ရန်ကုန်ရှိ City Taxi များ၏ သင်္ကေတအမှတ်အသားနံပါတ်များပြောင်းလဲပြင်ဆင်မည်

 703

ရဲပြည့် (NP News) - ဇန်နဝါရီ ၂၅

ရန်ကုန်ရှိ City Taxi များ၏ဘေးစတေကာနံပါတ်များအား မြို့နယ်အလိုက် အခြေခံသတ်မှတ်ထားသည့် သင်္ကေတအမှတ်အသားနံပါတ်များဖြင့် ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ ပြောင်းလဲပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ထံမှ သိရသည်။

ယခင်က ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခရိုင်အပေါ်အခြေခံ၍ City Taxi ယာဉ်၏ ဘေးစတေကာနံပါတ်များအား E၊ W၊ S၊ N သင်္ကေတများဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်လေးခရိုင်မှ ၁၄ ခရိုင်သို့ ပြောင်းလဲဖွဲ့စည်းသတ်မှတ်ခဲ့ခြင်းကြောင့် မော်တော်ယာဉ်နံပါတ်များအား မြို့နယ်အလိုက် သင်္ကေတအမှတ်အသားများ ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

“City Taxi ဘေးစတေကာနံပါတ်တွေကို ပြောင်းလဲသတ်မှတ်ရာမှာ တိုက်ကြီးမြို့နယ်ဆိုရင် သင်္ကေတအမှတ်အသားနံပါတ်ဝမ်း၊ City Taxi YGN-1/0001 ဖြစ်ပါတယ်။ ထန်းတပင်မြို့နယ်ဆိုရင် သင်္ကေတအမှတ်အသားနံပါတ်တူး၊ မင်္ဂလာဒုံမြို့နယ်ဆိုရင် သင်္ကေတအမှတ် အသားနံပါတ်သရီး။ ရန်ကုန်တိုင်းဒေသကြီးမှာ ၄၅ မြို့နယ်ရှိတဲ့အတွက် မြို့နယ်တစ်ခုချင်းအလိုက် ဒီလိုနံပါတ်တွေပေးပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

City Taxi မှတ်ပုံတင်ရာတွင် ယခင်က ရပ်ကွက်ထောက်ခံစာ၊ သန်းခေါင်စာရင်း၊ စာချုပ်များ ပြသရသော်လည်း ယခုအခါ အဆိုပါစာရွက်စာတမ်းများမလိုအပ်တော့ ဘဲ ယာဉ်မှတ်ပုံတင်စာအုပ်တွင်ရှိသည့် နောက်ဆုံးအမည်ပေါက်၊ သက်တမ်းတိုးပြီး အထောက်အထား၊ လုပ်ငန်းလိုင်စင်အပိုင်း(၁) နှင့် (၂)၊ ယာဉ်ပိုင်ရှင်နှင့်ယာဉ်မောင်းသူများ၏မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ယာဉ်မောင်းလိုင်စင်“ဃ”နှင့် “င” တို့သာ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

City Taxi ယာဉ်မှတ်ပုံတင်ဆောင်ရွက်ရာတွင် ယခင်ကကောက်ခံသည့်နှုန်းများနှင့် ဒဏ်ကြေးများကောက်ခံမည်မဟုတ်တော့ဘဲ မှတ်ပုံတင်ခအနေဖြင့် ၃ဝဝဝကျပ်၊ ယာဉ်မောင်းလိုင်စင်ခ ၆ဝဝ ကျပ်၊ ယာဉ်မောင်း လိုင်စင်ကတ်စနစ် ၃၅ဝဝ ကျပ် နှင့် ဘေးစတေကာနံပါတ်အတွက် ၁၂ဝဝ ကျပ် စုစုပေါင်း ၈၃ဝဝ ကျပ်ကျသင့်မည်ဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသည့် City Taxi ယာဉ်အစီးရေ (၆ဝဝဝဝ) ကျော်ရှိကြောင်း သိရသည်။

zawgyi version
ရန္ကုန္ရွိ City Taxi မ်ား၏ သေကၤတအမွတ္အသားနံပါတ္မ်ားေျပာင္းလဲျပင္ဆင္မည္
ရဲျပည့္ (NP News) - ဇန္နဝါရီ ၂၅

ရန္ကုန္ရွိ City Taxi မ်ား၏ေဘးစေတကာနံပါတ္မ်ားအား ၿမိဳ႕နယ္အလိုက္ အေျခခံသတ္မွတ္ထားသည့္ သေကၤတအမွတ္အသားနံပါတ္မ်ားျဖင့္ ေဖေဖာ္ဝါရီလ ၁ ရက္မွစတင္၍ ေျပာင္းလဲျပင္ဆင္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ (YRTC)ထံမွ သိရသည္။

