အမေရိကန်အစိုးရ၏ လူမသိစေချင်သော လျှို့ဝှက်လေကြောင်းလိုင်း

 1686

Htay Oung (NP News) - ဖေဖော်ဝါရီ ၁၂

အမေရိကန်အစိုးရရဲ့ “ဂျဲန်နက်” လို့ခေါ်တဲ့ ထိပ်တန်းလျှို့ဝှက်လေကြောင်းလိုင်းတစ်ခု လည်ပတ်လုပ်ကိုင်နေတာကို သင်သိပါသလား။ အဲဒီလေကြောင်းလိုင်းဟာ စီးပွားရေးဆိုင်ရာ လေဆိပ်များမှာ ဝင်ထွက်နေပေမဲ့ စောင့်ကြည့်ရေး ရေဒါအောက်မှာသာ ပျံသန်းလေ့ရှိပါတယ်။ သိုသိပ်ပြီး အမှတ်အသားမပါရှိတဲ့ လေယာဉ်ပျံကို သတိမထားမိတတ်ကြတာ သင်တစ်ဦးတည်း မဟုတ်ပါလို့ MSN Daily Digest က ရေးသားပါတယ်။

ဂျဲန်နက်ရဲ့ လုပ်ငန်းဆောင်တာများနဲ့ ပို့ဆောင်ပေးတဲ့ ခရီးသည်များရဲ့ လှုပ်ရှားသွား လာမှုများကို သက်ဆိုင်သူများသာ သိခွင့်ရှိပါတယ်။ ဒါပေမဲ့ အဲဒီလေကြောင်းလိုင်းနဲ့ ပတ်သက်ပြီး သိသမျှကို ဖောက်သည်ချပါရစေ။

ဂျဲန်နက်ဆိုတာ သမ္မာကျမ်းစာလာ ဘုရားသခင်ရဲ့ လက်ဆောင် ဣတ္ထိယ သမီးပျို လို့ မှန်းဆကြပေမဲ့ Janet လို့ ဘာကြောင့်ခေါ်တယ်ဆိုတာ ဘယ်သူမှ မသိပါဘူး။ အချို့က အမှန်တကယ်မရှိတဲ့ အခြားလေဆိပ်တစ်ခု "Just Another Non-Existent Terminal" သို့မဟုတ် ပူးတွဲလေကြောင်းကွန်ရက်အတွက် သယ်ယူပို့ဆောင်ရေးဝန် ထမ်းများ " Employee Transportation for Joint Air Network" မှ အတိုကောက်စာလုံး Janet လို့ ထင်ကြေးပေးကြပါတယ်။

ဂျဲန်နက် လေယာဉ်များကို စီးပွားရေးဆိုင်ရာလေကြောင်းလိုင်းများမှာ တွေ့ရတတ်တဲ့ ပုံမှန် ကိုယ်ပိုင်စာလုံး တံဆိပ်များနဲ့ အမှတ်အသား မပြုပါဘူး။ လေယာဉ်ကိုယ် ထည်မှာ အလျားလိုက် အနီ သို့မဟုတ် အပြာ ရောင်မျဉ်းသာ အမှတ်အသားအဖြစ် ရှိနေပါတယ်။

ဂျဲန်နက်လေကြောင်းလိုင်းမှာ Boeing 737-600 ၆-စီး၊ Beechcraft 1900 နှစ်စီးနဲ့ Beechcraft 200C သုံးစီးသာပါရှိတဲ့ လေယာဉ်များနဲ့ အုပ်စုဖွဲ့ထားပါတယ်။ ပထမဆုံး ပျံသန်းမှုကို ၁၉၇၂ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အဲဒီလေယာဉ်တွေကို အမေရိကန်လေတပ်မှ ပိုင်ဆိုင်ပြီး လေယာဉ်များကို ကာကွယ်ရေး ကန်ထရိုက်တာ ဖြစ်တဲ့ “အမေရိကန် နိုင်ငံစုံ အခြေခံအဆောက်အအုံဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီ “AECOM က လုပ်ကိုင် ဆောင်ရွက်ပေးပါတယ်။ လေကြောင်းလိုင်း တစ်ခုလုံးကို နီဗားဒါးပြည် နယ် လာ့စ်ဗေးဂတ်စ်ရှိ “မက်ကာရမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်" “ဂိုးလ်ကို့စ် တာမင်နယ်"လို့ လူသိများတဲ့ ကန့်သတ်ထားတဲ့ ပုဂ္ဂလိကပိုင်လေဆိပ်” မှ ကိုင်တွယ် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

