မိမိနိုင်ငံ၏ ကိုယ်ပိုင်ကြွေးမြီပြဿနာကိုသာ အာရုံစိုက်ရန် ဝါရှင်တန်ကို တရုတ်ပြောဆို

 1072

Htay Oung (NP News) - ဇန်နဝါရီ ၂၆

အာဖရိကရဲ့ ကြွေးမြီဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကိစ္စမှာ တရုတ်နိုင်ငံကအတား အဆီးဖြစ်လျက်ရှိကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျနက်ယဲလင်းက ယခုသီတင်းပတ်မှာ ပြောဆိုခဲ့ပါတယ်။ ဒီအတွက် ဝါရှင်တန်အနေနဲ့ ကိုယ့်ရဲ့ အိမ်တွင်း ရေး အကြွေးပြဿနာတွေကိုသာ စနစ်ကျအောင် ဖြေရှင်းသင့်ကြောင်း အာဖရိက ဇမ်ဘီယာနိုင်ငံဆိုင်ရာ တရုတ်သံအရာရှိများက တုံ့ပြန်ပြောဆိုလိုက်တယ်လို့ Reuters က ယနေ့ (ဇန်နဝါရီလ ၂၆ ရက်)မှာ ရေးသားပါတယ်။

နိုင်ငံပြင်ပမှာ တည်ရှိနေတဲ့ အကြွေးပြဿနာများအတွက် အမေရိကန်က ပေးအပ်နိုင်တဲ့ အကြီးမားဆုံး ပံ့ပိုးကူညီမှုမှာ (မိမိတို့ကိုယ်တိုင်) စိတ်ချယုံကြည်ရတဲ့ ငွေ ကြေးဆိုင်ရာ မူဝါဒများကို ချမှတ်ခြင်း ဖြစ်ကြောင်း၊ ကိုယ့်နိုင်ငံ့ရဲ့ ကြွေးမြီ ပြဿနာကို ရင်ဆိုင်ဖြေရှင်းရန်နဲ့ အခြားအချုပ်အခြာအာဏာပိုင်နိုင်ငံများရဲ့ ကြွေးမြီ ပြဿနာများ ဖြေရှင်းရေးမှာ ကဖျက်ယဖျက် လုပ်နေခြင်းများမှ ရပ်တန့်ရန် လိုအပ်ကြောင်း ဇမ်ဘီယာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ အင်္ဂါနေ့(ဇန်နဝါရီလ ၂၄ ရက်)က ရေးသားထားပါတယ်။

အမေရိကန်နိုင်ငံရဲ့ အသစ်ထပ်မံ ပြဋ္ဌာန်းလိုက်တဲ့ အမြင့်ဆုံးကြွေးမြီဆိုင်ရာ ဥပဒေမူကြမ်းကို အောက်လွှတ် တော်မှာ လွှမ်းမိုးထားတဲ့ ရီပတ်ဘလီကန်များက မဲပေးရန် ငြင်းဆိုလိုက်ကြပါတယ်။ ရီပတ်ဘလစ်ကင်တို့ရဲ့ အန္တရာယ်များပြီး ပုံမှန် မဟုတ်တဲ့ ခြိမ်းခြောက်မှုဟာ အစိုးရအနေနဲ့ တင်ရှိနေပြီးသား (ဧရာမ) ကြွေးမြီဆိုင်ရာ ငွေကြေးပမာဏကို ရောင်ပြန်ဟပ်နေခြင်းလည်း ဖြစ်ပါတယ်။ ဘိုင်ဒန်အစိုးရနဲ့ ဒီမိုကရက်တစ်များအပေါ် အသုံးစရိတ် အစီအစဉ်များကို ဖြတ်တောက်ရန် ဖိအားပေးခြင်း ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြုပ်နှံသူများနဲ့ အလယ်အလတ်ဝါဒီများ ဖိအားပေးမှုအောက်မှာ နောက်မဆုတ်စတမ်း သဘောထားတင်းမာတဲ့ ရီပတ်ဘလစ် ကန်များရဲ့ ဆွေးနွေးညှိနှိုင်းဖို့ ငြင်းဆန်မှုနဲ့ အိမ်ဖြူတော်ဟာ ရင်ဆိုင်နေရပါတယ်။

