တည်ငြိမ်အေးချမ်းမှုရှိသည့် နာဂဒေသကို လမ်းပန်းဆက်သွယ်ရေးအပါအဝင် ကဏ္ဍအားလုံး၌ ပိုမိုမြှင့်တင်ဆောင်ရွက်ပေးမည်ဟု တပ်ချုပ် ကတိပြု

 686

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၆

တည်ငြိမ်းအေးချမ်းမှုရှိသည့် နာဂဒေသကို လမ်းပန်းဆက်သွယ်ရေးအပါအဝင် ကဏ္ဍအားလုံး၌ ယခုထက် ပိုမိုမြှင့်တင်ဆောင်ရွက်ပေးသွားမည်ဟု တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကတိပြုပြောဆိုလိုက်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီလ ၁၅ ရက်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ ကျင်းပသော နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် အထက်ပါကဲ့သို့ ကတိပြုပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုတစ်ခုလုံး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတစ်ဝှမ်း တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များကို ပြည်သူများအနေဖြင့် အစိုးရအဖွဲ့နှင့်အတူ ပူး ပေါင်းကာ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် တည်ငြိမ်အေးချမ်းပြီးဖြစ်သည့် နာဂဒေသကို ယခုထက် ပိုမိုတည်ငြိမ်အေး ချမ်းရန် နာဂဒေသတွင်ရှိသည့် တိုင်းရင်းသားအားလုံး ကြိုးပမ်းဆောင်ရွက်ပေးကြရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေတ္တာရပ်ခံထားသည်။

ဆက်လက်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်များ၏ လမ်းပန်းဆက် သွယ်ရေးသည် ယခင်ကထက် ပိုမိုကောင်းမွန်ပြီး မြို့ရွာများဖွံ့ဖြိုးတိုးတက်နေကြောင်း သိရှိရသည့်အတွက် သက်ဆိုင်ရာဌာနများ၏ ကြိုးပမ်းမှုကို အသိအမှတ်ပြုဂုဏ်ပြုကြောင်း တပ်ချုပ်က ထည့်သွင်းပြောဆိုထားသည်။

လက်ရှိ နစကအစိုးရအနေဖြင့် နာဂဒေသ၏ လမ်းပန်းဆက်သွယ်ရေးအပါအဝင် ကဏ္ဍအားလုံးကို ယခုထက် ပိုမိုမြှင့်တင်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အထူးသဖြင့် နာဂတိုင်းရင်းသားများ၏ ပညာရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်မှု ကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများကို အချိုးညီစွာ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကတိပြုပြောဆိုခဲ့သည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်သည် ယဉ်ကျေးမှုဓလေ့ထုံးထမ်းအစဉ်အလာများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် နာဂဒေသရှိ မြို့နယ်များအတွင်း အလှည့်ကျ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

zawgyi version
တည္ၿငိမ္ေအးခ်မ္းမႈရွိသည့္ နာဂေဒသကို လမ္းပန္းဆက္သြယ္ေရးအပါအဝင္ က႑အားလုံး၌ ပိုမိုျမႇင့္တင္ေဆာင္႐ြက္ေပးမည္ဟု တပ္ခ်ဳပ္ ကတိျပဳ
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၆

တည္ၿငိမ္းေအးခ်မ္းမႈရွိသည့္ နာဂေဒသကို လမ္းပန္းဆက္သြယ္ေရးအပါအဝင္ က႑အားလုံး၌ ယခုထက္ ပိုမိုျမႇင့္တင္ေဆာင္႐ြက္ေပးသြားမည္ဟု တပ္ခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ကတိျပဳေျပာဆိုလိုက္သည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဇန္နဝါရီလ ၁၅ ရက္တြင္ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ လဟယ္ၿမိဳ႕၌ က်င္းပေသာ နာဂ႐ိုးရာႏွစ္သစ္ကူးပြဲေတာ္အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ကတိျပဳေျပာဆိုခဲ့ျခင္းျဖစ္သည္။

ျပည္ေထာင္စုတစ္ခုလုံး ဟန္ခ်က္ညီညီဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ ႏိုင္ငံတစ္ဝွမ္း တည္ၿငိမ္ေအးခ်မ္းမႈရွိရန္လိုအပ္ၿပီး အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို ျပည္သူမ်ားအေနျဖင့္ အစိုးရအဖြဲ႕ႏွင့္အတူ ပူး ေပါင္းကာ ေဆာင္႐ြက္သြားရန္လိုအပ္ေၾကာင္း ၎က ေျပာသည္။

ထို႔ျပင္ တည္ၿငိမ္ေအးခ်မ္းၿပီးျဖစ္သည့္ နာဂေဒသကို ယခုထက္ ပိုမိုတည္ၿငိမ္ေအး ခ်မ္းရန္ နာဂေဒသတြင္ရွိသည့္ တိုင္းရင္းသားအားလုံး ႀကိဳးပမ္းေဆာင္႐ြက္ေပးၾကရန္လည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေမတၱာရပ္ခံထားသည္။

ဆက္လက္ၿပီး နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ၿမိဳ႕နယ္မ်ား၏ လမ္းပန္းဆက္ သြယ္ေရးသည္ ယခင္ကထက္ ပိုမိုေကာင္းမြန္ၿပီး ၿမိဳ႕႐ြာမ်ားဖြံ႕ၿဖိဳးတိုးတက္ေနေၾကာင္း သိရွိရသည့္အတြက္ သက္ဆိုင္ရာဌာနမ်ား၏ ႀကိဳးပမ္းမႈကို အသိအမွတ္ျပဳဂုဏ္ျပဳေၾကာင္း တပ္ခ်ဳပ္က ထည့္သြင္းေျပာဆိုထားသည္။

လက္ရွိ နစကအစိုးရအေနျဖင့္ နာဂေဒသ၏ လမ္းပန္းဆက္သြယ္ေရးအပါအဝင္ က႑အားလုံးကို ယခုထက္ ပိုမိုျမႇင့္တင္ႏိုင္ေရး ေဆာင္႐ြက္ေပးသြားမည္ျဖစ္ၿပီး အထူးသျဖင့္ နာဂတိုင္းရင္းသားမ်ား၏ ပညာေရးက႑၊ လမ္းပန္းဆက္သြယ္မႈ က႑ႏွင့္ က်န္းမာေရးက႑မ်ားကို အခ်ိဳးညီစြာ ဖြံ႕ၿဖိဳးတိုးတက္ေရး ႀကိဳးပမ္းေဆာင္႐ြက္ေပးသြားမည္ဟုလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ကတိျပဳေျပာဆိုခဲ့သည္။

နာဂ႐ိုးရာႏွစ္သစ္ကူးပြဲေတာ္သည္ ယဥ္ေက်းမႈဓေလ့ထုံးထမ္းအစဥ္အလာမ်ားကို ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ရန္ ရည္႐ြယ္ခ်က္ျဖင့္ နာဂေဒသရွိ ၿမိဳ႕နယ္မ်ားအတြင္း အလွည့္က် ႏွစ္စဥ္က်င္းပျပဳလုပ္လ်က္ရွိေၾကာင္း သိရွိရသည္။

Related news

© 2021. All rights reserved.