နေပြည်တော်တွင် ခရီးသည်(၄ဝ)ကျော်ပါလာသည့် Express ကား နှင့် ဆီဘောက်ဆာကား(၂)စီး တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ကား(၂)စီး မီးလောင်ပျက်စီး

 1047

NP News - ဇန်နဝါရီ ၁၄

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်တွင် ခရီးသည်တင်ကားနှင့် ဆီဘောက်ဆာ(၂)စီး ယာဉ်တိုက်မှုဖြစ်ပွား၍ မီးလောင်ခဲ့ရာ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ(၁၃)ရက်၊ ညနေ(၆)နာရီအချိန်ခန့်တွင် ဇေယျာသီရိမြို့နယ်၊ ခေတ်အေးအုပ်စု၊ မရင်းကြီးကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်း ဟောင်းရှိ မိုင်တိုင်အမှတ်(၂၃၇/၄) တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ခရီးသည် (၄ဝ)ကျော် လိုက်ပါလာသည့် “နန်းထိုက်စံ” Expressသည် ရန်ကုန်-မန္တလေးကားလမ်းဟောင်းအတိုင်း ပျော်ဘွယ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာချိန်တွင် ဒီဇယ်အပြည့်တင်လာသည့် ဆီဘောက်ဆာနှင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သဗ္ဗသုခ နာရေးကူညီရေး အသင်းထံမှ သိရသည်။

“ကျွန်တော်တို့ကတော့ ဖြစ်စဉ်ဖြစ်ပြီးမှ ရောက်တာ Express မောင်းတဲ့သူပြောတာက အဲ့လို ယာဉ်တိုက်မှုဖြစ်တော့ သူတို့ကားမှာ မီးကစပြီးစွဲနေပြီ အဲဒီအချိန်မှာ ချက်ချင်းကားရပ်ပြီး သူ့ရဲ့လူတွေအကုန်လုံးကို အပြင်ကိုရအောင်ထုတ်ခဲ့ရတယ် လို့ပြောတယ်။ တကယ် ကျွန်တော်တို့ရောက်တဲ့ အချိန်မှာလည်း ခရီးတင်ကားရော ဆီဘောက်ဆာရော(၂)စီးလုံးမှာရှိတဲ့ မီးလောင်လို့ရတာအကုန်လုံး မီးတွေ လောင်နေတာပေါ့” ဟု အထက်ပါနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

မီးလောင်မှုအား နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်ယာဉ်(၁၅)စီး အပါအဝင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများမှ ပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့ကြပြီး ည(၇)နာရီအချိန်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း မီးသတ်ဌာနမှ ထုတ်ပြန်ထား သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ခရီးသည်များမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိသော်လည်း ဆီဘောက်ဆာယာဉ်တွင် လိုက်ပါလာသူ(၄)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အား နေပြည်တော်ကုတင်(၁ဝဝဝ)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

၎င်းယာဉ်တိုက်မှုတွင် ခရီးသည်တင်ကားနှင့် ဆီဘောက်ဆာယာဉ်တို့ အပြင် အခြား ဆီဘောက်ဆာအလွတ်ကားတစ်စီးလည်း ပါဝင်ခဲ့ကြောင်း သဗ္ဗသုခနာရေးကူညီမှုအသင်းမှ ဆက်လက်ပြောသည်။

“အဲ့ဖြစ်စဉ်မှာက အဲ့ကားနှစ်စီးတိုက်တဲ့အပြင်ကို Express ရဲ့ရှေ့မှာက လမ်းကြောင်းတူသွားနေတဲ့ နောက်ထပ်ဆီဘောက်ဆာ အလွတ် (၁)စီးရှိသေးတယ်။ အဲ့ကားကို Express ကထပ်တိုးမိတယ်။ သူကတော့ မီး လောင်တဲ့အထဲမှာတော့မပါဘူး” ဟု ၎င်းမှ ဆိုသည်။

ဆေးရုံသို့ပို့ထားရသည့် ဆီဘောက်ဆာယာဉ်မှ ထိခိုက်ဒဏ်ရာရရှိသူ(၄)ဦးမှာ စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း သိရသည်

zawgyi version
ေနျပည္ေတာ္တြင္ ခရီးသည္(၄ဝ)ေက်ာ္ပါလာသည့္ Express ကား ႏွင့္ ဆီေဘာက္ဆာကား(၂)စီး တိုက္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ကား(၂)စီး မီးေလာင္ပ်က္စီး
NP News - ဇန္နဝါရီ ၁၄