အဲဒီလေဆိပ်ရဲ့ ကားရပ်နားရန်နေရာဟာ နေ့စဉ် ရာနဲ့ချီတဲ့ ကားအစီးရေများနဲ့ ပြည့်နှက်နေပေမဲ့ ညနေပိုင်း ရောက်တဲ့အခါ ကားအားလုံး မရှိတော့ကြောင်း “ပေါ်ပြူ လာ မက္ကင်းနစ်”စာစောင်က ဖော်ပြဖူးပါတယ်။ AECOM ဟာ လေယာဉ်များအတွက် အလုပ်လုပ်ပေးနေတာဖြစ်ပေမဲ့ လေဆိပ်ကို ဘယ်သူပိုင်ဆိုင်ပြီး ဘယ်သူက စီမံခန့် ခွဲနေတယ်ဆိုတာ မသိကြပါဘူး။ ကန်ထရိုက်ရရှိသူဟာ နှစ်ပေါင်းများစွာအတွင်း ကုမ္ပဏီတစ်ခုပြီး တစ်ခုပြောင်းလဲသွားခဲ့ပြီး လောလောဆယ် AECOM က လေယာဉ်များအပေါ်မှာရော လေဆိပ်မှာပါ စီမံခန့်ခွဲ ဆောင်ရွက် နေတယ်လို့ ခန့်မှန်းရပါတယ်။

လေကြောင်းလိုင်းမှာ အလုပ်လုပ်မည့် လေယာဉ်အမှုထမ်းများဟာ ထိပ်တန်းလျှို့ ဝှက်လုံခြုံရေးဆိုင်ရာ ကင်းရှင်းကြောင်း ခွင့်ပြုမိန့် ကိုင်ဆောင်ထားဖို့ လိုအပ်ပါတယ်။ လျှောက်လွှာတင်ခြင်းလုပ်ငန်းစဉ်ဟာ အပတ်တကုတ်လုပ်ရတဲ့ ကိစ္စဖြစ်ပြီး သူတို့ရဲ့ ဘဝကဏ္ဍအားလုံးကို အသေးစိတ်အသေးစိတ် အူသေးအူမွှားမချန် ထုတ် ဖော်ပြောပြမည့်သူဖြစ်ဖို့ လိုအပ်ပါတယ်။ စုံစမ်းစစ်ဆေးသူများဟာ လျှောက် ထားသူရဲ့ ရာဇဝင်ကို ကြည့်ရှုရုံသာမက မိသားစုဝင်များ၊ သူငယ်ချင်းများနဲ့ အခြားနီးနီးကပ်ကပ် နေဖူးသူများကိုလည်း အင်တာဗျူးပါတယ်။ အလုပ်ခန့်ခြင်းလုပ်ငန်းစဉ်ရဲ့ နောက်ဆုံးအဆင့်မှာ Polygraph Test “ ပေါ်လီဂရပ်ဖ် တက်စ်"လို့ ခေါ်တဲ့ “မုသားဖော်စက်"နဲ့ စမ်းသပ်မှုဖြစ်ပါတယ်။

