မြန်မာနိုင်ငံ၌ CMP စက်ရုံပေါင်း (၇၃၈)ရုံရှိသည့်အနက် နိုင်ငံခြားငွေ ဝင်ရောက်ခြင်းမရှိသောစက်ရုံနှင့် ငွေစာရင်းဖွင့်လှစ်ခြင်းမရှိသောစက်ရုံ (၄၀၀)နီးပါးရှိနေ

 725

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၃

မြန်မာနိုင်ငံ၌ CMP စက်ရုံ၊ အလုပ်ရုံပေါင်း (၇၃၈)ရုံ ရှိသည့်အနက် နိုင်ငံခြားငွေ ဝင်ရောက်ခြင်းမရှိသော စက်ရုံနှင့် ငွေစာ ရင်းဖွင့်လှစ်ထားခြင်းမရှိသော စက်ရုံ(၄၀၀)နီးပါးအထိရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ စက်ရုံအလုပ်ရုံများ၏ နိုင်ငံခြားငွေ ဝင်ရောက်မှုများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် တိုက်ဆိုင် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဒေါက်တာပွင့်ဆန်းက ယခုရက်ပိုင်းအတွင်း ပြုလုပ်သော အစည်းအဝေးတစ်ရပ်တွင် ဖွင့်ဟ ပြောဆိုထားသည်။

ထိုသို့စစ်ဆေးခဲ့ရာတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၁၄ ရက်နေ့အထိ ငွေစာရင်းဖွင့်လှစ်ထားရှိသည့် စက်ရုံများတွင် နိုင်ငံခြားငွေဝင်ရောက်သည့် စက်ရုံ (၃၆၂)ရုံရှိကြောင်း အလုပ်သမားဝန်ကြီးက ဆိုသည်။

သို့သော် နိုင်ငံခြားငွေဝင်ရောက်ခြင်းမရှိသည့် စက်ရုံ (၂၈၄) ရုံကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ငွေစာရင်းဖွင့်လှစ်ထားခြင်း မရှိသည့် စက်ရုံ (၉၂) ရုံကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ဒေါက်တာပွင့်ဆန်းက ပြောသည်။

ထိုသို့ ငွေစာရင်းဖွင့်လှစ်ထားခြင်းမရှိသော စက်ရုံများ ငွေကြေးလည်ပတ်သုံးစွဲရာတွင် ဘဏ်စနစ်ကို အသုံးပြုရ မည်ဖြစ်ပြီး နိုင်ငံခြားငွေဝင်ရောက်ခြင်းမရှိသော စက်ရုံများသည် ပြည်ပမှအသုံးစရိတ်များ လွှဲပြောင်းသုံးစွဲရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက သတိပေး ပြောဆိုထားသည်။

နိုင်ငံတော်၏ ဘဏ္ဍာရေးလုပ်ငန်းစဉ်များတွင် နိုင်ငံခြားဝင်ငွေ စီးဆင်းမှုသည် နိုင်ငံစီပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသည့်ကဏ္ဍမှ ပါဝင်လျက်ရှိပြီး CMP လုပ်ငန်းရှင်များအနေဖြင့် တွေ့ကြုံရသောအခက်အခဲများနှင့် ပတ်သက်၍ ဖြေလျှော့ပေးစေလိုသည့် အချက်များရှိပါက တင်ပြနိုင်ကြောင်းလည်း အလုပ်သမားဝန်ကြီးက အသိပေးပြောဆိုထားသည်။

CMP စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ခွင့်ပြုမိန့်ရရှိသော လုပ်ငန်းများကို တည်ဆဲဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင် ရွက်ခြင်း ရှိ၊ မရှိ၊ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ အခွန်ပေးဆောင်ခြင်း ရှိ၊ မရှိနှင့် ရရှိသောလုပ်ခများကို ဘဏ်သို့ မှန်ကန်စွာ ပေးသွင်းခြင်း ရှိ၊ မရှိ တို့ကို စစ်ဆေးကြပ်မတ်ဆောင်ရွက်နေကြောင်း ၎င်းက ထည့်သွင်း အသိပေးထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ CMP စက်ရုံ၊ အလုပ်ရုံများတွင် တရုတ်နိုင်ငံမှ အများဆုံးရင်းနှီးမြှုပ်နှံ ဆောင်ရွက် လျက်ရှိပြီး ထိုင်ဝမ်၊ ထိုင်း၊ ကိုရီယား၊ ဂျပန်နိုင်ငံတို့ကလည်း ၎င်းလုပ်ငန်းများထဲတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ျမန္မာႏိုင္ငံ၌ CMP စက္႐ုံေပါင္း (၇၃၈)႐ုံရွိသည့္အနက္ ႏိုင္ငံျခားေငြ ဝင္ေရာက္ျခင္းမရွိေသာစက္႐ုံႏွင့္ ေငြစာရင္း ဖြင့္လွစ္ျခင္းမရွိေသာစက္႐ုံ (၄၀၀)နီးပါးရွိေန
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၃

