အကျဉ်ထောင်အတွင်းသို့ ကန့်သတ်ပစ္စည်းများ ပေးပို့တင်သွင်းမှုများရှိနေပြီး ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ ရှာဖွေစစ်ဆေးမှုများလုပ်ရန် ပြည်ထဲရေးဝန်ကြီးပြော

 650

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၃

အကျဉ်ထောင်အတွင်းသို့ ကန့်သတ်ပစ္စည်းများ ပေးပို့တင်သွင်းမှုများရှိနေသည့်အတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရန် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ပြောသည်။

ပြည်ထဲရေးဝန်ကြီးက ဇန်နဝါရီ ၁၂ ရက်တွင် ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်ရှိ အစည်းအဝေးခန်းမ၌ ထောင်မှတာ ဝန်ရှိသူများနှင့်တွေ့ဆုံစဉ်အချိန် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သော ဇန်နဝါရီ ၆ ရက်က ပုသိမ်အကျဉ်းထောင်၌ ဆူပူမှုဖြစ်ပွားခဲ့ရာ အချုပ်သားတစ်ဦးသေဆုံးခဲ့ပြီး လူ(၇ဝ)ထက်မနည်း ထိခိုက်ဒဏ်ရာရရှိမှုဖြစ်စဉ် ဖြစ်ပွားထားသည်။

ထောင်အတွင်း ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များ ထပ်မံမဖြစ်ပွားရေးနှင့် ယခုဖြစ်စဉ်ကိုအတွေ့အကြုံယူကာ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ပြီး အစီအမံများရေးဆွဲဆောင်ရွက်သွားရန်လည်း ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ထည့်သွင်း မှာကြားထားသည်။

ထို့ပြင် ပြည်ထဲရေးဝန်ကြီးက အကျဉ်းထောင်အတွင်းသို့ ပေးပို့ခွင့်မရှိသည့် ကန့်သတ်ပစ္စည်းများ ပေးပို့တင်သွင်းနေမှုများရှိ ၍ ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ အကျဉ်းသား၊ အချုပ်သားများ၏ အိပ်ဆောင်များကို စနစ်တကျရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်သွားရန်လည်း တိုက်တွန်းပြောဆိုထားသည်။

အလားတူ ဝန်ထမ်းများအနေဖြင့် လာဘ်ပေးလာဘ်ယူကင်းရှင်းပြီး ကိုယ်ကျင့်တရားကောင်းမွန်စွာနေထိုင်ရန်နှင့် ကိုင်တွယ်သည့် လက်နက်များကိုလည်း ကျွမ်းကျင်စွာအသုံးပြုနိုင်ရေး လေ့ကျင့်ရန်လည်း ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်အတွင်းက ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ ထောင်ဝင်စာပါဆယ်လက်ခံရေးဌာနအနီးတွင်လည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

လက်ရှိတွင် အဆိုပါထောင်ဝင်စာပါဆယ် လက်ခံရေးမှတ်တမ်းဌာနစိတ်နှင့် ပါဆယ်ရှာဖွေရေးဌာန စိတ်တို့တွင် လာရောက်ပေးပို့သည့် ပါဆယ်ပစ္စည်းများကို Luggage X-Ray Scanner စက်ဖြင့် စနစ်တကျစစ်ဆေးရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
အက်ဥ္ေထာင္အတြင္းသို႔ ကန႔္သတ္ပစၥည္းမ်ား ေပးပို႔တင္သြင္းမႈမ်ားရွိေနၿပီး ရဲတပ္ဖြဲ႕ႏွင့္ပူးေပါင္းကာ ရွာေဖြစစ္ေဆးမႈမ်ားလုပ္ရန္ ျပည္ထဲေရးဝန္ႀကီးေျပာ
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၃