အောက်တိုဘာလ ၁ ရက်မှာစတင်တဲ့ ဘဏ္ဍာရေးနှစ်တစ်ခုစီအတွက် အသုံးစရိတ်ဥပဒေ အသေးစိတ်ပြဋ္ဌာန်းချက် သို့မဟုတ် အစိုးရအဖွဲ့ ဆက်လက်လည်ပတ်ဖို့အတွက် ကွန်ဂရက်လွှတ်တော်အနေနဲ့ ဥပဒေကို ယာယီသက် တမ်းတိုးမှုများနဲ့ အတည်ပြုရမှာဖြစ်ပါတယ်။

အကယ်၍ အဆိုပါ ဥပဒေကြမ်းများ မအောင်မြင်ပါက၊ ကာကွယ်ရေးဌာနနဲ့ ပြည်တွင်းအခွန်များဆိုင်ရာ ဝန်ဆောင်မှုတို့လို အေဂျင်စီများအတွက် လုပ်ငန်းလည်ပတ်ရန် လိုအပ်ငွေကိုရရှိမှာမဟုတ်ဘဲ သူတို့ရဲ့ လုပ်ငန်း များကို ပိတ်ပစ်ရန် သို့မဟုတ် အတိုင်းအတာတစ်ခုထိ လျော့ချဖို့ ပြန်လည် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့ ရပ်ဆိုင်းသွားရခြင်းမျိုးဟာ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ဖြစ်ရိုးဖြစ်စဉ်တစ်ခုအနေနဲ့ ထင်မှတ်ရပေမဲ့ လက်ရှိ ဖက်ဒရယ်ကြွေးမြီ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၄ ထရီလျံကို မြှင့်တင်ခြင်းနဲ့ပတ်သက်ပြီး ဝါရှင်တန်ရဲ့ ထိပ်တိုက်တွေ့မှုများဟာ သိသိသာသာ အန္တရာယ်များပြားလှပါတယ်။

၂ဝဝဝ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ထရီလျံနဲ့စတင်ပြီး အရှိန်အဟုန်မြင့်လာခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတော်ကြွေးမြီဟာ ယခုအခါ အမေရိကန်ဒေါ်လာ ၃၁ ထရီလျံအထိ ရောက်ရှိနေပါတယ်။ သက်ကြီးရွယ်အိုများအတွက် အသုံးစရိတ်တိုးမြှင့်မှု၊ အီရတ်နဲ့ အာဖဂန်စစ်ပွဲများအတွက် စရိတ်စကများ၊ COVID-19 ကပ်ရောဂါ အစီအစဉ်များနဲ့ အစိုးရဝင်ငွေများကို အနားသတ်ပေးတဲ့ အခွန်လျှော့ချမှုများကြောင့် ဖြစ်ပါတယ်။

အာဖရိကရဲ့ ကြွေးမြီဆိုင်ရာကိစ္စမှာ ပြုပြင်ပြောင်းလဲဖို့လိုအပ်ကြောင်း မီးမောင်းထိုးပြဖို့အတွက် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးနဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးတို့ဟာ ဇမ်ဘီယာနိုင်ငံကို တနင်္ဂနွေနေ့မှာ သီးခြားစီရောက်ရှိလာခဲ့ကြပါတယ်။

ဇမ်ဘီယာဟာ ၂ဝ၂ဝ ခုနှစ်မှာ နိုင်ငံ့ကြွေးမြီများကို ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ခဲ့ပြီး တရုတ်အပါအဝင် ပုဂ္ဂလိက မြီရှင်များနဲ့ ပြန်လည်ဖွဲ့စည်းခြင်းမှာလည်း တိုး တက်မှု အနည်းငယ်သာ ရရှိခဲ့ပါတယ်။ နိုင်ငံသားများကို ဆင်းရဲမှုနွံအတွင်း တွန်းပို့ရာ အခြေဆိုက်ခဲ့ပါတယ်။

၂ဝ၂၂ ခုနှစ် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများရဲ့ အစိုးရချေးငွေနဲ့ ပုဂ္ဂလိက ကဏ္ဍမြီရှင်များထံပေးချေရမယ့် ကြွေးမြီဝန်ဆောင်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၃၅ ဘီလျံ အထိရှိနေပြီး ၄ဝ ရာခိုင်နှုန်းကျော်မှာ တရုတ်နိုင်ငံကြောင့် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောဆိုပါတယ်။

