ထိုင်းရဲတပ်ဖွဲ့၏ စွဲချက်များကို မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ် ငြင်းဆန်

 1303

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၅

မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်နှင့်အခြားတရားခံ(၄)ဦးသည် ၎င်းတို့အပေါ် စွဲဆိုထားသော စွဲချက်များကို ငြင်းဆန်ခဲ့ပြီး အမှားအယွင်းတစ်စုံတရာလုပ် ဆောင်ထားခြင်းမရှိကြောင်းထွက်ဆိုခဲ့သည်ဟု သိရသည်။

ဦးထွန်းမင်းလတ်နှင့် အပေါင်းအပါများသည် တရားရုံးတွင် အမှုလာရောက်ရင်ဆိုင်ချိန်အတွင်း ၎င်းတို့ရှေ့နေများမှတဆင့် အပြစ်ရှိသည်ဟု ဝန်ခံခဲ့ခြင်းမရှိကြောင်း ၎င်းတို့၏ ဆွေးမျိုးများ နှင့် ဂျာနယ်လစ်များ၏ ပြောဆိုချက်အရသိရသည်။

ထို့ပြင် ၎င်းတို့၏ ရှေ့နေဖြစ်သူကလည်း မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းသည်ဆိုသော စွဲချက်နှင့်ပတ်သက်ပြီး ၎င်း၏အမှုသည်များ ပါဝင်ဆက်နွယ်ခြင်းမရှိကြောင်း ထွက်ဆိုထားသည်။ ဦးထွန်းမင်းလတ်နှင့် အပေါင်းအပါများသည် ပြီးခဲ့သောနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ထိုင်းရဲ တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး ငွေကြေးခဝါချမှု ၊ မူးယစ်ဆေး ဝါးမှောင်ခိုရောင်းဝယ်မှုများနှင့်ပတ်သက်ကာ စွဲချက်တင်ခံထားရကြောင်း သိရသည်။ ဦးထွန်းမင်းလတ်နှင့်အတူ အခြားတရားခံများသည် ဇန်နဝါရီလ ၂၃ ရက်က ထိုင်းနိုင်ငံ Ratchadaphisek ရာဇာဝတ်တရားရုံးတွင် အမှုလာရောက် ရင်ဆိုင်ခဲ့ပြီး စွဲချက်များကို ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးထွန်းမင်းလတ်နှင့် ၎င်း၏အမှုတွဲဖြစ်သူ အမှုမရင်ဆိုင်ခင် Dean Young Guntula တို့သည် တရားရုံးကို လာရောက်ချိန်ခြေကျင်းဝတ်တွင် ချုပ်နှောင်ခံထားရသော ပုံစံမျိုးရှိပြီး ကျန်ရှိသောတရားခံများတွင် ချုပ်နှောင်ခံထားရခြင်းမျိုးမရှိဘဲ တရားရုံးတွင်ထိုင်နေခဲ့ကြောင်းသိရသည်။ ဦးထွန်းမင်းလတ်သည် မူးယစ်ဆေးဝါးရောင်းချရသော ငွေများကို လျှပ် စစ် ထုတ်လုပ်ရေးကုမ္ပဏီ Allure Group (P&E) ထံလွှဲ ပြောင်းပေးထားကြောင်း စွပ်စွဲခံထားရသည်။

ထိုင်းရဲတပ်ဖွဲ့သည် ပြီးခဲ့သောနှစ် စက်တင်ဘာလတွင် ဦးထွန်းမင်းလတ်နှင့်အခြား တရားခံ(၄)ဦးကိုဖမ်းဆီးခဲ့ပြီးနောက် Allure Group P&E ကုမ္ပဏီကိုလည်း ငွေကြေးခဝါချမှု အပြင် တရားမဝင်ငွေကြေးများ လွှဲပြောင်းလက်ခံမှုများဖြင့် ပြီးခဲ့သော နှစ် ဒီဇင်ဘာလတွင် စွဲချက်တင်ခဲ့ကြောင်းသိရသည်။ ၎င်းတို့သည် ငွေကြေးခဝါချမှုများဖြင့် အပြစ်ရှိကြောင်းထင်ရှားခဲ့ပါက တစ်ဦးကိုအနည်းဆုံးထောင်ဒဏ် (၁၅)နှစ် ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေသကဲ့သို့သေဒဏ်အထိအပြစ်ပေးခံရနိုင်ဖွယ်ရှိသည့် မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းမှုများနှင့်လည်း စွဲချက်တင်ခံထားရကြောင်းသိရသည်။

zawgyi version
ထိုင္းရဲတပ္ဖြဲ႕၏ စြဲခ်က္မ်ားကို ျမန္မာစီးပြားေရးလုပ္ငန္းရွင္ ဦးထြန္းမင္းလတ္ ျငင္းဆန္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၅

ျမန္မာစီးပြားေရးလုပ္ငန္းရွင္ ဦးထြန္းမင္းလတ္ႏွင့္အျခားတရားခံ(၄)ဦးသည္ ၎တို႔အေပၚ စြဲဆိုထားေသာ စြဲခ်က္မ်ားကို ျငင္းဆန္ခဲ့ၿပီး အမွားအယြင္းတစ္စုံတရာလုပ္ ေဆာင္ထားျခင္းမရွိေၾကာင္းထြက္ဆိုခဲ့သည္ဟု သိရသည္။

