ရန်ကုန်မြို့၌ လက်လုပ်ဗုံးချိတ်ကာ သယ်ဆောင်လာသည့် ဒရုန်းနှစ်စင်းအနက် တစ်စင်းအား ပစ်ချဖျက်ဆီး

 9558

NP News - ဇန်နဝါရီ ၁၆

ရန်ကုန်မြို့၌ လက်လုပ်ဗုံးချိတ်ကာ သယ်ဆောင်လာသည့် ဒရုန်းနှစ်စင်းအနက် တစ်စင်းအား ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) နံနက်ပိုင်းတွင် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့ နယ်၊ သံသုမာလမ်းဘေးရှိ ရေကူးအသံလွှင့် ရုံဝင်းအုတ်တံတိုင်းအနီးတွင် ဒရုန်းတစ်စင်းအား တွေ့ရှိခဲ့ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအ မြစ်က NP News ကို ပြောသည်။

အဆိုပါ ဒရုန်းသည် လက်လုပ်ဒရုန်းတစ်ခုဖြစ်ကြောင်းသိရပြီး ၎င်းဒရုန်း၏ တောင်ပံနှစ်ခုအကြားတွင် PVC ဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံးပါရှိသည်ကို တွေ့ရှိခဲ့ရကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။

အလားတူ ယနေ့ နံနက်ပိုင်းတွင်လည်း ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ အင်းယားကန်အနီးတွင် ပျံသန်းနေသည့် လက်လုပ်ဒရုန်းတစ်စင်းကို လုံခြုံရေးအဖွဲ့ဝင်များက ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းဒရုန်းသည်လည်း ရေကူးအသံလွှင့်ရုံ အုတ်တံတိုင်းအနီး၌ တွေ့ရှိခဲ့သော လက် လုပ်ဒရုန်းနှင့်ပုံစံတူညီကြောင်းတွေ့ရှိရပြီး လက်လုပ်ဗုံးတစ်လုံးကိုလည်း ချိတ်ဆွဲထားသည်ကိုတွေ့ရှိခဲ့ရကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆက်လက် ပြောသည်။

“ရေကူးအသံလွှင့်ရုံနားက ဒရုန်းကတော့ အဲဒီအသံလွှင့်ရုံကို တိုက်ခိုက်ဖို့ ရည်ရွယ်တာ ဖြစ်လောက်တယ်။ နောက် အင်းယားကန်ဘောင်က ဒရုန်းကတော့ အဲဒီအနားမှာ နိုင်ငံအကြီးအကဲတွေရဲ့ အိမ်တွေရှိတယ်။ ကန်သာယာဆေးရုံနားမှာ တပ်စွဲထားတာလည်း ရှိတယ်။ အဲဒါတွေကို ရည်ရွယ်ပုံတော့ ရတယ်။ ဒါပေမယ့် ဘာမှ ဖြစ်မသွားဘူး။ လူတွေ၊ ဘာတွေ ထိခိုက်မှု မရှိပါဘူး” ဟု သတင်းအရင်းအမြစ်က မှတ်ချက်ပြု ပြောဆိုထားသည်။

အင်းယားကန်ဘောင်အနီး၌ တွေ့ရှိခဲ့ရသော လက်လုပ်ဗုံးတပ်ဆင်ထားသည့် ဒရုန်းအား ပစ်ချကာ ဖျက်ဆီးနိုင်ခဲ့သည်ဟု NP News ၏ သတင်းအရင်းအမြစ်အချို့က ပြောဆိုထားသော်လည်း အခြားတစ်ဖက်တွင် ၎င်းဒရုန်းမှာ ပျက်ကျခြင်းသာဖြစ် ကြောင်း ထုတ်ဖော်ပြောဆိုမှုများ ရှိနေသည်။

စစ်ကိုင်း၊ မကွေး၊ ကရင်၊ ကချင်တို့တွင် အစိုးရဌာနဆိုင်ရာ အဆောက်အဦးများ၊ လုံခြုံရေးအဖွဲ့ဝင်များ တပ်စွဲထားသည့်နေရာများကို ဒရုန်းဖြင့် ဗုံးပစ်ချတိုက်ခိုက်သည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပွားထားသည်ကို တွေ့ရှိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕၌ လက္လုပ္ဗုံးခ်ိတ္ကာ သယ္ေဆာင္လာသည့္ ဒ႐ုန္းႏွစ္စင္းအနက္ တစ္စင္းအား ပစ္ခ်ဖ်က္ဆီး
NP News - ဇန္နဝါရီ ၁၆