ပြည်တွင်း ငွေကြေးဖောင်းပွမှုကို ထိန်းညှိဖို့အတွက် အမေရိကန် ဗဟိုဘဏ်ရဲ့ အတိုးနှုန်းထားများကို မြှင့်တင် ခြင်းနဲ့ အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာခြင်းတို့ဟာ အာဖရိကနိုင်ငံများရဲ့ ကြွေးမြီဝန်ဆောင်မှု ဝန်ထုပ်ဝန်ပိုးထဲကို ထပ်ဆောင်းတိုးဝင်လာကြောင်း အာဖရိက ဖွံ့ဖြိုးတိုးတက်ရေးဘဏ်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ သတင်းထုတ် ပြန်ခဲ့ပါတယ်။

( Reuters., 25 January 2023, “China tells U.S. to fix its own debt problems after Yellen Africa remarks ” ကို ဆီလျော်အောင် ကောက်နှုတဘာာသာပြန် ဆိုသည်။)

zawgyi version
မိမိႏိုင္ငံ၏ ကိုယ္ပိုင္ေႂကြးၿမီျပႆနာကိုသာ အာ႐ုံစိုက္ရန္ ဝါရွင္တန္ကို တ႐ုတ္ေျပာဆို
Htay Oung (NP News) - ဇန္နဝါရီ ၂၆

အာဖရိကရဲ႕ ေႂကြးၿမီဆိုင္ရာ ျပဳျပင္ေျပာင္းလဲေရးကိစၥမွာ တ႐ုတ္ႏိုင္ငံကအတား အဆီးျဖစ္လ်က္ရွိေၾကာင္း အေမရိကန္ဘ႑ာေရးဝန္ႀကီး ဂ်နက္ယဲလင္းက ယခုသီတင္းပတ္မွာ ေျပာဆိုခဲ့ပါတယ္။ ဒီအတြက္ ဝါရွင္တန္အေနနဲ႔ ကိုယ့္ရဲ႕ အိမ္တြင္း ေရး အေႂကြးျပႆနာေတြကိုသာ စနစ္က်ေအာင္ ေျဖရွင္းသင့္ေၾကာင္း အာဖရိက ဇမ္ဘီယာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအရာရွိမ်ားက တုံ႔ျပန္ေျပာဆိုလိုက္တယ္လို႔ Reuters က ယေန႔ (ဇန္နဝါရီလ ၂၆ ရက္)မွာ ေရးသားပါတယ္။

ႏိုင္ငံျပင္ပမွာ တည္ရွိေနတဲ့ အေႂကြးျပႆနာမ်ားအတြက္ အေမရိကန္က ေပးအပ္ႏိုင္တဲ့ အႀကီးမားဆုံး ပံ့ပိုးကူညီမႈမွာ (မိမိတို႔ကိုယ္တိုင္) စိတ္ခ်ယုံၾကည္ရတဲ့ ေငြ ေၾကးဆိုင္ရာ မူဝါဒမ်ားကို ခ်မွတ္ျခင္း ျဖစ္ေၾကာင္း၊ ကိုယ့္ႏိုင္ငံ့ရဲ႕ ေႂကြးၿမီ ျပႆနာကို ရင္ဆိုင္ေျဖရွင္းရန္နဲ႔ အျခားအခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံမ်ားရဲ႕ ေႂကြးၿမီ ျပႆနာမ်ား ေျဖရွင္းေရးမွာ ကဖ်က္ယဖ်က္ လုပ္ေနျခင္းမ်ားမွ ရပ္တန႔္ရန္ လိုအပ္ေၾကာင္း ဇမ္ဘီယာႏိုင္ငံ ဆိုင္ရာ တ႐ုတ္သံ႐ုံးက သူတို႔ရဲ႕ ဝက္ဘ္ဆိုက္မွာ အဂၤါေန႔(ဇန္နဝါရီလ ၂၄ ရက္)က ေရးသားထားပါတယ္။