ျမန္မာႏိုင္ငံ၌ CMP စက္႐ုံ၊ အလုပ္႐ုံေပါင္း (၇၃၈)႐ုံ ရွိသည့္အနက္ ႏိုင္ငံျခားေငြ ဝင္ေရာက္ျခင္းမရွိေသာ စက္႐ုံႏွင့္ ေငြစာ ရင္းဖြင့္လွစ္ထားျခင္းမရွိေသာ စက္႐ုံ(၄၀၀)နီးပါးအထိရွိေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ သိရသည္။

အဆိုပါ စက္႐ုံအလုပ္႐ုံမ်ား၏ ႏိုင္ငံျခားေငြ ဝင္ေရာက္မႈမ်ားကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ႏွင့္ တိုက္ဆိုင္ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း အလုပ္သမားဝန္ႀကီးေဒါက္တာပြင့္ဆန္းက ယခုရက္ပိုင္းအတြင္း ျပဳလုပ္ေသာ အစည္းအေဝးတစ္ရပ္တြင္ ဖြင့္ဟ ေျပာဆိုထားသည္။

ထိုသို႔စစ္ေဆးခဲ့ရာတြင္ ၂၀၂၂ ခုႏွစ္ စက္တင္ဘာ ၂၂ ရက္မွ ႏိုဝင္ဘာ ၁၄ ရက္ေန႔အထိ ေငြစာရင္းဖြင့္လွစ္ထားရွိသည့္ စက္႐ုံမ်ားတြင္ ႏိုင္ငံျခားေငြဝင္ေရာက္သည့္ စက္႐ုံ (၃၆၂)႐ုံရွိေၾကာင္း အလုပ္သမားဝန္ႀကီးက ဆိုသည္။

သို႔ေသာ္ ႏိုင္ငံျခားေငြဝင္ေရာက္ျခင္းမရွိသည့္ စက္႐ုံ (၂၈၄) ႐ုံကို စစ္ေဆးေတြ႕ရွိခဲ့ရၿပီး ေငြစာရင္းဖြင့္လွစ္ထားျခင္း မရွိသည့္ စက္႐ုံ (၉၂) ႐ုံကိုလည္း စစ္ေဆးေတြ႕ရွိခဲ့ရေၾကာင္း ေဒါက္တာပြင့္ဆန္းက ေျပာသည္။

ထိုသို႔ ေငြစာရင္းဖြင့္လွစ္ထားျခင္းမရွိေသာ စက္႐ုံမ်ား ေငြေၾကးလည္ပတ္သုံးစြဲရာတြင္ ဘဏ္စနစ္ကို အသုံးျပဳရ မည္ျဖစ္ၿပီး ႏိုင္ငံျခားေငြဝင္ေရာက္ျခင္းမရွိေသာ စက္႐ုံမ်ားသည္ ျပည္ပမွအသုံးစရိတ္မ်ား လႊဲေျပာင္းသုံးစြဲရာတြင္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ၎က သတိေပး ေျပာဆိုထားသည္။

ႏိုင္ငံေတာ္၏ ဘ႑ာေရးလုပ္ငန္းစဥ္မ်ားတြင္ ႏိုင္ငံျခားဝင္ေငြ စီးဆင္းမႈသည္ ႏိုင္ငံစီပြားဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေရးႀကီးသည့္က႑မွ ပါဝင္လ်က္ရွိၿပီး CMP လုပ္ငန္းရွင္မ်ားအေနျဖင့္ ေတြ႕ႀကဳံရေသာအခက္အခဲမ်ားႏွင့္ ပတ္သက္၍ ေျဖေလွ်ာ့ေပးေစလိုသည့္ အခ်က္မ်ားရွိပါက တင္ျပႏိုင္ေၾကာင္းလည္း အလုပ္သမားဝန္ႀကီးက အသိေပးေျပာဆိုထားသည္။

CMP စနစ္ျဖင့္ လုပ္ငန္းေဆာင္႐ြက္ခြင့္ျပဳမိန႔္ရရွိေသာ လုပ္ငန္းမ်ားကို တည္ဆဲဥပေဒမ်ားႏွင့္အညီ လုပ္ကိုင္ေဆာင္ ႐ြက္ျခင္း ရွိ၊ မရွိ၊ သတ္မွတ္ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ အခြန္ေပးေဆာင္ျခင္း ရွိ၊ မရွိႏွင့္ ရရွိေသာလုပ္ခမ်ားကို ဘဏ္သို႔ မွန္ကန္စြာ ေပးသြင္းျခင္း ရွိ၊ မရွိ တို႔ကို စစ္ေဆးၾကပ္မတ္ေဆာင္႐ြက္ေနေၾကာင္း ၎က ထည့္သြင္း အသိေပးထားသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္းရွိ CMP စက္႐ုံ၊ အလုပ္႐ုံမ်ားတြင္ တ႐ုတ္ႏိုင္ငံမွ အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံ ေဆာင္႐ြက္ လ်က္ရွိၿပီး ထိုင္ဝမ္၊ ထိုင္း၊ ကိုရီယား၊ ဂ်ပန္ႏိုင္ငံတို႔ကလည္း ၎လုပ္ငန္းမ်ားထဲတြင္ ရင္းႏွီးျမႇဳပ္ႏွံေဆာင္႐ြက္ လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.