မြန်မာသင်္ဘောသား(၈)ဦး ပါဝင်သော ကုန်တင်သင်္ဘောတစ်စီး ဂျပန်ပင်လယ်ပြင်တွင် နစ်မြုပ်

 817

Pika (NP News) - ဇန်နဝါရီ ၂၅

ဟောင်ကောင်အလံတင်ထားသော Jin Tian အမည်ရှိ ကုန်တင်သင်္ဘောသည် ဂျပန်နိုင်ငံ အနောက်တောင်ဖက်ပိုင်း တွင် နစ်မြုပ်ခဲ့ပြီး သင်္ဘောပေါ်တွင် လိုက်ပါလာသူ(၂၂)ဦးအနက်မှ (၅) ဦးကိုသာ ကယ်ဆယ်ထားနိုင်ကြောင်း အခြား (၁၇)ဦးမှာ ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ် က ပြောကြားခဲ့သည်။

အဆိုပါ ကုန်တင်သင်္ဘောသည် ဇန်နဝါရီ(၂၅)ရက်၊ နံနက်အစောပိုင်းက နာဂါတာကီစီရင်စု အစိတ်အပိုင်းထဲတွင် ပါဝင်သည့် Danjo ကျွန်းစု၏ အနောက်ဖက်(၁၁ဝ) ကီလိုမီတာအကွာတွင် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း ဂျပန် ကမ်းခြေစောင့်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောကြားခဲ့သည်၊၊

ကမ်းခြေစောင့်တပ်ဖွဲ့များသည် အဆိုပါကုန်တင်သင်္ဘောနစ်မြုပ်သည်ဆိုသည့် အရေးပေါ်ဖုန်းခေါ်ဆိုမှုကို ဇန်နဝါရီ (၂၄) ရက်၊ ညပိုင်း(၁၁)နာရီ (၁၅)မိနစ်တွင် လက်ခံရရှိခဲ့ကြောင်း နစ်မြုပ်ရသည့်အကြောင်းအရင်းများကို လက်ရှိ အချိန်အထိ မသိရှိရသေးကြောင်း ပြောကြားခဲ့သည်။ Jin Tian အမည်ရှိ ကုန်တင်သင်္ဘောတွင် သင်္ဘောအမှုထမ်း တရုတ်နိုင်ငံသား(၁၄)ဦး နှင့် မြန်မာနိုင်ငံသား(၈)ဦး တို့ပါဝင်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ က ပြောကြားခဲ့သည်။

ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦး က "ရဟတ်ယာဥ်တစ်စီးနဲ့ သင်္ဘောနှစ်စီးက သင်္ဘောမြုပ်တဲ့ နေရာမှာ ရှာဖွေကယ်ဆယ်မှုတွေ လုပ်နေပါတယ်" ဟု ပြောဆိုခဲ့သည်။ အဆိုပါသင်္ဘောနစ်မြုပ်ပြီး‌နောက် သင်္ဘောသား (၅)ဦးကို ရွက်လွှင့်နေသော အခြားသင်္ဘောများဖြင့်ကယ်ဆယ်နိုင်ခဲ့ကြောင်း တောင်ကိုရီးယား၏ Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ကယ်ဆယ်ထားနိုင်သော သင်္ဘောသား(၅)ဦးလုံးသည် တရုတ်နိုင်ငံသားများဖြစ်ကြောင်း ဂျပန်နိုင်ငံပိုင် Mainichi သတင်းစာ က ဖော်ပြခဲ့သည်။ အခြားသင်္ဘောသုံးစီးဖြစ်သည့် ဂျပန်နိုင်ငံမှ သင်္ဘောတစ်စီး၊ လိုက်ဘေးရီးယား ရေနံတင်သင်္ဘောတစ်စီးနှင့် တရုတ်ကုန်တင်သင်္ဘောတစ်စီးတို့သည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ဂျပန်ရေကြောင်းအာဏာပိုင်များ က ပြောကြားခဲ့သည်။

တန်ချိန်(၆၅၅၁)တန်ရှိသော ကုန်တင်သင်္ဘော Jin Tian သည် နံနက်(၃)နာရီ(၇)မိနစ်တွင် Jeju ကျွန်းရှိ Seogwipo မြို့၏ အရှေ့တောင်ဘက် (၁၅၀)ကီလိုမီတာအကွာ ရေပြင်မှ အန္တရာယ်ကျ‌ရောက်နေသည်ဆိုသည့် အချက်ပြမှု တစ်ခုကိုပေးပို့ခဲ့ကြောင်း တောင်ကိုရီးယားကမ်းခြေစောင့်တပ်ဖွဲ့ က ပြောကြားခဲ့သည်။ ကမ်းခြေစောင့်တပ်ဖွဲ့များ အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိချိန်တွင် သင်္ဘောသည် လုံးဝနစ်မြုပ်သွားခဲ့ကြောင်းသိရသည်။

Zawgyi Version;
ျမန္မာသေဘၤာသား(၈)ဦး ပါဝင္ေသာ ကုန္တင္သေဘၤာတစ္စီး ဂ်ပန္ပင္လယ္ျပင္တြင္ နစ္ျမဳပ္
Pika (NP News) - ဇန္နဝါရီ ၂၅

