သထုံမြို့၌ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးမတစ်ဦး ပစ်သတ်ခံရ

 896

NP News - ဇန်နဝါရီ ၁၄

မွန်ပြည်နယ်၊ သထုံမြို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးမတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ(၁၃)ရက်၊ ညနေ(၄)နာရီအချိန်တွင် သထုံမြို့နယ်၊ တောင်စွန်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ် အစိုးရ အဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်းနှင့် ရပ်ကျေးစာရေးမ သက်ဟေမာမြတ်တို့(၂)ဦး သည် ရုံးအတွင်း ရုံးလုပ်ငန်းများဆောင်ရွက်နေချိန်တွင် အကြမ်းဖက်သမား(၂)ဦးမှ ဆိုင်ကယ်(၁)စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့အား သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးစိုးသိန်းနှင့် ရပ်ကွက်စာရေးမတို့(၂)ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသနိုင်ရန် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရသည်။

zawgyi version
သထုံၿမိဳ႕၌ အုပ္ခ်ဳပ္ေရးမႉးႏွင့္ ရပ္ေက်းစာေရးမတစ္ဦး ပစ္သတ္ခံရ
NP News - ဇန္နဝါရီ ၁၄

မြန္ျပည္နယ္၊ သထုံၿမိဳ႕တြင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးႏွင့္ ရပ္ေက်းစာေရးမတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၁၃)ရက္၊ ညေန(၄)နာရီအခ်ိန္တြင္ သထုံၿမိဳ႕နယ္၊ ေတာင္စြန္းေက်း႐ြာရွိ အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ ျဖစ္ပြားခဲ့ေၾကာင္း မြန္ျပည္နယ္ အစိုးရ အဖြဲ႕၏ တာဝန္ရွိသူတစ္ဦးထံမွ သိရသည္။

ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးစိုးသိန္းႏွင့္ ရပ္ေက်းစာေရးမ သက္ေဟမာျမတ္တို႔(၂)ဦး သည္ ႐ုံးအတြင္း ႐ုံးလုပ္ငန္းမ်ားေဆာင္႐ြက္ေနခ်ိန္တြင္ အၾကမ္းဖက္သမား(၂)ဦးမွ ဆိုင္ကယ္(၁)စီးျဖင့္ ေရာက္ရွိလာၿပီး ၎တို႔အား ေသနတ္ျဖင့္ပစ္ခတ္ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ဦးစိုးသိန္းႏွင့္ ရပ္ကြက္စာေရးမတို႔(၂)ဦးတြင္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ေဆးကုသႏိုင္ရန္ ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ ေသဆုံးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.