ယခင္က ရန္ကုန္တိုင္းေဒသႀကီး ခ႐ိုင္ေလးခ႐ိုင္အေပၚအေျခခံ၍ City Taxi ယာဥ္၏ ေဘးစေတကာနံပါတ္မ်ားအား E၊ W၊ S၊ N သေကၤတမ်ားျဖင့္ မွတ္ပုံတင္ေဆာင္႐ြက္ေပးခဲ့ၿပီး ယခုအခါတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ခ႐ိုင္ေလးခ႐ိုင္မွ ၁၄ ခ႐ိုင္သို႔ ေျပာင္းလဲဖြဲ႕စည္းသတ္မွတ္ခဲ့ျခင္းေၾကာင့္ ေမာ္ေတာ္ယာဥ္နံပါတ္မ်ားအား ၿမိဳ႕နယ္အလိုက္ သေကၤတအမွတ္အသားမ်ား ေျပာင္းလဲသတ္မွတ္မည္ျဖစ္ေၾကာင္း သိရသည္။

“City Taxi ေဘးစေတကာနံပါတ္ေတြကို ေျပာင္းလဲသတ္မွတ္ရာမွာ တိုက္ႀကီးၿမိဳ႕နယ္ဆိုရင္ သေကၤတအမွတ္အသားနံပါတ္ဝမ္း၊ City Taxi YGN-1/0001 ျဖစ္ပါတယ္။ ထန္းတပင္ၿမိဳ႕နယ္ဆိုရင္ သေကၤတအမွတ္အသားနံပါတ္တူး၊ မဂၤလာဒုံၿမိဳ႕နယ္ဆိုရင္ သေကၤတအမွတ္ အသားနံပါတ္သရီး။ ရန္ကုန္တိုင္းေဒသႀကီးမွာ ၄၅ ၿမိဳ႕နယ္ရွိတဲ့အတြက္ ၿမိဳ႕နယ္တစ္ခုခ်င္းအလိုက္ ဒီလိုနံပါတ္ေတြေပးၿပီးေတာ့ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္”ဟု ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႈေကာ္မတီမွ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မန္က ေျပာသည္။

City Taxi မွတ္ပုံတင္ရာတြင္ ယခင္က ရပ္ကြက္ေထာက္ခံစာ၊ သန္းေခါင္စာရင္း၊ စာခ်ဳပ္မ်ား ျပသရေသာ္လည္း ယခုအခါ အဆိုပါစာ႐ြက္စာတမ္းမ်ားမလိုအပ္ေတာ့ ဘဲ ယာဥ္မွတ္ပုံတင္စာအုပ္တြင္ရွိသည့္ ေနာက္ဆုံးအမည္ေပါက္၊ သက္တမ္းတိုးၿပီး အေထာက္အထား၊ လုပ္ငန္းလိုင္စင္အပိုင္း(၁) ႏွင့္ (၂)၊ ယာဥ္ပိုင္ရွင္ႏွင့္ယာဥ္ေမာင္းသူမ်ား၏မွတ္ပုံတင္၊ ေနရပ္လိပ္စာ၊ ဖုန္းနံပါတ္၊ ယာဥ္ေမာင္းလိုင္စင္“ဃ”ႏွင့္ “င” တို႔သာ လိုအပ္မည္ျဖစ္ေၾကာင္း သိရသည္။

City Taxi ယာဥ္မွတ္ပုံတင္ေဆာင္႐ြက္ရာတြင္ ယခင္ကေကာက္ခံသည့္ႏႈန္းမ်ားႏွင့္ ဒဏ္ေၾကးမ်ားေကာက္ခံမည္မဟုတ္ေတာ့ဘဲ မွတ္ပုံတင္ခအေနျဖင့္ ၃ဝဝဝက်ပ္၊ ယာဥ္ေမာင္းလိုင္စင္ခ ၆ဝဝ က်ပ္၊ ယာဥ္ေမာင္း လိုင္စင္ကတ္စနစ္ ၃၅ဝဝ က်ပ္ ႏွင့္ ေဘးစေတကာနံပါတ္အတြက္ ၁၂ဝဝ က်ပ္ စုစုေပါင္း ၈၃ဝဝ က်ပ္က်သင့္မည္ျဖစ္ ေၾကာင္း သိရသည္။

လက္ရွိတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း မွတ္ပုံတင္ထားသည့္ City Taxi ယာဥ္အစီးေရ (၆ဝဝဝဝ) ေက်ာ္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.