အလုပ်ခန့်ထားမှုလုပ်ငန်းစဉ်ဟာ ပြင်းထန်ပေမဲ့ ကုမ္ပဏီအနေနဲ့ လေယာဉ်အမှုထမ်းနဲ့ လေယာဉ်မှူးလို ရာထူးမျိုး အတွက် အခြားကုမ္ပဏီတွေလိုပဲ အလုပ်အကိုင် အခွင့် အလမ်းများ ဖွင့်ပေးထားပါတယ်။ အလုပ်ခေါ်ယူမှုရှိကြောင်း ဘုတ်များမှာ အလွယ် တကူမြင်ရအောင် ကုမ္ပဏီက စီစဉ်ပေးထားပါတယ်။

အခိုင်အလုံသက်သေမပြနိုင်ပေမဲ့ လေကြောင်းလိုင်းဟာ အမေရိကန်အစိုးရရဲ့ ထိပ် တန်းလျှို့ဝှက်စစ်အခြေ စိုက်စခန်း Area 51 “ဧရိယာအမှတ်-၅၁"ထံ တပ်ဖွဲ့ဝင်များကို သယ်ဆောင်ပေးနေကြောင်း အထောက်အထား များစွာရှိပါတယ်။

နီဗားဒါးပြည်နယ်မှာ တည်ရှိတဲ့ အဲ့ဒီအခြေစိုက်စခန်းဟာ အမေရိကန်အစိုးရလှုပ် ရှားမှုများနဲ့ပတ်သက်လို့ သို့လောသို့လော ထင်မြင်ချက်များနဲ့ လူသိများတဲ့ နေရာတစ်ခု ဖြစ်တယ်။ ပျက်ကျသွားတဲ့ “မျိုးမည်မသိ ပျံသန်း နေသော အရာဝတ္ထုများ” UFO ကို လေ့လာခြင်း၊ အခြားကမ္ဘာမှ ဂြိုလ်သားများနဲ့ တွေ့ဆုံခြင်း၊ ဂြိုလ်သား နည်း ပညာများကို တီထွင်ထုတ်လုပ်ခြင်း အပါအဝင် ပြင်ပကမ္ဘာနဲ့ ပတ်သက်သည့် လုပ်ငန်းဆောင်တာများကို အစိုးရက ဖုံးကွယ်ထားတယ်လို့ လူအများက ယုံကြည်ကြပါတယ်။

အမေရိကန် အစိုးရဟာ ဧရိယာအမှတ်-၅၁ နဲ့ ပတ်သက်ရင် အချက်အလက် အနည်း ငယ်မျှသာ အသိပေးထားပြီး သတ်မှတ်ထားတဲ့ လျှို့ဝှက်ကန့်သတ် အဆင့်မြင့်လွန်းတာကြောင့်လို့ ဆိုပါတယ်။ ဧရိယာအမှတ်-၅၁ အပေါ် ဖြတ်သန်းသွားတဲ့ ဂျဲန်းနက် လေယာဉ်တွေဟာ လမ်းကြောင်းခြေရာခံစနစ်မှ ပျောက်ကွယ်ပြီး ဆက် သွယ်ရေးစက်များ ဖြတ်တောက်သွားတယ်လို့ ယူဆကြပါတယ်။

အမေရိကန်ပြည်ထောင်ဟု ကောင်းကင်ယံမှာ ကန့်သတ်နယ်မြေ ၅ဝဝ ခန့်ရှိပါတယ်။ နီဗားဒါးပြည်နယ် တောင်ပိုင်း ကန့်သတ်လေကြောင်းပိုင်နက် “အာရ်-ဖိုးအိတ်အိုအိတ်"ဟာ ကမ္ဘာပေါ်မှာ ကာကွယ်ရေးတင်းကျပ်မှု အမြင့်မားဆုံး ဝေဟင်များအနက် တစ်ခုဖြစ်ပါတယ်။ စစ်ဘက် တိုက်လေယာဉ်များဟာ လေပိုင်နက်အတွင်း ကင်းလှည့်နေပြီး ကျူးကျော်သူများကို ပစ်ချဖို့ အခွင့်အာဏာရှိကြပါတယ်။ သို့သော် ဂျဲန်းနက် လေယာဉ်တွေဟာ အဲဒီလို လေပိုင်နက်အတွင်း ဘေးမသီ ရန်မခစေရပဲ ဖြတ်သန်းသွားကြပါတယ်။။

