တရုတ်ထုတ် လျှပ်စစ်ကားအစီး(၄ဝ)ကို ပြည်တွင်းကုမ္ပဏီနှစ်ခုမှ စတင်တင်သွင်းခဲ့ပြီး အများပြည်သူအသုံးပြုနိုင်ရေး စီစဉ်နေ

 836

မျိုးကြီး (NP News) - ဇန်နဝါရီ ၂၅

တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားအစီး(၄ဝ)ကို ပြည်တွင်းကုမ္ပဏီနှစ်ခုမှ ပထမဆုံးအကြိမ်အဖြစ် စတင်တင်သွင်းခဲ့ ပြီး အများ ပြည်သူအသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ ဒုဥက္ကဋ္ဌဖြစ်သူ စက်မှုဝန်ကြီးဒေါက်တာချာလီသန်းက ဇန်နဝါရီ ၂၄ ရက်တွင် မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် လျှပ်စစ်သုံး ယာဉ်များကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းကုမ္ပဏီ (၂၆)ခုက ဦးဆောင်ကော်မတီသို့ လာရောက်တွေ့ဆုံကာ ဆောင်ရွက်မည့်အစီအမံများကို တင်ပြမှုများရှိခဲ့ပြီး ၎င်းအပေါ် စိစစ် ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ခွင့်ပြုပေးလျက်ရှိရာတွင် Chin Dwin Shan Construction ကုမ္ပဏီနှင့် NPK Motors ကုမ္ပဏီတို့သည် ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ပထမအကြိမ် လျှပ်စစ်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများကို တင်သွင်းခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

Chin Dwin Shan Construction ကုမ္ပဏီမှ လျှပ်စစ်သုံးကာအစီး (၃ဝ) နှင့် NPK Motors ကုမ္ပဏီမှ လျှပ်စစ်ကား (၁ဝ) စီး စုစုပေါင်း အစီး(၄ဝ) တင်သွင်းလာခဲ့ကြောင်း သိရသည်။

၎င်းလျှပ်စစ်ကားများသည် ရန်ကုန်မြို့၊ ရွာသာကြီး Dry Port တွင် ရောက်ရှိနေပြီး လျှပ်စစ်သုံးယာဉ်အတွက် ထုတ်ပြန်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိကို ဝန်ကြီးဒေါက်တာချာလီသန်းနှင့်အဖွဲ့က ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ယခုရောက်ရှိလာသည့် လျှပ်စစ်သုံးကားများမှာ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် BYD အမျိုးအစား E2 Model ဖြစ်ပြီး လူစီးနှင့်တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲအသုံးပြုမည့်ကားများဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါကားများကို အများပြည်သူအသုံးပြုနိုင်ရေးအတွက် လျှပ်စစ်သုံးတက္ကစီအဖြစ် Chin Dwin Shan Construction ကုမ္ပဏီမှ ရန်ကုန်လေဆိပ်တွင် အခြေပြုကာ တက္ကစီ (၁ဝ)စီး၊ NPK Motors ကုမ္ပဏီမှ နေပြည်တော် သပြေကုန်းဈေးတွင် အခြေပြုကာ တက္ကစီး (၁ဝ)စီး ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့၊ နေပြည်တော်နှင့် အမြန်လမ်းတစ်လျှောက်ရှိ စက်သုံးဆီဆိုင်များ၌ လျှပ်စစ်ကားများ အတွက် Charging Station များတည်ဆောက်ရန် စီစဉ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သောရက်ပိုင်းအတွင်းက ပြည်တွင်းရှိ ကားအရောင်းကုမ္ပဏီတစ်ခုအနေဖြင့် လျှပ်စစ်ကားတက္ကစီတစ်စီးကို ငွေကျပ် သိန်း (၇ဝဝ) နီးပါးဖြင့် အော်ဒါလက်ခံရောင်းချပေးခဲ့သည်ကို တွေ့ရှိရသည်။

Zawgyi Version;
တ႐ုတ္ထုတ္ လွ်ပ္စစ္ကားအစီး(၄ဝ)ကို ျပည္တြင္းကုမၸဏီႏွစ္ခုမွ စတင္တင္သြင္းခဲ့ၿပီး အမ်ားျပည္သူအသုံးျပဳႏိုင္ ေရး စီစဥ္ေန
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၂၅

တ႐ုတ္ႏိုင္ငံထုတ္ လွ်ပ္စစ္ကားအစီး(၄ဝ)ကို ျပည္တြင္းကုမၸဏီႏွစ္ခုမွ ပထမဆုံးအႀကိမ္အျဖစ္ စတင္တင္သြင္းခဲ့ ၿပီး အမ်ား ျပည္သူအသုံးျပဳႏိုင္ေရး စီစဥ္ေဆာင္႐ြက္ေနေၾကာင္း စက္မႈဝန္ႀကီးဌာနထံမွ သိရသည္။

