စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ် (၁ဝဝဝ) ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း နစက ထုတ်ပြန်

 756

NP News - ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်း နှင့် ချင်းပြည်နယ်တွင် မီးရှို့ဖျက်ဆီးမှုများကြောင့် လူနေအိမ် (၁၁၂၂)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း နစကဘက်မှ ဇန်နဝါရီလ ၂၄ ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။

၂ဝ၂၂ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း မီလောင်ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး နစကဘက်က NUG/PDF အဖွဲ့များနှင့် KIA သောင်းကျန်းသူပူးပေါင်းအဖွဲ့များမှ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နစက၏ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး ထီချိုင့်မြို့နယ်နှင့် ကသာမြို့ နယ်တို့တွင် မီးလောင်ပျက်စီးမှုအများဆုံးဖြစ်ခဲ့ပြီး ထီးချိုင့်မြို့နယ်အတွင်း အိမ်ခြေ (၂၂၃၁)အိမ်ရှိသည်။

မီးလောင်ပျက်စီးမှုကြောင့် အိမ်ခြေ(၁ဝဝ)ခန့် ပျက်စီးခဲ့သည့် ကျေးရွာ(၄)ရွာခန့်ရှိပြီး အိမ်ခြေ(၅ဝ)အထက်ပျက်စီးဆုံးရှုံးမှုသည် ကျေးရွာ (၆) ရွာခန့်နှင့် အိမ်ခြေ(၅ဝ)အောက် ပျက်စီးဆုံးရှုံးမှုသည် ကျေးရွာ(၄)ရွာခန့်ရှိပြီး စုစုပေါင်းအိမ်ခြေ(၈၇ဝ)ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်တွင် အိမ်ခြေ(၁၃၄၉)အိမ်ရှိသည့်အ နက် မီးလောင်ပျက်စီးမှုကြောင့် ကျေးရွာပေါင်း (၆)ရွာခန့် မီးလောင်ပျက်စီးခဲ့ရပြီး အိမ်ခြေ(၂၇ဝ)ခန့် မီးလောင်ခဲ့ကြောင်းလည်း သိရသည်။

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အတွင်းရှိကျေးရွာများမှ အိမ်ခြေ(၄၂၃၇)ရွာရှိပြီး ကျေးရွာပေါင်း (၂၂)ရွာတွင် မီးလောင်မှု (၂၃)ကြိမ်ရှိခဲ့ကာ အပြစ်မဲ့ပြည်သူများ၏ နေအိမ်(၁၁၂၂)လုံး မီးလောင်ဆုံးရှုံးခဲ့ခြင်းလည်းဖြစ်သည်။

စစ်ကိုင်းဒေသကြီးအတွင်း PDF အဖွဲ့များနှင့် KIA များမှ ပြည်သူများအား နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်ဖျက်ဆီးနေမှုကို ကာကွယ်တားဆီးနှိမ်နင်းနိုင်ရေးလုပ်ဆောင်ပေးလျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
စစ္ကိုင္းတိုင္းႏွင့္ ခ်င္းျပည္နယ္တို႔တြင္ မီးရႈိ႕ဖ်က္ဆီးမႈမ်ားေၾကာင့္ ေနအိမ္ (၁ဝဝဝ) ေက်ာ္ မီးေလာင္ဆုံးရႈံးခဲ့ေၾကာင္း နစက ထုတ္ျပန္
NP News - ဇန္နဝါရီ ၂၅

စစ္ကိုင္းတိုင္း ႏွင့္ ခ်င္းျပည္နယ္တြင္ မီးရႈိ႕ဖ်က္ဆီးမႈမ်ားေၾကာင့္ လူေနအိမ္ (၁၁၂၂)လုံး မီးေလာင္ဆုံးရႈံးခဲ့ေၾကာင္း နစကဘက္မွ ဇန္နဝါရီလ ၂၄ ရက္ ညပိုင္းတြင္ ထုတ္ျပန္ထားသည္။

၂ဝ၂၂ ခုႏွစ္ ႏိုဝင္ဘာလႏွင့္ ဒီဇင္ဘာလအတြင္း မီေလာင္ဖ်က္ဆီးခံခဲ့ရျခင္းျဖစ္ၿပီး နစကဘက္က NUG/PDF အဖြဲ႕မ်ားႏွင့္ KIA ေသာင္းက်န္းသူပူးေပါင္းအဖြဲ႕မ်ားမွ မီးရႈိ႕ဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

နစက၏ ထုတ္ျပန္ခ်က္အရ စစ္ကိုင္းတိုင္းေဒသႀကီး ထီခ်ိဳင့္ၿမိဳ႕နယ္ႏွင့္ ကသာၿမိဳ႕ နယ္တို႔တြင္ မီးေလာင္ပ်က္စီးမႈအမ်ားဆုံးျဖစ္ခဲ့ၿပီး ထီးခ်ိဳင့္ၿမိဳ႕နယ္အတြင္း အိမ္ေျခ (၂၂၃၁)အိမ္ရွိသည္။

မီးေလာင္ပ်က္စီးမႈေၾကာင့္ အိမ္ေျခ(၁ဝဝ)ခန႔္ ပ်က္စီးခဲ့သည့္ ေက်း႐ြာ(၄)႐ြာခန႔္ရွိၿပီး အိမ္ေျခ(၅ဝ)အထက္ပ်က္စီးဆုံးရႈံးမႈသည္ ေက်း႐ြာ (၆) ႐ြာခန႔္ႏွင့္ အိမ္ေျခ(၅ဝ)ေအာက္ ပ်က္စီးဆုံးရႈံးမႈသည္ ေက်း႐ြာ(၄)႐ြာခန႔္ရွိၿပီး စုစုေပါင္းအိမ္ေျခ(၈၇ဝ)ခန႔္ မီးေလာင္ပ်က္စီးခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ျပင္ စစ္ကိုင္းတိုင္းေဒသႀကီး ကသာၿမိဳ႕နယ္တြင္ အိမ္ေျခ(၁၃၄၉)အိမ္ရွိသည့္အ နက္ မီးေလာင္ပ်က္စီးမႈေၾကာင့္ ေက်း႐ြာေပါင္း (၆)႐ြာခန႔္ မီးေလာင္ပ်က္စီးခဲ့ရၿပီး အိမ္ေျခ(၂၇ဝ)ခန႔္ မီးေလာင္ခဲ့ေၾကာင္းလည္း သိရသည္။

စစ္ကိုင္းတိုင္းႏွင့္ ခ်င္းျပည္နယ္အတြင္းရွိေက်း႐ြာမ်ားမွ အိမ္ေျခ(၄၂၃၇)႐ြာရွိၿပီး ေက်း႐ြာေပါင္း (၂၂)႐ြာတြင္ မီးေလာင္မႈ (၂၃)ႀကိမ္ရွိခဲ့ကာ အျပစ္မဲ့ျပည္သူမ်ား၏ ေနအိမ္(၁၁၂၂)လုံး မီးေလာင္ဆုံးရႈံးခဲ့ျခင္းလည္းျဖစ္သည္။

စစ္ကိုင္းေဒသႀကီးအတြင္း PDF အဖြဲ႕မ်ားႏွင့္ KIA မ်ားမွ ျပည္သူမ်ားအား နည္းလမ္းမ်ိဳးစုံျဖင့္ တိုက္ခိုက္ဖ်က္ဆီးေနမႈကို ကာကြယ္တားဆီးႏွိမ္နင္းႏိုင္ေရးလုပ္ေဆာင္ေပးလ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.