ဂျဲန်းနက်လေကြောင်းလိုင်း ခရီးစဉ်အများစုဟာ နီဗားဒါးတောင်ပိုင်းတစ်ဝိုက်မှာ တည်ရှိပေမဲ့ အခြားဦးတည်ခရီးစဉ်အဖြစ် နယူးယောက်၊ နယူးမက္ကဆီကိုနဲ့ ကယ်လီဖိုးနီးယားတို့ကိုလည်း ပျံသန်းလေ့ရှိပါတယ်။ နီဗားဒါးပြည် နယ် “ချိုင်းနားလိတ်ခ်” မှာရှိတဲ့ ရေတပ်မတော် လေကြောင်းလက်နက်စခန်း၊ လေတပ် အမှတ်-၄၁ စက်ရုံနဲ့ “အက်ဒ်ဝပ် လေတပ်အခြေစိုက်စခန်း” တို့ကို အများဆုံး ပျံသန်းပါတယ်။

ဂျဲန်းနက်လေယာဉ်တွေဟာ နေ့စဉ် ခရီးသွား ရာဂဏန်းမှ ထောင်ပေါင်းများစွာအထိ ဘယ်နေရာကို သယ်ယူပို့ ဆောင်ပေးနေသလဲဆိုတာ ပေါ်ပျူလာမက္ကင်းနစ်ဂျာနယ်က လေ့လာဖော်ပြခဲ့ပါတယ်။ ခရီးသည်များဟာ ပေါ့ပေါ့ ပါးပါး ဝတ်စားဆင်ယင်ထားပေမဲ့ နိုင်ငံတစ်ဝှမ်းရှိ တပ်မတော်နဲ့ အစိုးရရုံးများထံ သွားရောက်သူများဖြစ်နေတယ် လို့ ဆိုပါတယ်။

(အမေရိကန်စစ်တပ်သည် အာဖဂန်၊ အီရတ်၊ ဆီးရီးယားနှင့် ကမ္ဘာ့တင်းမာမှုဖြစ်ပွားနေသော ဒေသများတွင် လွှတ်တင်ထားသည့် ၎င်း၏ ဒရုန်းတိုက်ခိုက်ရေးလေယာဉ်များအား ပြည်တွင်းလေတပ်အခြေစိုက်စခန်းများမှ ထိန်းချုပ်မောင်းနှင်နေခြင်းဖြစ်သည်ဟုဆိုကြပါသည်။ အချို့လေတပ်စခန်းများသည် ကမ္ဘာအရပ်ရပ်ရှိ ပစ်မှတ် အားလုံးကို မှတ်ပုံတင်ထားသော တိုက်ချင်းပစ် ဒုံးပျံများကိုပင် ထိန်းချုပ်ထားသည်ဟု ပြောကြသည်။ ထို့ကြောင့် ၎င်း၏စစ်သည်များအား ပြည်တွင်းအလုပ်တာဝန်ဖြင့် ခရီးသွားရာ၌ ပုဂ္ဂလိက ခရီးသည်တင် လေယာဉ်များကို အသုံးရန် ဆန္ဒမရှိကြောင်း မှန်းဆရပါသည်။ ကိုယ်ပိုင်လေယာဉ် (၁၁)စီးဝယ်ယူ၍ ကန်ထရိုက်ပေးပြီး သယ်ယူပို့ဆောင်ပေးနေ ပုံရပါသည်။ ထိုအကြောင်းကို လူသိရှင်ကြား ထုတ်ပြန်ပြောဆိုမှုု မရှိခြင်းသာ ဖြစ်ပါလိမ့်မည်။ ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်)

