ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန(NSPC)ရုံး ဗုံးဖြင့် ပစ်ခတ်ခံရကာ ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိ
2425
NP News - ဇန်နဝါရီ ၂ဝ
ရန်ကုန်မြို့ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖောင်ဆောင်မှုဗဟိုဌာန (NSPC)ရုံး ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီ ၂ဝ ရက်) နေ့လည် ၂ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ (၁ဝ)ရပ်ကွက်၊ ရွှေလီလမ်းရှိ NSPC ရုံးတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ NSPC ရုံးဝန်းအတွင်းသို့ အပြင်ဘက်မှ လူတစ်စုက ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်သွားခဲ့ခြင်းဖြစ်ပြီး ရုံးဝန်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း NSPC ရုံးနှင့်နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။
“ ဟုတ်ပါတယ်ဗျ။ ကွဲသွားပါတယ်။ ကားသုံးစီးလောက်လည်း ပျက်စီးသွားတယ်။ ရုံးအဆောက်အဦးထဲမှာ ကားတွေရပ်ထားတဲ့နေရာရှိတယ်လေ။ အပြင်က လှမ်းပစ်သွားတာဗျ။ ပစ်သွားတဲ့ ဗုံးက လက်လုပ်ဗုံး မဟုတ်ဘူးနော်။ စစ်မြေပြင်မှာ သုံးတဲ့ တကယ့်ဗုံးနဲ့ ပစ်သွားတာ” ဟု NSPC ရုံးနှင့်နီးစပ်သော သတင်းအရင်းအမြစ်က ပြောသည်။
ထိုသို့ ဗုံးဖြင့် ပစ်ခတ်ခံရမှုကြောင့် ရုံးဝန်းအတွင်း၌ ရပ်ထားသည့် ကား(၃)စီးထက်မနည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် ၎င်းအခင်းဖြစ်ပွားရာ နေရာအနီးတွင်လည်း နောက်ထပ် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကိုလည်း တွေ့ရှိခဲ့ရပြီး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့မှ ရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖောင်ဆောင်မှုဗဟိုဌာန(NSPC)ရုံးသည် ပြီးခဲ့သော အစိုးရအဆက်ဆက်လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့်အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်လေ့ရှိခဲ့သော နေရာတစ်ခုလည်း ဖြစ်သည်။
Zawgyi Version;
ရန္ကုန္ၿမိဳ႕ရွိ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈဗဟိုဌာန(NSPC)႐ုံး ဗုံးျဖင့္ ပစ္ခတ္ခံရကာ ေပါက္ကြဲခဲ့ၿပီး ထိခိုက္ပ်က္စီးမႈမ်ားရွိ
NP News - ဇန္နဝါရီ ၂ဝ
ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာင္ေဆာင္မႈဗဟိုဌာန (NSPC)႐ုံး ဗုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (ဇန္နဝါရီ ၂ဝ ရက္) ေန႔လည္ ၂ နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္တိုင္း၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ (၁ဝ)ရပ္ကြက္၊ ေ႐ႊလီလမ္းရွိ NSPC ႐ုံးတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါ NSPC ႐ုံးဝန္းအတြင္းသို႔ အျပင္ဘက္မွ လူတစ္စုက ဗုံးျဖင့္ ပစ္ခတ္တိုက္ခိုက္သြားခဲ့ျခင္းျဖစ္ၿပီး ႐ုံးဝန္းအတြင္း ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း NSPC ႐ုံးႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။
“ ဟုတ္ပါတယ္ဗ်။ ကြဲသြားပါတယ္။ ကားသုံးစီးေလာက္လည္း ပ်က္စီးသြားတယ္။ ႐ုံးအေဆာက္အဦးထဲမွာ ကားေတြရပ္ထားတဲ့ေနရာရွိတယ္ေလ။ အျပင္က လွမ္းပစ္သြားတာဗ်။ ပစ္သြားတဲ့ ဗုံးက လက္လုပ္ဗုံး မဟုတ္ဘူးေနာ္။ စစ္ေျမျပင္မွာ သုံးတဲ့ တကယ့္ဗုံးနဲ႔ ပစ္သြားတာ” ဟု NSPC ႐ုံးႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္က ေျပာသည္။
ထိုသို႔ ဗုံးျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ႐ုံးဝန္းအတြင္း၌ ရပ္ထားသည့္ ကား(၃)စီးထက္မနည္း ထိခိုက္ပ်က္စီးမႈမ်ား ရွိခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။
ထို႔ျပင္ ၎အခင္းျဖစ္ပြားရာ ေနရာအနီးတြင္လည္း ေနာက္ထပ္ မေပါက္ကြဲေသးသည့္ ဗုံးတစ္လုံးကိုလည္း ေတြ႕ရွိခဲ့ရၿပီး သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕မွ ရွင္းလင္းဖယ္ရွားမႈမ်ား ျပဳလုပ္ေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာင္ေဆာင္မႈဗဟိုဌာန(NSPC)႐ုံးသည္ ၿပီးခဲ့ေသာ အစိုးရအဆက္ဆက္လက္ထက္တြင္ တိုင္းရင္းသားလက္နက္ကိုင္မ်ားႏွင့္အစိုးရအၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား ျပဳလုပ္ေလ့ရွိခဲ့ေသာ ေနရာတစ္ခုလည္း ျဖစ္သည္။