ဦးထြန္းမင္းလတ္ႏွင့္ အေပါင္းအပါမ်ားသည္ တရား႐ုံးတြင္ အမႈလာေရာက္ရင္ဆိုင္ခ်ိန္အတြင္း ၎တို႔ေရွ႕ေနမ်ားမွတဆင့္ အျပစ္ရွိသည္ဟု ဝန္ခံခဲ့ျခင္းမရွိေၾကာင္း ၎တို႔၏ ေဆြးမ်ိဳးမ်ား ႏွင့္ ဂ်ာနယ္လစ္မ်ား၏ ေျပာဆိုခ်က္အရသိရသည္။

ထို႔ျပင္ ၎တို႔၏ ေရွ႕ေနျဖစ္သူကလည္း မူးယစ္ေဆးဝါးေမွာင္ခိုတင္သြင္းသည္ဆိုေသာ စြဲခ်က္ႏွင့္ပတ္သက္ၿပီး ၎၏အမႈသည္မ်ား ပါဝင္ဆက္ႏြယ္ျခင္းမရွိေၾကာင္း ထြက္ဆိုထားသည္။ ဦးထြန္းမင္းလတ္ႏွင့္ အေပါင္းအပါမ်ားသည္ ၿပီးခဲ့ေသာႏွစ္က ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ ထိုင္းရဲ တပ္ဖြဲ႕၏ ဖမ္းဆီးျခင္းခံရၿပီး ေငြေၾကးခဝါခ်မႈ ၊ မူးယစ္ေဆး ဝါးေမွာင္ခိုေရာင္းဝယ္မႈမ်ားႏွင့္ပတ္သက္ကာ စြဲခ်က္တင္ခံထားရေၾကာင္း သိရသည္။ ဦးထြန္းမင္းလတ္ႏွင့္အတူ အျခားတရားခံမ်ားသည္ ဇန္နဝါရီလ ၂၃ ရက္က ထိုင္းႏိုင္ငံ Ratchadaphisek ရာဇာဝတ္တရား႐ုံးတြင္ အမႈလာေရာက္ ရင္ဆိုင္ခဲ့ၿပီး စြဲခ်က္မ်ားကို ျငင္းဆန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဦးထြန္းမင္းလတ္ႏွင့္ ၎၏အမႈတြဲျဖစ္သူ အမႈမရင္ဆိုင္ခင္ Dean Young Guntula တို႔သည္ တရား႐ုံးကို လာေရာက္ခ်ိန္ေျခက်င္းဝတ္တြင္ ခ်ဳပ္ေႏွာင္ခံထားရေသာ ပုံစံမ်ိဳးရွိၿပီး က်န္ရွိေသာတရားခံမ်ားတြင္ ခ်ဳပ္ေႏွာင္ခံထားရျခင္းမ်ိဳးမရွိဘဲ တရား႐ုံးတြင္ထိုင္ေနခဲ့ေၾကာင္းသိရသည္။ ဦးထြန္းမင္းလတ္သည္ မူးယစ္ေဆးဝါးေရာင္းခ်ရေသာ ေငြမ်ားကို လွ်ပ္ စစ္ ထုတ္လုပ္ေရးကုမၸဏီ Allure Group (P&E) ထံလႊဲ ေျပာင္းေပးထားေၾကာင္း စြပ္စြဲခံထားရသည္။

ထိုင္းရဲတပ္ဖြဲ႕သည္ ၿပီးခဲ့ေသာႏွစ္ စက္တင္ဘာလတြင္ ဦးထြန္းမင္းလတ္ႏွင့္အျခား တရားခံ(၄)ဦးကိုဖမ္းဆီးခဲ့ၿပီးေနာက္ Allure Group P&E ကုမၸဏီကိုလည္း ေငြေၾကးခဝါခ်မႈ အျပင္ တရားမဝင္ေငြေၾကးမ်ား လႊဲေျပာင္းလက္ခံမႈမ်ားျဖင့္ ၿပီးခဲ့ေသာ ႏွစ္ ဒီဇင္ဘာလတြင္ စြဲခ်က္တင္ခဲ့ေၾကာင္းသိရသည္။ ၎တို႔သည္ ေငြေၾကးခဝါခ်မႈမ်ားျဖင့္ အျပစ္ရွိေၾကာင္းထင္ရွားခဲ့ပါက တစ္ဦးကိုအနည္းဆုံးေထာင္ဒဏ္ (၁၅)ႏွစ္ ျပစ္ဒဏ္ခ်မွတ္ခံရဖြယ္ရွိေနသကဲ့သို႔ေသဒဏ္အထိအျပစ္ေပးခံရႏိုင္ဖြယ္ရွိသည့္ မူးယစ္ေဆးဝါးေမွာင္ခိုတင္သြင္းမႈမ်ားႏွင့္လည္း စြဲခ်က္တင္ခံထားရေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.