ရန္ကုန္ၿမိဳ႕၌ လက္လုပ္ဗုံးခ်ိတ္ကာ သယ္ေဆာင္လာသည့္ ဒ႐ုန္းႏွစ္စင္းအနက္ တစ္စင္းအား ပစ္ခ်ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း သတင္းရရွိသည္။

ယေန႔ (ဇန္နဝါရီလ ၁၆ ရက္) နံနက္ပိုင္းတြင္ ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕ နယ္၊ သံသုမာလမ္းေဘးရွိ ေရကူးအသံလႊင့္ ႐ုံဝင္းအုတ္တံတိုင္းအနီးတြင္ ဒ႐ုန္းတစ္စင္းအား ေတြ႕ရွိခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္ေသာ သတင္းအရင္းအ ျမစ္က NP News ကို ေျပာသည္။

အဆိုပါ ဒ႐ုန္းသည္ လက္လုပ္ဒ႐ုန္းတစ္ခုျဖစ္ေၾကာင္းသိရၿပီး ၎ဒ႐ုန္း၏ ေတာင္ပံႏွစ္ခုအၾကားတြင္ PVC ျဖင့္ ျပဳလုပ္ထားေသာ လက္လုပ္ဗုံးပါရွိသည္ကို ေတြ႕ရွိခဲ့ရေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆိုသည္။

အလားတူ ယေန႔ နံနက္ပိုင္းတြင္လည္း ရန္ကုန္တိုင္း၊ ကမာ႐ြတ္ၿမိဳ႕နယ္ရွိ အင္းယားကန္အနီးတြင္ ပ်ံသန္းေနသည့္ လက္လုပ္ဒ႐ုန္းတစ္စင္းကို လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ပစ္ခ်ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း သတင္းရရွိသည္။

၎ဒ႐ုန္းသည္လည္း ေရကူးအသံလႊင့္႐ုံ အုတ္တံတိုင္းအနီး၌ ေတြ႕ရွိခဲ့ေသာ လက္ လုပ္ဒ႐ုန္းႏွင့္ပုံစံတူညီေၾကာင္းေတြ႕ရွိရၿပီး လက္လုပ္ဗုံးတစ္လုံးကိုလည္း ခ်ိတ္ဆြဲထားသည္ကိုေတြ႕ရွိခဲ့ရေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆက္လက္ ေျပာသည္။

“ေရကူးအသံလႊင့္႐ုံနားက ဒ႐ုန္းကေတာ့ အဲဒီအသံလႊင့္႐ုံကို တိုက္ခိုက္ဖို႔ ရည္႐ြယ္တာ ျဖစ္ေလာက္တယ္။ ေနာက္ အင္းယားကန္ေဘာင္က ဒ႐ုန္းကေတာ့ အဲဒီအနားမွာ ႏိုင္ငံအႀကီးအကဲေတြရဲ႕ အိမ္ေတြရွိတယ္။ ကန္သာယာေဆး႐ုံနားမွာ တပ္စြဲထားတာလည္း ရွိတယ္။ အဲဒါေတြကို ရည္႐ြယ္ပုံေတာ့ ရတယ္။ ဒါေပမယ့္ ဘာမွ ျဖစ္မသြားဘူး။ လူေတြ၊ ဘာေတြ ထိခိုက္မႈ မရွိပါဘူး” ဟု သတင္းအရင္းအျမစ္က မွတ္ခ်က္ျပဳ ေျပာဆိုထားသည္။

အင္းယားကန္ေဘာင္အနီး၌ ေတြ႕ရွိခဲ့ရေသာ လက္လုပ္ဗုံးတပ္ဆင္ထားသည့္ ဒ႐ုန္းအား ပစ္ခ်ကာ ဖ်က္ဆီးႏိုင္ခဲ့သည္ဟု NP News ၏ သတင္းအရင္းအျမစ္အခ်ိဳ႕က ေျပာဆိုထားေသာ္လည္း အျခားတစ္ဖက္တြင္ ၎ဒ႐ုန္းမွာ ပ်က္က်ျခင္းသာျဖစ္ ေၾကာင္း ထုတ္ေဖာ္ေျပာဆိုမႈမ်ား ရွိေနသည္။

စစ္ကိုင္း၊ မေကြး၊ ကရင္၊ ကခ်င္တို႔တြင္ အစိုးရဌာနဆိုင္ရာ အေဆာက္အဦးမ်ား၊ လုံၿခဳံေရးအဖြဲ႕ဝင္မ်ား တပ္စြဲထားသည့္ေနရာမ်ားကို ဒ႐ုန္းျဖင့္ ဗုံးပစ္ခ်တိုက္ခိုက္သည့္ ျဖစ္စဥ္မ်ား မၾကာခဏျဖစ္ပြားထားသည္ကို ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.