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ေဇယ်ာသီရိၿမိဳ႕နယ္တြင္ ခရီးသည္တင္ကားႏွင့္ ဆီေဘာက္ဆာ(၂)စီး ယာဥ္တိုက္မႈျဖစ္ပြား၍ မီးေလာင္ခဲ့ရာ (၄)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဇန္နဝါရီလ(၁၃)ရက္၊ ညေန(၆)နာရီအခ်ိန္ခန႔္တြင္ ေဇယ်ာသီရိၿမိဳ႕နယ္၊ ေခတ္ေအးအုပ္စု၊ မရင္းႀကီးေက်း႐ြာ၊ ရန္ကုန္-မႏၲေလးလမ္း ေဟာင္းရွိ မိုင္တိုင္အမွတ္(၂၃၇/၄) တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ခရီးသည္ (၄ဝ)ေက်ာ္ လိုက္ပါလာသည့္ “နန္းထိုက္စံ” Expressသည္ ရန္ကုန္-မႏၲေလးကားလမ္းေဟာင္းအတိုင္း ေပ်ာ္ဘြယ္ၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ ေမာင္းႏွင္လာခ်ိန္တြင္ ဒီဇယ္အျပည့္တင္လာသည့္ ဆီေဘာက္ဆာႏွင့္ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သဗၺသုခ နာေရးကူညီေရး အသင္းထံမွ သိရသည္။

“ကြၽန္ေတာ္တို႔ကေတာ့ ျဖစ္စဥ္ျဖစ္ၿပီးမွ ေရာက္တာ Express ေမာင္းတဲ့သူေျပာတာက အဲ့လို ယာဥ္တိုက္မႈျဖစ္ေတာ့ သူတို႔ကားမွာ မီးကစၿပီးစြဲေနၿပီ အဲဒီအခ်ိန္မွာ ခ်က္ခ်င္းကားရပ္ၿပီး သူ႔ရဲ႕လူေတြအကုန္လုံးကို အျပင္ကိုရေအာင္ထုတ္ခဲ့ရတယ္ လို႔ေျပာတယ္။ တကယ္ ကြၽန္ေတာ္တို႔ေရာက္တဲ့ အခ်ိန္မွာလည္း ခရီးတင္ကားေရာ ဆီေဘာက္ဆာေရာ(၂)စီးလုံးမွာရွိတဲ့ မီးေလာင္လို႔ရတာအကုန္လုံး မီးေတြ ေလာင္ေနတာေပါ့” ဟု အထက္ပါနာေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

မီးေလာင္မႈအား ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ မီးသတ္စခန္းမ်ားမွ မီးသတ္ယာဥ္(၁၅)စီး အပါအဝင္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ လူမႈကူညီေရးအသင္းမ်ားမွ ပူးေပါင္း၍ မီးျငႇိမ္းသတ္ခဲ့ၾကၿပီး ည(၇)နာရီအခ်ိန္ခန႔္တြင္ မီးၿငိမ္းခဲ့ေၾကာင္း မီးသတ္ဌာနမွ ထုတ္ျပန္ထား သည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ ခရီးသည္မ်ားမွာ ထိခိုက္ဒဏ္ရာရရွိခဲ့ျခင္းမရွိေသာ္လည္း ဆီေဘာက္ဆာယာဥ္တြင္ လိုက္ပါလာသူ(၄)ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့ၿပီး ၎တို႔အား ေနျပည္ေတာ္ကုတင္(၁ဝဝဝ)ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

၎ယာဥ္တိုက္မႈတြင္ ခရီးသည္တင္ကားႏွင့္ ဆီေဘာက္ဆာယာဥ္တို႔ အျပင္ အျခား ဆီေဘာက္ဆာအလြတ္ကားတစ္စီးလည္း ပါဝင္ခဲ့ေၾကာင္း သဗၺသုခနာေရးကူညီမႈအသင္းမွ ဆက္လက္ေျပာသည္။

“အဲ့ျဖစ္စဥ္မွာက အဲ့ကားႏွစ္စီးတိုက္တဲ့အျပင္ကို Express ရဲ႕ေရွ႕မွာက လမ္းေၾကာင္းတူသြားေနတဲ့ ေနာက္ထပ္ဆီေဘာက္ဆာ အလြတ္ (၁)စီးရွိေသးတယ္။ အဲ့ကားကို Express ကထပ္တိုးမိတယ္။ သူကေတာ့ မီး ေလာင္တဲ့အထဲမွာေတာ့မပါဘူး” ဟု ၎မွ ဆိုသည္။

ေဆး႐ုံသို႔ပို႔ထားရသည့္ ဆီေဘာက္ဆာယာဥ္မွ ထိခိုက္ဒဏ္ရာရရွိသူ(၄)ဦးမွာ စိုးရိမ္ရသည့္ အေျခအေနမရွိေၾကာင္း သိရသည္

Related news

© 2021. All rights reserved.