နိုင်ငံ၏စီးပွားရေးမှာ ၂ဝ၂၁-၂ဝ၂၂ ခုနှစ် ဒုတိယ (၆)လတာကာလ၌ ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ပြန်လည်တိုးတက်လာဟု နစကပြော

 520

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၂

နိုင်ငံ၏ စီးပွားရေးမှာ ၂ဝ၂၁-၂ဝ၂၂ ခုနှစ် ဒုတိယ(၆)လတာကာလ၌ ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ပြန်လည်တိုးတက်လာခဲ့ကြောင်း နစကဘက်မှ ထုတ်ဖော်ပြောဆိုထားသည်။

ပြီးခဲ့သော ၂ဝ၁၁ ခုနှစ် ဒီမိုကရေစီစနစ်စတင်လျှောက်လှမ်းချိန်၌ ဈေးကွက်စီးပွား ရေးစနစ်ကို ကျင့်သုံးခဲ့ရာတွင် အစိုးရပထမသက်တမ်း(၅)နှစ်အတွင်း၌ နိုင်ငံ၏ GDP တိုးတက်မှုနှုန်းမှာ ၈ ဒသမ ၄ ရာခိုင်နှုန်းအထိတိုးတက်ခဲ့ကြောင်း နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့နောက် NLD အစိုးရလက်ထက် ဒုတိယအစိုးရသက်တမ်း၌ တိုးတက်မှုနှုန်းမှာ ၃ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆို သည်။

ထိုသို့စီးပွားရေးကျဆင်းခဲ့ရခြင်းမှာ ပြည်ပ၏အကူအညီအထောက်အပံ့များကို မှီခိုမှုများပြားခြင်း၊ ပြည်တွင်းစီးပွားရေးကို အားပေးမှုမရှိခြင်း၊ စီမံခန့်ခွဲမှုအားနည်းချက်များရှိခြင်းကြောင့် ယူဆကြောင်းလည်း နစကအကြီးအကဲက ပြောသည်။

လက်ရှိ နစကအနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်ယူချိန်တွင် ယခင်အစိုးရလက်ထက်မှ စီးပွားရေးကျဆင်းခဲ့မှု၊ ကိုဗစ် -၁၉ ရောဂါဖြစ်ပွားမှုနှင့် ကမ္ဘာ့စီးပွားရေးကျဆင်းခဲ့မှုများကြောင့် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထားသည်။

သို့သော် ကိုဗစ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ပြည်တွင်းစီးပွား ရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့မှုကြောင့် ၂ဝ၂၁-၂ဝ၂၂ ခုနှစ် ပထမ(၆)လ တာကာလအတွင်း အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး နိုင်ငံ၏စီးပွားရေးမှာ ၈ ရာခိုင်နှုန်းခန့် ပြန်လည်တိုးတက်လာခဲ့ကြောင်း နစကအကြီးအကဲက ဆိုသည်။

ထို့ပြင် ၂ဝ၂၁-၂ဝ၂၂ ခုနှစ် ဒုတိယ(၆)လတကာလ၌ ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ပြန်လည်းတိုးတက်လာခဲ့ပြီး ထိုသို့တိုးတက်လာခြင်းမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့ခြင်းအပြင် ပြည်တွင်း၌ရှိသည့် ရေသယံဇာတ၊ မြေသယံဇာတ၊ လယ်ယာ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍနှင့် လူသားအရင်းအမြစ်များ ၏ ဆောင်ရွက်နိုင်မှုများကို အသုံးချနိုင်မှုကြောင့် နိုင်ငံစီးပွားရေးတိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေရပြီး လူငယ်အများအပြားကလည်း ပြည်ပနိုင်ငံများသို့ ထွက်ခွာအလုပ်လုပ်ရန် ပြင်ဆင်နေမှုများရှိကြောင်း တွေ့ရှိရသည်။

zawgyi version
ႏိုင္ငံ၏စီးပြားေရးမွာ ၂ဝ၂၁-၂ဝ၂၂ ခုႏွစ္ ဒုတိယ (၆)လတာကာလ၌ ၃ ဒသမ ၄ ရာခိုင္ႏႈန္းအထိ ျပန္လည္တိုးတက္လာဟု နစကေျပာ
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၂

ႏိုင္ငံ၏ စီးပြားေရးမွာ ၂ဝ၂၁-၂ဝ၂၂ ခုႏွစ္ ဒုတိယ(၆)လတာကာလ၌ ၃ ဒသမ ၄ ရာခိုင္ႏႈန္းအထိ ျပန္လည္တိုးတက္လာခဲ့ေၾကာင္း နစကဘက္မွ ထုတ္ေဖာ္ေျပာဆိုထားသည္။