ေဟာင္ေကာင္အလံတင္ထားေသာ Jin Tian အမည္ရွိ ကုန္တင္သေဘၤာသည္ ဂ်ပန္ႏိုင္ငံ အေနာက္ေတာင္ဖက္ပိုင္း တြင္ နစ္ျမဳပ္ခဲ့ၿပီး သေဘၤာေပၚတြင္ လိုက္ပါလာသူ(၂၂)ဦးအနက္မွ (၅) ဦးကိုသာ ကယ္ဆယ္ထားႏိုင္ေၾကာင္း အျခား (၁၇)ဦးမွာ ဆက္လက္ရွာေဖြေနဆဲျဖစ္ေၾကာင္း ဂ်ပန္ကမ္းေျခေစာင့္တပ္ က ေျပာၾကားခဲ့သည္။

အဆိုပါ ကုန္တင္သေဘၤာသည္ ဇန္နဝါရီ(၂၅)ရက္၊ နံနက္အေစာပိုင္းက နာဂါတာကီစီရင္စု အစိတ္အပိုင္းထဲတြင္ ပါဝင္သည့္ Danjo ကြၽန္းစု၏ အေနာက္ဖက္(၁၁ဝ) ကီလိုမီတာအကြာတြင္ နစ္ျမဳပ္သြားခဲ့ျခင္းျဖစ္ေၾကာင္း ဂ်ပန္ ကမ္းေျခေစာင့္တပ္ေျပာေရးဆိုခြင့္ရွိသူတစ္ဦး က ေျပာၾကားခဲ့သည္၊၊

ကမ္းေျခေစာင့္တပ္ဖြဲ႕မ်ားသည္ အဆိုပါကုန္တင္သေဘၤာနစ္ျမဳပ္သည္ဆိုသည့္ အေရးေပၚဖုန္းေခၚဆိုမႈကို ဇန္နဝါရီ (၂၄) ရက္၊ ညပိုင္း(၁၁)နာရီ (၁၅)မိနစ္တြင္ လက္ခံရရွိခဲ့ေၾကာင္း နစ္ျမဳပ္ရသည့္အေၾကာင္းအရင္းမ်ားကို လက္ရွိ အခ်ိန္အထိ မသိရွိရေသးေၾကာင္း ေျပာၾကားခဲ့သည္။ Jin Tian အမည္ရွိ ကုန္တင္သေဘၤာတြင္ သေဘၤာအမႈထမ္း တ႐ုတ္ႏိုင္ငံသား(၁၄)ဦး ႏွင့္ ျမန္မာႏိုင္ငံသား(၈)ဦး တို႔ပါဝင္ေၾကာင္း ဂ်ပန္ကမ္းေျခေစာင့္တပ္ဖြဲ႕ က ေျပာၾကားခဲ့သည္။

ဂ်ပန္ကမ္းေျခေစာင့္တပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦး က "ရဟတ္ယာဥ္တစ္စီးနဲ႔ သေဘၤာႏွစ္စီးက သေဘၤာျမဳပ္တဲ့ ေနရာမွာ ရွာေဖြကယ္ဆယ္မႈေတြ လုပ္ေနပါတယ္" ဟု ေျပာဆိုခဲ့သည္။ အဆိုပါသေဘၤာနစ္ျမဳပ္ၿပီး‌ေနာက္ သေဘၤာသား (၅)ဦးကို ႐ြက္လႊင့္ေနေသာ အျခားသေဘၤာမ်ားျဖင့္ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း ေတာင္ကိုရီးယား၏ Yonhap သတင္းေအဂ်င္စီက ေဖာ္ျပခဲ့သည္။

ကယ္ဆယ္ထားႏိုင္ေသာ သေဘၤာသား(၅)ဦးလုံးသည္ တ႐ုတ္ႏိုင္ငံသားမ်ားျဖစ္ေၾကာင္း ဂ်ပန္ႏိုင္ငံပိုင္ Mainichi သတင္းစာ က ေဖာ္ျပခဲ့သည္။ အျခားသေဘၤာသုံးစီးျဖစ္သည့္ ဂ်ပန္ႏိုင္ငံမွ သေဘၤာတစ္စီး၊ လိုက္ေဘးရီးယား ေရနံတင္သေဘၤာတစ္စီးႏွင့္ တ႐ုတ္ကုန္တင္သေဘၤာတစ္စီးတို႔သည္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနေၾကာင္း ဂ်ပန္ေရေၾကာင္းအာဏာပိုင္မ်ား က ေျပာၾကားခဲ့သည္။

တန္ခ်ိန္(၆၅၅၁)တန္ရွိေသာ ကုန္တင္သေဘၤာ Jin Tian သည္ နံနက္(၃)နာရီ(၇)မိနစ္တြင္ Jeju ကြၽန္းရွိ Seogwipo ၿမိဳ႕၏ အေရွ႕ေတာင္ဘက္ (၁၅၀)ကီလိုမီတာအကြာ ေရျပင္မွ အႏၲရာယ္က်‌ေရာက္ေနသည္ဆိုသည့္ အခ်က္ျပမႈ တစ္ခုကိုေပးပို႔ခဲ့ေၾကာင္း ေတာင္ကိုရီးယားကမ္းေျခေစာင့္တပ္ဖြဲ႕ က ေျပာၾကားခဲ့သည္။ ကမ္းေျခေစာင့္တပ္ဖြဲ႕မ်ား အခင္းျဖစ္ပြားရာေနရာသို႔ေရာက္ရွိခ်ိန္တြင္ သေဘၤာသည္ လုံးဝနစ္ျမဳပ္သြားခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.