အက်ဥ္ေထာင္အတြင္းသို႔ ကန႔္သတ္ပစၥည္းမ်ား ေပးပို႔တင္သြင္းမႈမ်ားရွိေနသည့္အတြက္ ရဲတပ္ဖြဲ႕ႏွင့္ပူးေပါင္းကာ ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ရန္ ျပည္ထဲေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္က ေျပာသည္။

ျပည္ထဲေရးဝန္ႀကီးက ဇန္နဝါရီ ၁၂ ရက္တြင္ ဧရာဝတီတိုင္း၊ ပုသိမ္အက်ဥ္းေထာင္ရွိ အစည္းအေဝးခန္းမ၌ ေထာင္မွတာ ဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံစဥ္အခ်ိန္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့ေသာ ဇန္နဝါရီ ၆ ရက္က ပုသိမ္အက်ဥ္းေထာင္၌ ဆူပူမႈျဖစ္ပြားခဲ့ရာ အခ်ဳပ္သားတစ္ဦးေသဆုံးခဲ့ၿပီး လူ(၇ဝ)ထက္မနည္း ထိခိုက္ဒဏ္ရာရရွိမႈျဖစ္စဥ္ ျဖစ္ပြားထားသည္။

ေထာင္အတြင္း ဆူပူအၾကမ္းဖက္မႈျဖစ္စဥ္မ်ား ထပ္မံမျဖစ္ပြားေရးႏွင့္ ယခုျဖစ္စဥ္ကိုအေတြ႕အႀကဳံယူကာ အားသာခ်က္၊ အားနည္းခ်က္မ်ားကို ေဖာ္ထုတ္ၿပီး အစီအမံမ်ားေရးဆြဲေဆာင္႐ြက္သြားရန္လည္း ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္က ထည့္သြင္း မွာၾကားထားသည္။

ထို႔ျပင္ ျပည္ထဲေရးဝန္ႀကီးက အက်ဥ္းေထာင္အတြင္းသို႔ ေပးပို႔ခြင့္မရွိသည့္ ကန႔္သတ္ပစၥည္းမ်ား ေပးပို႔တင္သြင္းေနမႈမ်ားရွိ ၍ ရဲတပ္ဖြဲ႕ႏွင့္ပူးေပါင္းကာ အက်ဥ္းသား၊ အခ်ဳပ္သားမ်ား၏ အိပ္ေဆာင္မ်ားကို စနစ္တက်ရွာေဖြစစ္ေဆးျခင္းမ်ား ျပဳလုပ္သြားရန္လည္း တိုက္တြန္းေျပာဆိုထားသည္။

အလားတူ ဝန္ထမ္းမ်ားအေနျဖင့္ လာဘ္ေပးလာဘ္ယူကင္းရွင္းၿပီး ကိုယ္က်င့္တရားေကာင္းမြန္စြာေနထိုင္ရန္ႏွင့္ ကိုင္တြယ္သည့္ လက္နက္မ်ားကိုလည္း ကြၽမ္းက်င္စြာအသုံးျပဳႏိုင္ေရး ေလ့က်င့္ရန္လည္း ျပည္ထဲေရးဝန္ႀကီးဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္က ထည့္သြင္းေျပာဆိုခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္အတြင္းက ရန္ကုန္ၿမိဳ႕ အင္းစိန္ဗဟိုအက်ဥ္းေထာင္ရွိ ေထာင္ဝင္စာပါဆယ္လက္ခံေရးဌာနအနီးတြင္လည္း ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ လူထိခိုက္ေသဆုံးမႈမ်ား ရွိခဲ့သည္။

လက္ရွိတြင္ အဆိုပါေထာင္ဝင္စာပါဆယ္ လက္ခံေရးမွတ္တမ္းဌာနစိတ္ႏွင့္ ပါဆယ္ရွာေဖြေရးဌာန စိတ္တို႔တြင္ လာေရာက္ေပးပို႔သည့္ ပါဆယ္ပစၥည္းမ်ားကို Luggage X-Ray Scanner စက္ျဖင့္ စနစ္တက်စစ္ေဆးရွာေဖြမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.