တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းများကို အမှတ်စဉ်သတ်မှတ်ရေးနှင့် အမည်ပေးရေးလုပ်ငန်းများ ဆောင် ရွက်မည်

1569

NP News - ဇန်နဝါရီ ၂၆
ပင်လယ်ပြင်နှင့်ကမ်းရိုးတန်းဒေသကို ကာကွယ်စောင့်ရှောက်နိုင်ရန် တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းများကို အမှတ်စဉ်သတ်မှတ်ရေးနှင့် အမည်ပေးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှတ်စဉ်သတ်မှတ်ရေးနှင့် အမည်ပေးရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့ (ဇန်နဝါရီလ ၂၆ ရက်)က ကျင်းပခဲ့ခြင်းဖြစ်သည်။
တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက် ပင်လယ်ပြင်အတွင်းရှိ ကျွန်းများအနက် တိုင်းဒေသကြီးအတွင်းရှိ အမည်ရှိ၊ အမည်မဲ့ ကျွန်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ အမှတ်စဉ် ရေးထိုးသတ်မှတ်ခြင်း၊ အမည်မဲ့ ကျွန်းများအား အမည်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးလုပ်ငန်း ကော်မတီကို လုပ်ငန်းတာဝန်(၇)ရပ်ချမှတ်ပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းက ပြောကြားခဲ့သည်။
ကမ်းရိုးတန်း ဒေသပင်လယ်ပြင်အတွင်း၌ တည်ရှိသောကျွန်းများ၏အရေအတွက်နှင့် တည်နေရာများကို စနစ်တကျ မှတ်တမ်းတင်ဆောင်ရွက်ထားရှိခြင်းအားဖြင့်လည်း နိုင်ငံတော်အချုပ်အခြာ အာဏာပိုင်စိုးသည့် ပင်လယ်ပြင်ဧရိယာနှင့် ကမ်းရိုးတန်းဒေသကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ကာကွယ်ထိန်းသိမ်းစောင့်ရှောက် နိုင်မည်ဖြစ်သောကြောင့် အငြင်းပွားမှုများကိုလည်း ခိုင်မာစွာ ရှင်းလင်းခုခံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တနင်္သာရီတိုင်းဒေသကြီးသည် ကမ်းလွန်ပြင်၌ ကျွန်းပေါင်း (၈ဝဝ)ကျော်ရှိပြီး ပြည်တွင်းပြည်ပခရီးသွားများအတွက် အဓိကဆွဲဆောင်နေသည့် နေရာတစ်ခုလည်း ဖြစ်သည်။
ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များမှ အပြိုင်အဆိုင်လျှောက်ထားမှုများရှိနေပြီး မြေနေရာချထားမှုများအတွက် စနစ်တကျ စိစစ်ဆောင်ရွက်သွားရန်လည်း လိုအပ်နေသည်။

zawgyi version
တနသၤာရီတိုင္းအတြင္းရွိ ကြၽန္းမ်ားကို အမွတ္စဥ္သတ္မွတ္ေရးႏွင့္ အမည္ေပးေရးလုပ္ငန္းမ်ား ေဆာင္ ႐ြက္မည္
NP News - ဇန္နဝါရီ ၂၆
ပင္လယ္ျပင္ႏွင့္ကမ္း႐ိုးတန္းေဒသကို ကာကြယ္ေစာင့္ေရွာက္ႏိုင္ရန္ တနသၤာရီတိုင္းအတြင္းရွိ ကြၽန္းမ်ားကို အမွတ္စဥ္သတ္မွတ္ေရးႏွင့္ အမည္ေပးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အမွတ္စဥ္သတ္မွတ္ေရးႏွင့္ အမည္ေပးေရးလုပ္ငန္းေကာ္မတီ၏ ပထမအႀကိမ္အစည္းအေဝးကို ယေန႔ (ဇန္နဝါရီလ ၂၆ ရက္)က က်င္းပခဲ့ျခင္းျဖစ္သည္။
တနသၤာရီကမ္း႐ိုးတန္းေဒသတစ္ေလွ်ာက္ ပင္လယ္ျပင္အတြင္းရွိ ကြၽန္းမ်ားအနက္ တိုင္းေဒသႀကီးအတြင္းရွိ အမည္ရွိ၊ အမည္မဲ့ ကြၽန္းမ်ားကို ႏိုင္ငံတကာစံႏႈန္းမ်ားႏွင့္အညီ အမွတ္စဥ္ ေရးထိုးသတ္မွတ္ျခင္း၊ အမည္မဲ့ ကြၽန္းမ်ားအား အမည္ေပးျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္အတြက္ တိုင္းေဒသႀကီးလုပ္ငန္း ေကာ္မတီကို လုပ္ငန္းတာဝန္(၇)ရပ္ခ်မွတ္ၿပီး လုပ္ငန္းမ်ားေဆာင္႐ြက္လ်က္ရွိေၾကာင္း အစည္းအေဝးတြင္ ေကာ္မတီဥကၠ႒ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးသိန္းလင္းက ေျပာၾကားခဲ့သည္။
ကမ္း႐ိုးတန္း ေဒသပင္လယ္ျပင္အတြင္း၌ တည္ရွိေသာကြၽန္းမ်ား၏အေရအတြက္ႏွင့္ တည္ေနရာမ်ားကို စနစ္တက် မွတ္တမ္းတင္ေဆာင္႐ြက္ထားရွိျခင္းအားျဖင့္လည္း ႏိုင္ငံေတာ္အခ်ဳပ္အျခာအာဏာပိုင္စိုးသည့္ ပင္လယ္ျပင္ဧရိယာႏွင့္ ကမ္း႐ိုးတန္းေဒသကို ႏိုင္ငံတကာစံႏႈန္းမ်ားႏွင့္အညီ ကာကြယ္ထိန္းသိမ္းေစာင့္ေရွာက္ ႏိုင္မည္ျဖစ္ေသာေၾကာင့္ အျငင္းပြားမႈမ်ားကိုလည္း ခိုင္မာစြာ ရွင္းလင္းခုခံေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း ၎က ဆိုသည္။
တနသၤာရီတိုင္းေဒသႀကီးသည္ ကမ္းလြန္ျပင္၌ ကြၽန္းေပါင္း (၈ဝဝ)ေက်ာ္ရွိၿပီး ျပည္တြင္းျပည္ပခရီးသြားမ်ားအတြက္ အဓိကဆြဲေဆာင္ေနသည့္ ေနရာတစ္ခုလည္း ျဖစ္သည္။
ထို႔ေၾကာင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားမွ အၿပိဳင္အဆိုင္ေလွ်ာက္ထားမႈမ်ားရွိေနၿပီး ေျမေနရာခ်ထားမႈမ်ားအတြက္ စနစ္တက် စိစစ္ေဆာင္႐ြက္သြားရန္လည္း လိုအပ္ေနသည္။