အေမရိကန္ႏိုင္ငံရဲ႕ အသစ္ထပ္မံ ျပ႒ာန္းလိုက္တဲ့ အျမင့္ဆုံးေႂကြးၿမီဆိုင္ရာ ဥပေဒမူၾကမ္းကို ေအာက္လႊတ္ ေတာ္မွာ လႊမ္းမိုးထားတဲ့ ရီပတ္ဘလီကန္မ်ားက မဲေပးရန္ ျငင္းဆိုလိုက္ၾကပါတယ္။ ရီပတ္ဘလစ္ကင္တို႔ရဲ႕ အႏၲရာယ္မ်ားၿပီး ပုံမွန္ မဟုတ္တဲ့ ၿခိမ္းေျခာက္မႈဟာ အစိုးရအေနနဲ႔ တင္ရွိေနၿပီးသား (ဧရာမ) ေႂကြးၿမီဆိုင္ရာ ေငြေၾကးပမာဏကို ေရာင္ျပန္ဟပ္ေနျခင္းလည္း ျဖစ္ပါတယ္။ ဘိုင္ဒန္အစိုးရနဲ႔ ဒီမိုကရက္တစ္မ်ားအေပၚ အသုံးစရိတ္ အစီအစဥ္မ်ားကို ျဖတ္ေတာက္ရန္ ဖိအားေပးျခင္း ျဖစ္ၿပီး၊ စီးပြားေရးလုပ္ငန္းမ်ား၊ ရင္းႏွီးျမဳပ္ႏွံသူမ်ားနဲ႔ အလယ္အလတ္ဝါဒီမ်ား ဖိအားေပးမႈေအာက္မွာ ေနာက္မဆုတ္စတမ္း သေဘာထားတင္းမာတဲ့ ရီပတ္ဘလစ္ ကန္မ်ားရဲ႕ ေဆြးေႏြးညႇိႏႈိင္းဖို႔ ျငင္းဆန္မႈနဲ႔ အိမ္ျဖဴေတာ္ဟာ ရင္ဆိုင္ေနရပါတယ္။

ေအာက္တိုဘာလ ၁ ရက္မွာစတင္တဲ့ ဘ႑ာေရးႏွစ္တစ္ခုစီအတြက္ အသုံးစရိတ္ဥပေဒ အေသးစိတ္ျပ႒ာန္းခ်က္ သို႔မဟုတ္ အစိုးရအဖြဲ႕ ဆက္လက္လည္ပတ္ဖို႔အတြက္ ကြန္ဂရက္လႊတ္ေတာ္အေနနဲ႔ ဥပေဒကို ယာယီသက္ တမ္းတိုးမႈမ်ားနဲ႔ အတည္ျပဳရမွာျဖစ္ပါတယ္။

အကယ္၍ အဆိုပါ ဥပေဒၾကမ္းမ်ား မေအာင္ျမင္ပါက၊ ကာကြယ္ေရးဌာနနဲ႔ ျပည္တြင္းအခြန္မ်ားဆိုင္ရာ ဝန္ေဆာင္မႈတို႔လို ေအဂ်င္စီမ်ားအတြက္ လုပ္ငန္းလည္ပတ္ရန္ လိုအပ္ေငြကိုရရွိမွာမဟုတ္ဘဲ သူတို႔ရဲ႕ လုပ္ငန္း မ်ားကို ပိတ္ပစ္ရန္ သို႔မဟုတ္ အတိုင္းအတာတစ္ခုထိ ေလ်ာ့ခ်ဖို႔ ျပန္လည္ လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။

အစိုးရအဖြဲ႕ ရပ္ဆိုင္းသြားရျခင္းမ်ိဳးဟာ လြန္ခဲ့သည့္ဆယ္စုႏွစ္မ်ားအတြင္း ျဖစ္႐ိုးျဖစ္စဥ္တစ္ခုအေနနဲ႔ ထင္မွတ္ရေပမဲ့ လက္ရွိ ဖက္ဒရယ္ေႂကြးၿမီ အေမရိကန္ေဒၚလာ ၃၁ ဒသမ ၄ ထရီလ်ံကို ျမႇင့္တင္ျခင္းနဲ႔ပတ္သက္ၿပီး ဝါရွင္တန္ရဲ႕ ထိပ္တိုက္ေတြ႕မႈမ်ားဟာ သိသိသာသာ အႏၲရာယ္မ်ားျပားလွပါတယ္။

