မှော်ဘီမြို့နယ်ရှိ Grand Royal အရက်ချက်စက်ရုံ မီးလောင်မှုဖြစ်ပွားနေ

 1077

NP News - ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ Grand Royal အရက်ချက်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(ဇန်နဝါရီ ၁၃ ရက်နေ့) နေ့လည်(၃)နာရီခွဲအချိန်ခန့်တွင် မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊ အမှတ်(၄) လမ်းမကြီးပေါ်ရှိ Grand Royal အရက်ချက်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါမီးလောင်မှုအား level-3 အဆင့်ဖြင့် သတ်မှတ်ထားပြီး မြို့နယ်များရှိ မီးသတ်ယာဉ်များမှ ထွက်ခွာမီးငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်အထိမီးလောင်မှုမှာ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
NP News - ဇန်နဝါရီ ၁၃





Picture

Ye Htun

13/01/2023 22:20

နဂိုကတည်းက စျေးက တက်နေတာ...သွားပါပြီ......😥😥😁😁

Related news

© 2021. All rights reserved.