အိမ်ခြံမြေအရောင်းအဝယ်လုပ်ကိုင်သူနှင့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု မရမ်းကုန်းမြို့နယ်၌ဖြစ်ပွား

 1716

NP News - ဇန်နဝါရီ ၂၅

အိမ်ခြံမြေအရောင်းအဝယ် လုပ်ကိုင်သူနှင့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(ဇန်နဝါရီလ ၂၅ ရက်) ၊ နံနက် ၉ နာရီအချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်(၁)ရပ်ကွက်ရှိ တပင်ရွှေထီးလမ်းတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ သတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။

အိမ်ခြံမြေအရောင်းအဝယ်လုပ်ကိုင်သူ ဦးကျော်မင်းသန်းနှင့် အမျိုးသမီးတစ်ဦးတို့သည် နေအိမ်တိုက်ခန်းမှ ထွက်ခွာလာစဉ်အချိန် ကားတစ်စီးပေါ်မှ အသင့်စောင့်နေသည့် အမျိုးသား(၂)ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း အထက် ပါ သတင်းအရင်းအမြစ်က ဆိုသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကာ နေရာတွင်ပင် (၂)ဦးလုံး သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေးအဖွဲ့ဝင်များ ရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

zawgyi version
အိမ္ၿခံေျမအေရာင္းအဝယ္လုပ္ကိုင္သူႏွင့္ အမ်ိဳးသမီးတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရမႈ မရမ္းကုန္းၿမိဳ႕နယ္၌ျဖစ္ပြား
NP News - ဇန္နဝါရီ ၂၅

အိမ္ၿခံေျမအေရာင္းအဝယ္ လုပ္ကိုင္သူႏွင့္ အမ်ိဳးသမီးတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရမႈ ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္၌ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ဇန္နဝါရီလ ၂၅ ရက္) ၊ နံနက္ ၉ နာရီအခ်ိန္ခန႔္တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ ဘုရင့္ေနာင္(၁)ရပ္ကြက္ရွိ တပင္ေ႐ႊထီးလမ္းတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိ သတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာသည္။

အိမ္ၿခံေျမအေရာင္းအဝယ္လုပ္ကိုင္သူ ဦးေက်ာ္မင္းသန္းႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔သည္ ေနအိမ္တိုက္ခန္းမွ ထြက္ခြာလာစဥ္အခ်ိန္ ကားတစ္စီးေပၚမွ အသင့္ေစာင့္ေနသည့္ အမ်ိဳးသား(၂)ဦးက ေသနတ္ျဖင့္ ပစ္ခတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း အထက္ ပါ သတင္းအရင္းအျမစ္က ဆိုသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ဦးေခါင္းႏွင့္ ရင္ဘတ္တို႔တြင္ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားရရွိခဲ့ကာ ေနရာတြင္ပင္ (၂)ဦးလုံး ေသဆုံးသြားခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

အဆိုပါပစ္ခတ္မႈျဖစ္စဥ္ျဖစ္ပြားခဲ့ၿပီးေနာက္ အခင္းျဖစ္ပြားရာေနရာသို႔ လုံၿခဳံေရးအဖြဲ႕ဝင္မ်ား ေရာက္ရွိလာကာ စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.