မြစ်ဖြတ်ပိုက်လိုင်းစီမံကိန်း လုပ်ဆောင်နေစဉ် အလုပ်သမားများနှင့် နိုင်ငံ့ဝန်ထမ်းတို့ကို KNU၊ PDF အဖွဲ့က ပစ်ခတ်တိုက်ခိုက်ကာ ဖမ်းဆီးခေါ်ဆောင်

 1060

NP News - ဇန်နဝါရီ ၁၆

မွန်ပြည်နယ်တွင် မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ မြစ်ဖြတ်ပိုက်လိုင်းစီမံကိန်းဆောင်ရွက်နေသော အလုပ်သမားများကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ(၁၄)ရက်၊ နံနက်(၈)နာရီအချိန်တွင် သထုံမြို့နယ်၊ ကတိုက်ကျေးရွာကွင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ကတိုက်ကျေးရွာကွင်းတွင် မြစ်ဖြတ်ပိုက်လိုင်းစီမံကိန်းများ ဆောင်ရွက်နေသော အလုပ်သမားများကို အကြမ်းဖက်အင်အား(၂ဝ)ခန့်က လက် နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။

ထို့နောက် စီမံကိန်းတွင် ကြီးကြပ်ဆောင်ရွက်နေသော မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသန့် နှင့် ဦးဝင်းထွန်းတို့(၂)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်များ၏ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အဆိုပါစီမံကိန်းတွင် အလုပ်လုပ်နေကြသော ဦးလှိုင်လှိုင်ဝင်းနှင့် ဦးဝေယံမင်းတို့ (၂)ဦးမှာ ကျည်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။

ထို့ပြင် ဦးသန်းထက်အောင်၊ ဦးမိုးမင်း၊ ဦးနေဝင်းအောင်၊ ဦးမောင်လတ်၊ ဦးငြိမ်းကိုကိုအောင် နှင့် ဦးပေါ်ထွန်းအောင်တို့(၆)ဦးတွင် ကျည်ထိမှန်ဒဏ်ရာများ အသီး သီးရရှိခဲ့ပြီး ဘီးလင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးခေါ်ဆောင်သွားသူ (၂)ဦးအား ပြန်လည်ကယ်တင်နိုင်ရေးနှင့် လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
ျမစ္ျဖတ္ပိုက္လိုင္းစီမံကိန္း လုပ္ေဆာင္ေနစဥ္ အလုပ္သမားမ်ားႏွင့္ ႏိုင္ငံ့ဝန္ထမ္းတို႔ကို KNU၊ PDF အဖြဲ႕က ပစ္ခတ္တိုက္ခိုက္ကာ ဖမ္းဆီးေခၚေဆာင္
NP News - ဇန္နဝါရီ ၁၆

မြန္ျပည္နယ္တြင္ ျမန္မာ့ေရနံ ႏွင့္ သဘာဝဓာတ္ေငြ႕လုပ္ငန္းမွ ျမစ္ျဖတ္ပိုက္လိုင္းစီမံကိန္းေဆာင္႐ြက္ေနေသာ အလုပ္သမားမ်ားကို လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ခဲ့ရာ ေသဆုံးသူမ်ားႏွင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၁၄)ရက္၊ နံနက္(၈)နာရီအခ်ိန္တြင္ သထုံၿမိဳ႕နယ္၊ ကတိုက္ေက်း႐ြာကြင္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္မွာ ကတိုက္ေက်း႐ြာကြင္းတြင္ ျမစ္ျဖတ္ပိုက္လိုင္းစီမံကိန္းမ်ား ေဆာင္႐ြက္ေနေသာ အလုပ္သမားမ်ားကို အၾကမ္းဖက္အင္အား(၂ဝ)ခန႔္က လက္ နက္ငယ္မ်ားျဖင့္ အေၾကာင္းမဲ့ လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုထားသည္။

ထို႔ေနာက္ စီမံကိန္းတြင္ ႀကီးၾကပ္ေဆာင္႐ြက္ေနေသာ ျမန္မာ့ေရနံႏွင့္ သဘာဝ ဓာတ္ေငြ႕လုပ္ငန္းမွ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးမ်ိဳးသန႔္ ႏွင့္ ဦးဝင္းထြန္းတို႔(၂)ဦးကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။

အၾကမ္းဖက္မ်ား၏ ပစ္ခတ္တိုက္ခိုက္ခံရမႈေၾကာင့္ အဆိုပါစီမံကိန္းတြင္ အလုပ္လုပ္ေနၾကေသာ ဦးလႈိင္လႈိင္ဝင္းႏွင့္ ဦးေဝယံမင္းတို႔ (၂)ဦးမွာ က်ည္ထိမွန္ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆက္လက္ထုတ္ျပန္ထားသည္။

ထို႔ျပင္ ဦးသန္းထက္ေအာင္၊ ဦးမိုးမင္း၊ ဦးေနဝင္းေအာင္၊ ဦးေမာင္လတ္၊ ဦးၿငိမ္းကိုကိုေအာင္ ႏွင့္ ဦးေပၚထြန္းေအာင္တို႔(၆)ဦးတြင္ က်ည္ထိမွန္ဒဏ္ရာမ်ား အသီး သီးရရွိခဲ့ၿပီး ဘီးလင္းၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ဖမ္းဆီးေခၚေဆာင္သြားသူ (၂)ဦးအား ျပန္လည္ကယ္တင္ႏိုင္ေရးႏွင့္ လက္နက္ငယ္မ်ားျဖင့္ အေၾကာင္းမဲ့ပစ္ခတ္တိုက္ခိုက္ခဲ့သည့္ အၾကမ္းဖက္မ်ားကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လုံၿခဳံေရးလုပ္ငန္းစဥ္ႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.