အကျဉ်းဦးစီးဌာန၏ အငြိမ်းစားဝန်ထမ်းနှင့်ဇနီးဖြစ်သူ နေအိမ်၌ အိပ်နေစဉ် သေနတ်ဖြင့် ပစ်ခတ် ဓါးပြတိုက်ခံရ

 1143

NP News - ဇန်နဝါရီ ၂၅

အကျဉ်းဦးစီးဌာန၏ အငြိမ်းစားဝန်ထမ်းနှင့်ဇနီးဖြစ်သူတို့ နေအိမ်၌ ရှိနေစဉ်အချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ရွှေနှင့်ငွေသားများ လုယက်ယူဆောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) နံနက်အစောပိုင်းတွင် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ လာကပုံကျေးရွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာအနီးရှိ သတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။

လာကပုံကျေးရွာ၌ နေထိုင်သည့် ဦးအောင်ထွေးနှင့် ၎င်း၏ဇနီးဖြစ်သူတို့သည် နေအိမ်အတွင်း အိပ်နေစဉ်အချိန် အမျိုးသားတစ်ဦးဝင်ရောက်လာကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။

ထို့နောက် သေနတ်ဖြင့် ပစ်ခတ်သူသည် နေအိမ်အတွင်းရှိ ရွှေလက်ဝတ်ရတနာ (၁ဝ)ကျပ်သားနှင့် ငွေကျပ်သိန်း(၆ဝ)ထက် မနည်းသော ငွေသားတို့ကို ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးအောင်ထွေး၏ ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ပြီး ၎င်း၏ဇနီးတွင်လည်း ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ဓါးပြတိုက်ခံရသူ ဦးအောင်ထွေးသည် ယခင်က အကျဉ်းဦးစီးဌာန၏ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်ကာ လက်ရှိတွင် ဝန်ထမ်းအဖြစ်မှ နုတ်ထွက်ထားသူတစ်ဦးဖြစ်ကြောင်း သိရသည်။

zawgyi version
အက်ဥ္းဦးစီးဌာန၏ အၿငိမ္းစားဝန္ထမ္းႏွင့္ဇနီးျဖစ္သူ ေနအိမ္၌ အိပ္ေနစဥ္ ေသနတ္ျဖင့္ ပစ္ခတ္ ဓါးျပတိုက္ခံရ
NP News - ဇန္နဝါရီ ၂၅

အက်ဥ္းဦးစီးဌာန၏ အၿငိမ္းစားဝန္ထမ္းႏွင့္ဇနီးျဖစ္သူတို႔ ေနအိမ္၌ ရွိေနစဥ္အခ်ိန္တြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံရၿပီးေနာက္ ေ႐ႊႏွင့္ေငြသားမ်ား လုယက္ယူေဆာင္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇန္နဝါရီလ ၂၅ ရက္) နံနက္အေစာပိုင္းတြင္ ရန္ကုန္တိုင္း၊ တြံေတးၿမိဳ႕နယ္ရွိ လာကပုံေက်း႐ြာတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ပြားရာေနရာအနီးရွိ သတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာသည္။

လာကပုံေက်း႐ြာ၌ ေနထိုင္သည့္ ဦးေအာင္ေထြးႏွင့္ ၎၏ဇနီးျဖစ္သူတို႔သည္ ေနအိမ္အတြင္း အိပ္ေနစဥ္အခ်ိန္ အမ်ိဳးသားတစ္ဦးဝင္ေရာက္လာကာ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆိုသည္။

ထို႔ေနာက္ ေသနတ္ျဖင့္ ပစ္ခတ္သူသည္ ေနအိမ္အတြင္းရွိ ေ႐ႊလက္ဝတ္ရတနာ (၁ဝ)က်ပ္သားႏွင့္ ေငြက်ပ္သိန္း(၆ဝ)ထက္ မနည္းေသာ ေငြသားတို႔ကို ယူေဆာင္ထြက္ေျပးသြားခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ဦးေအာင္ေထြး၏ ဦးေခါင္းတြင္ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ၎၏ဇနီးတြင္လည္း က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားရရွိခဲ့ကာ အသက္အႏၲရာယ္စိုးရိမ္ရသည့္ အေျခအေနရွိေၾကာင္း သိရသည္။

ေသနတ္ျဖင့္ ပစ္ခတ္ဓါးျပတိုက္ခံရသူ ဦးေအာင္ေထြးသည္ ယခင္က အက်ဥ္းဦးစီးဌာန၏ က်န္းမာေရးဝန္ထမ္းတစ္ဦးျဖစ္ကာ လက္ရွိတြင္ ဝန္ထမ္းအျဖစ္မွ ႏုတ္ထြက္ထားသူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.