၂ဝဝဝ ခုႏွစ္မွာ အေမရိကန္ေဒၚလာ ၅ ဒသမ ၆ ထရီလ်ံနဲ႔စတင္ၿပီး အရွိန္အဟုန္ျမင့္လာခဲ့တဲ့ အေမရိကန္ျပည္ေထာင္စုရဲ႕ ႏိုင္ငံေတာ္ေႂကြးၿမီဟာ ယခုအခါ အေမရိကန္ေဒၚလာ ၃၁ ထရီလ်ံအထိ ေရာက္ရွိေနပါတယ္။ သက္ႀကီး႐ြယ္အိုမ်ားအတြက္ အသုံးစရိတ္တိုးျမႇင့္မႈ၊ အီရတ္နဲ႔ အာဖဂန္စစ္ပြဲမ်ားအတြက္ စရိတ္စကမ်ား၊ COVID-19 ကပ္ေရာဂါ အစီအစဥ္မ်ားနဲ႔ အစိုးရဝင္ေငြမ်ားကို အနားသတ္ေပးတဲ့ အခြန္ေလွ်ာ့ခ်မႈမ်ားေၾကာင့္ ျဖစ္ပါတယ္။

အာဖရိကရဲ႕ ေႂကြးၿမီဆိုင္ရာကိစၥမွာ ျပဳျပင္ေျပာင္းလဲဖို႔လိုအပ္ေၾကာင္း မီးေမာင္းထိုးျပဖို႔အတြက္ အေမရိကန္ ဘ႑ာေရးဝန္ႀကီးနဲ႔ ႏိုင္ငံတကာ ေငြေၾကးရံပုံေငြအဖြဲ႕ IMF ရဲ႕ ဦးေဆာင္ၫႊန္ၾကားေရးမႉးတို႔ဟာ ဇမ္ဘီယာႏိုင္ငံကို တနဂၤေႏြေန႔မွာ သီးျခားစီေရာက္ရွိလာခဲ့ၾကပါတယ္။

ဇမ္ဘီယာဟာ ၂ဝ၂ဝ ခုႏွစ္မွာ ႏိုင္ငံ့ေႂကြးၿမီမ်ားကို ျပန္လည္ေပးဆပ္ရန္ ပ်က္ကြက္ခဲ့ၿပီး တ႐ုတ္အပါအဝင္ ပုဂၢလိက ၿမီရွင္မ်ားနဲ႔ ျပန္လည္ဖြဲ႕စည္းျခင္းမွာလည္း တိုး တက္မႈ အနည္းငယ္သာ ရရွိခဲ့ပါတယ္။ ႏိုင္ငံသားမ်ားကို ဆင္းရဲမႈႏြံအတြင္း တြန္းပို႔ရာ အေျခဆိုက္ခဲ့ပါတယ္။

၂ဝ၂၂ ခုႏွစ္ ကမာၻ႔အဆင္းရဲဆုံးႏိုင္ငံမ်ားရဲ႕ အစိုးရေခ်းေငြနဲ႔ ပုဂၢလိက က႑ၿမီရွင္မ်ားထံေပးေခ်ရမယ့္ ေႂကြးၿမီဝန္ေဆာင္မႈပမာဏဟာ အေမရိကန္ေဒၚလာ ၃၅ ဘီလ်ံ အထိရွိေနၿပီး ၄ဝ ရာခိုင္ႏႈန္းေက်ာ္မွာ တ႐ုတ္ႏိုင္ငံေၾကာင့္ ျဖစ္ေၾကာင္း ကမာၻ႔ဘဏ္က ေျပာဆိုပါတယ္။

ျပည္တြင္း ေငြေၾကးေဖာင္းပြမႈကို ထိန္းညႇိဖို႔အတြက္ အေမရိကန္ ဗဟိုဘဏ္ရဲ႕ အတိုးႏႈန္းထားမ်ားကို ျမႇင့္တင္ ျခင္းနဲ႔ အေမရိကန္ေဒၚလာတန္ဖိုး ျမင့္တက္လာျခင္းတို႔ဟာ အာဖရိကႏိုင္ငံမ်ားရဲ႕ ေႂကြးၿမီဝန္ေဆာင္မႈ ဝန္ထုပ္ဝန္ပိုးထဲကို ထပ္ေဆာင္းတိုးဝင္လာေၾကာင္း အာဖရိက ဖြံ႕ၿဖိဳးတိုးတက္ေရးဘဏ္က ၿပီးခဲ့တဲ့ သီတင္းပတ္မွာ သတင္းထုတ္ ျပန္ခဲ့ပါတယ္။

( Reuters., 25 January 2023, “China tells U.S. to fix its own debt problems after Yellen Africa remarks ” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတဘာာသာျပန္ ဆိုသည္။)

Related news

© 2021. All rights reserved.