ၿပီးခဲ့ေသာ ၂ဝ၁၁ ခုႏွစ္ ဒီမိုကေရစီစနစ္စတင္ေလွ်ာက္လွမ္းခ်ိန္၌ ေဈးကြက္စီးပြား ေရးစနစ္ကို က်င့္သုံးခဲ့ရာတြင္ အစိုးရပထမသက္တမ္း(၅)ႏွစ္အတြင္း၌ ႏိုင္ငံ၏ GDP တိုးတက္မႈႏႈန္းမွာ ၈ ဒသမ ၄ ရာခိုင္ႏႈန္းအထိတိုးတက္ခဲ့ေၾကာင္း နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

ထို႔ေနာက္ NLD အစိုးရလက္ထက္ ဒုတိယအစိုးရသက္တမ္း၌ တိုးတက္မႈႏႈန္းမွာ ၃ ဒသမ ၂ ရာခိုင္ႏႈန္းအထိ က်ဆင္းခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆို သည္။

ထိုသို႔စီးပြားေရးက်ဆင္းခဲ့ရျခင္းမွာ ျပည္ပ၏အကူအညီအေထာက္အပံ့မ်ားကို မွီခိုမႈမ်ားျပားျခင္း၊ ျပည္တြင္းစီးပြားေရးကို အားေပးမႈမရွိျခင္း၊ စီမံခန႔္ခြဲမႈအားနည္းခ်က္မ်ားရွိျခင္းေၾကာင့္ ယူဆေၾကာင္းလည္း နစကအႀကီးအကဲက ေျပာသည္။

လက္ရွိ နစကအေနျဖင့္ ႏိုင္ငံေတာ္တာဝန္မ်ားကို စတင္ယူခ်ိန္တြင္ ယခင္အစိုးရလက္ထက္မွ စီးပြားေရးက်ဆင္းခဲ့မႈ၊ ကိုဗစ္ -၁၉ ေရာဂါျဖစ္ပြားမႈႏွင့္ ကမာၻ႔စီးပြားေရးက်ဆင္းခဲ့မႈမ်ားေၾကာင့္ အႏုတ္ ၅ ဒသမ ၉ ရာခိုင္ႏႈန္းအထိ က်ဆင္းခဲ့ေၾကာင္း ဗိုလ္ ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထုတ္ေဖာ္ေျပာဆိုထားသည္။

သို႔ေသာ္ ကိုဗစ္ေရာဂါထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ျခင္းႏွင့္ ျပည္တြင္းစီးပြား ေရးလုပ္ငန္းမ်ားကို အားေပးေဆာင္႐ြက္ခဲ့မႈေၾကာင့္ ၂ဝ၂၁-၂ဝ၂၂ ခုႏွစ္ ပထမ(၆)လ တာကာလအတြင္း အေပါင္း ၂ ဒသမ ၄ ရာခိုင္ႏႈန္းသို႔ ျပန္လည္ေရာက္ရွိလာခဲ့ၿပီး ႏိုင္ငံ၏စီးပြားေရးမွာ ၈ ရာခိုင္ႏႈန္းခန႔္ ျပန္လည္တိုးတက္လာခဲ့ေၾကာင္း နစကအႀကီးအကဲက ဆိုသည္။

ထို႔ျပင္ ၂ဝ၂၁-၂ဝ၂၂ ခုႏွစ္ ဒုတိယ(၆)လတကာလ၌ ၃ ဒသမ ၄ ရာခိုင္ႏႈန္းအထိ ျပန္လည္းတိုးတက္လာခဲ့ၿပီး ထိုသို႔တိုးတက္လာျခင္းမွာ ျပည္တြင္းစီးပြားေရးလုပ္ငန္းမ်ားကို အားေပးေဆာင္႐ြက္ခဲ့ျခင္းအျပင္ ျပည္တြင္း၌ရွိသည့္ ေရသယံဇာတ၊ ေျမသယံဇာတ၊ လယ္ယာ၊ သားငါးက႑၊ သစ္ေတာက႑ႏွင့္ လူသားအရင္းအျမစ္မ်ား ၏ ေဆာင္႐ြက္ႏိုင္မႈမ်ားကို အသုံးခ်ႏိုင္မႈေၾကာင့္ ႏိုင္ငံစီးပြားေရးတိုးတက္လာခဲ့ျခင္းျဖစ္ေၾကာင္း ၎က ထည့္သြင္းေျပာဆိုထားသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္း၌ ကုန္ေဈးႏႈန္းႀကီးျမင့္မႈဒဏ္ကို ခံစားေနရၿပီး လူငယ္အမ်ားအျပားကလည္း ျပည္ပႏိုင္ငံမ်ားသို႔ ထြက္ခြာအလုပ္လုပ္ရန္ ျပင္ဆင္ေနမႈမ်ားရွိေၾကာင္း ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.