အမ်ိဳးသားအဆင့္လွ်ပ္စစ္သုံးယာဥ္ႏွင့္ ဆက္စပ္လုပ္ငန္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးဦးေဆာင္ေကာ္မတီ ဒုဥကၠ႒ျဖစ္သူ စက္မႈဝန္ႀကီးေဒါက္တာခ်ာလီသန္းက ဇန္နဝါရီ ၂၄ ရက္တြင္ ျမန္မာႏိုင္ငံသို႔ တင္သြင္းလာသည့္ လွ်ပ္စစ္သုံး ယာဥ္မ်ားကို သြားေရာက္ၾကည့္ရႈခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၌ လွ်ပ္စစ္သုံးယာဥ္ႏွင့္ ဆက္စပ္လုပ္ငန္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ျပည္တြင္းကုမၸဏီ (၂၆)ခုက ဦးေဆာင္ေကာ္မတီသို႔ လာေရာက္ေတြ႕ဆုံကာ ေဆာင္႐ြက္မည့္အစီအမံမ်ားကို တင္ျပမႈမ်ားရွိခဲ့ၿပီး ၎အေပၚ စိစစ္ ခြင့္ျပဳေပးလ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔ ခြင့္ျပဳေပးလ်က္ရွိရာတြင္ Chin Dwin Shan Construction ကုမၸဏီႏွင့္ NPK Motors ကုမၸဏီတို႔သည္ ဦးေဆာင္ေကာ္မတီ၏ ခြင့္ျပဳခ်က္ျဖင့္ ျမန္မာႏိုင္ငံသို႔ ပထမအႀကိမ္ လွ်ပ္စစ္ယာဥ္ႏွင့္ ဆက္စပ္ပစၥည္းမ်ားကို တင္သြင္းခဲ့ေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။

Chin Dwin Shan Construction ကုမၸဏီမွ လွ်ပ္စစ္သုံးကာအစီး (၃ဝ) ႏွင့္ NPK Motors ကုမၸဏီမွ လွ်ပ္စစ္ကား (၁ဝ) စီး စုစုေပါင္း အစီး(၄ဝ) တင္သြင္းလာခဲ့ေၾကာင္း သိရသည္။

၎လွ်ပ္စစ္ကားမ်ားသည္ ရန္ကုန္ၿမိဳ႕၊ ႐ြာသာႀကီး Dry Port တြင္ ေရာက္ရွိေနၿပီး လွ်ပ္စစ္သုံးယာဥ္အတြက္ ထုတ္ျပန္ထားေသာ စံခ်ိန္စံၫႊန္းမ်ားႏွင့္ ကိုက္ညီမႈ ရွိ၊ မရွိကို ဝန္ႀကီးေဒါက္တာခ်ာလီသန္းႏွင့္အဖြဲ႕က ၾကည့္ရႈ စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံသို႔ ယခုေရာက္ရွိလာသည့္ လွ်ပ္စစ္သုံးကားမ်ားမွာ တ႐ုတ္ႏိုင္ငံမွ ထုတ္လုပ္သည့္ BYD အမ်ိဳးအစား E2 Model ျဖစ္ၿပီး လူစီးႏွင့္တကၠစီအျဖစ္ စမ္းသပ္ေျပးဆြဲအသုံးျပဳမည့္ကားမ်ားျဖစ္ေၾကာင္း စက္မႈဝန္ႀကီးဌာနထံမွ သိရသည္။

အဆိုပါကားမ်ားကို အမ်ားျပည္သူအသုံးျပဳႏိုင္ေရးအတြက္ လွ်ပ္စစ္သုံးတကၠစီအျဖစ္ Chin Dwin Shan Construction ကုမၸဏီမွ ရန္ကုန္ေလဆိပ္တြင္ အေျချပဳကာ တကၠစီ (၁ဝ)စီး၊ NPK Motors ကုမၸဏီမွ ေနျပည္ေတာ္ သေျပကုန္းေဈးတြင္ အေျချပဳကာ တကၠစီး (၁ဝ)စီး ေျပးဆြဲမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ရန္ကုန္ၿမိဳ႕၊ ေနျပည္ေတာ္ႏွင့္ အျမန္လမ္းတစ္ေလွ်ာက္ရွိ စက္သုံးဆီဆိုင္မ်ား၌ လွ်ပ္စစ္ကားမ်ား အတြက္ Charging Station မ်ားတည္ေဆာက္ရန္ စီစဥ္ျပင္ဆင္လ်က္ရွိေၾကာင္း သိရသည္။

ၿပီးခဲ့ေသာရက္ပိုင္းအတြင္းက ျပည္တြင္းရွိ ကားအေရာင္းကုမၸဏီတစ္ခုအေနျဖင့္ လွ်ပ္စစ္ကားတကၠစီတစ္စီးကို ေငြက်ပ္ သိန္း (၇ဝဝ) နီးပါးျဖင့္ ေအာ္ဒါလက္ခံေရာင္းခ်ေပးခဲ့သည္ကို ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.