံ(၆၆/၆)ရှိရမည်ဖြစ်ကာ ထိုမှသာ သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်မည်ဖြစ်ကြောင်း ဥက္ကဋ္ဌဦးသိန်းစိုးက ဆက်လက်ပြောဆိုထားသည်။

ထို့ပြင် မဲစာရင်းပြုစုရာတွင်လည်း သက်ဆိုင်ရာမဲဆန္ဒနယ်အတွင်း နေထိုင်ကြောင်း အိမ်ထောင်စုဇယား ပုံစံ(၆၆/၆)တွင် ပါဝင်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် စာရင်းအမှန်အတိုင်းဖြစ်ရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်းကာ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့များ ဖွဲ့စည်းကာ လူဦးရေးစာရင်းများကို မှန်ကန်ရရှိရေး တစ်နိုင်ငံ လုံးအတိုင်းအတားဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

ဆက်လက်ပြီး ကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးက မဲဆန္ဒရှင်စာရင်းများပြုစုရာတွင် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်ရန်လိုအပ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မကျန်ရှိစေရေးအတွက်လည်း စနစ်တကျစိစစ်လုပ် ဆောင်သွားရန်လိုအပ်ကြောင်း တိုက်တွန်းထားသည်။

လက်ရှိတွင် နစကအနေဖြင့် လာမည့်အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံး၌ အကြားအလပ်မရှိ ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြော ဆိုထားသည်။

အထွေထွေရွေးကောက်ပွဲကိုလည်း မဲအများဆုံးရသူအနိုင်ယူ (FPTP)စနစ်အစား အချိုးကျကိုယ်စားပြုစနစ်(PR)ဖြင့် ကျင်းပပြုလုပ်သွားရန် စီစဉ်ပြင်ဆင်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးပြောဆိုထားသည်။

zawgyi version
လာမည့္ေ႐ြးေကာက္ပြဲ၌ မဲဆႏၵရွင္မ်ားအေနျဖင့္ သက္ဆိုင္ရာမဲဆႏၵနယ္မ်ား၌ ပုံစံ(၆၆/၆)ရွိမွသာ မဲစာရင္းတြင္ ပါဝင္မည္
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၂

မဲဆႏၵရွင္မ်ားအေနျဖင့္ သက္ဆိုင္ရာမဲဆႏၵနယ္မ်ား၌ ပုံစံ(၆၆/၆)ရွိမွသာ မဲစာရင္းတြင္ ပါဝင္မည္ျဖစ္ေၾကာင္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးသိန္းစိုးက ေျပာသည္။

ေကာ္မရွင္ဥကၠ႒ ဦးသိန္းစိုးက ဇန္နဝါရီလ ၁၁ ရက္တြင္ ေနျပည္ေတာ္၌ ျပဳလုပ္ေသာ ၿမိဳ႕နယ္အဆင့္မဲဆႏၵရွင္စာရင္း စီမံခန႔္ခြဲမႈစနစ္အသုံးျပဳနည္း သင္တန္းဖြင့္ပြဲတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုထားျခင္းျဖစ္သည္။

ဆႏၵမဲေပးပိုင္ခြင့္ႏွင့္ပတ္သက္၍ မဲဆႏၵရွင္မ်ားအေနျဖင့္ ႏိုင္ငံသား၊ ဧည့္ႏိုင္ငံသား၊ ႏိုင္ငံသားျပဳခြင့္ရသူအေထာက္အထား သက္ေသခံကတ္ျပားတစ္ခုခု ကိုင္ေဆာင္ထားသူျဖစ္ရမည္ျဖစ္ၿပီး သက္ဆိုင္ရာမဲဆႏၵနယ္၏ မဲစာရင္း၌ ပါဝင္မွသာ မဲေပးပိုင္ခြင့္ရရွိမည္ျဖစ္ေၾကာင္း ေကာ္မရွင္ဥကၠ႒က ေျပာသည္။

ထို႔ေၾကာင့္ မဲဆႏၵရွင္မ်ားသည္ သက္ဆိုင္ရာမဲဆႏၵနယ္မ်ား၌ ပုံစံ(၆၆/၆)ရွိရမည္ျဖစ္ကာ ထိုမွသာ သက္ဆိုင္ရာမဲဆႏၵနယ္၏ မဲစာရင္းတြင္ ပါဝင္မည္ျဖစ္ေၾကာင္း ဥကၠ႒ဦးသိန္းစိုးက ဆက္လက္ေျပာဆိုထားသည္။

ထို႔ျပင္ မဲစာရင္းျပဳစုရာတြင္လည္း သက္ဆိုင္ရာမဲဆႏၵနယ္အတြင္း ေနထိုင္ေၾကာင္း အိမ္ေထာင္စုဇယား ပုံစံ(၆၆/၆)တြင္ ပါဝင္သည့္ ဆႏၵမဲေပးပိုင္ခြင့္ရွိသည့္ စာရင္းအမွန္အတိုင္းျဖစ္ရန္လိုအပ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

လက္ရွိတြင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနအေနျဖင့္ အေထြ ေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနႏွင့္ပူးေပါင္းကာ ေျမျပင္တစ္အိမ္တက္ဆင္း ကြင္းဆင္းေကာက္ယူေရးအဖြဲ႕မ်ား ဖြဲ႕စည္းကာ လူဦးေရးစာရင္းမ်ားကို မွန္ကန္ရရွိေရး တစ္ႏိုင္ငံ လုံးအတိုင္းအတားျဖင့္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ဆက္လက္ၿပီး ေကာ္မရွင္ဥကၠ႒ဦးသိန္းစိုးက မဲဆႏၵရွင္စာရင္းမ်ားျပဳစုရာတြင္ ျပ႒ာန္းထားသည့္ ဥပေဒ၊ နည္းဥပေဒမ်ားႏွင့္ အညီ ေဆာင္႐ြက္ရန္လိုအပ္ၿပီး ဆႏၵမဲေပးပိုင္ခြင့္ရွိသည့္ မဲဆႏၵရွင္မ်ား မက်န္ရွိေစေရးအတြက္လည္း စနစ္တက်စိစစ္လုပ္ ေဆာင္သြားရန္လိုအပ္ေၾကာင္း တိုက္တြန္းထားသည္။

လက္ရွိတြင္ နစကအေနျဖင့္ လာမည့္အေထြေထြေ႐ြးေကာက္ပြဲကို တစ္ႏိုင္ငံလုံး၌ အၾကားအလပ္မရွိ က်င္းပႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ကတိျပဳေျပာ ဆိုထားသည္။

အေထြေထြေ႐ြးေကာက္ပြဲကိုလည္း မဲအမ်ားဆုံးရသူအႏိုင္ယူ (FPTP)စနစ္အစား အခ်ိဳးက်ကိုယ္စားျပဳစနစ္(PR)ျဖင့္ က်င္းပျပဳလုပ္သြားရန္ စီစဥ္ျပင္ဆင္လ်က္ရွိေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က အသိေပးေျပာဆိုထားသည္။

Related news

© 2021. All rights reserved.