(MSN Daily Digest., America's secret airline the government doesn't want you to know about” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
အေမရိကန္အစိုးရ၏ လူမသိေစခ်င္ေသာ လွ်ိဳ႕ဝွက္ေလေၾကာင္းလိုင္း
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၁၂

အေမရိကန္အစိုးရရဲ႕ “ဂ်ဲန္နက္” လို႔ေခၚတဲ့ ထိပ္တန္းလွ်ိဳ႕ဝွက္ေလေၾကာင္းလိုင္းတစ္ခု လည္ပတ္လုပ္ကိုင္ေနတာကို သင္သိပါသလား။ အဲဒီေလေၾကာင္းလိုင္းဟာ စီးပြားေရးဆိုင္ရာ ေလဆိပ္မ်ားမွာ ဝင္ထြက္ေနေပမဲ့ ေစာင့္ၾကည့္ေရး ေရဒါေအာက္မွာသာ ပ်ံသန္းေလ့ရွိပါတယ္။ သိုသိပ္ၿပီး အမွတ္အသားမပါရွိတဲ့ ေလယာဥ္ပ်ံကို သတိမထားမိတတ္ၾကတာ သင္တစ္ဦးတည္း မဟုတ္ပါလို႔ MSN Daily Digest က ေရးသားပါတယ္။

ဂ်ဲန္နက္ရဲ႕ လုပ္ငန္းေဆာင္တာမ်ားနဲ႔ ပို႔ေဆာင္ေပးတဲ့ ခရီးသည္မ်ားရဲ႕ လႈပ္ရွားသြား လာမႈမ်ားကို သက္ဆိုင္သူမ်ားသာ သိခြင့္ရွိပါတယ္။ ဒါေပမဲ့ အဲဒီေလေၾကာင္းလိုင္းနဲ႔ ပတ္သက္ၿပီး သိသမွ်ကို ေဖာက္သည္ခ်ပါရေစ။

ဂ်ဲန္နက္ဆိုတာ သမၼာက်မ္းစာလာ ဘုရားသခင္ရဲ႕ လက္ေဆာင္ ဣတၳိယ သမီးပ်ိဳ လို႔ မွန္းဆၾကေပမဲ့ Janet လို႔ ဘာေၾကာင့္ေခၚတယ္ဆိုတာ ဘယ္သူမွ မသိပါဘူး။ အခ်ိဳ႕က အမွန္တကယ္မရွိတဲ့ အျခားေလဆိပ္တစ္ခု "Just Another Non-Existent Terminal" သို႔မဟုတ္ ပူးတြဲေလေၾကာင္းကြန္ရက္အတြက္ သယ္ယူပို႔ေဆာင္ေရးဝန္ ထမ္းမ်ား " Employee Transportation for Joint Air Network" မွ အတိုေကာက္စာလုံး Janet လို႔ ထင္ေၾကးေပးၾကပါတယ္။

ဂ်ဲန္နက္ ေလယာဥ္မ်ားကို စီးပြားေရးဆိုင္ရာေလေၾကာင္းလိုင္းမ်ားမွာ ေတြ႕ရတတ္တဲ့ ပုံမွန္ ကိုယ္ပိုင္စာလုံး တံဆိပ္မ်ားနဲ႔ အမွတ္အသား မျပဳပါဘူး။ ေလယာဥ္ကိုယ္ ထည္မွာ အလ်ားလိုက္ အနီ သို႔မဟုတ္ အျပာ ေရာင္မ်ဥ္းသာ အမွတ္အသားအျဖစ္ ရွိေနပါတယ္။

ဂ်ဲန္နက္ေလေၾကာင္းလိုင္းမွာ Boeing 737-600 ၆-စီး၊ Beechcraft 1900 ႏွစ္စီးနဲ႔ Beechcraft 200C သုံးစီးသာပါရွိတဲ့ ေလယာဥ္မ်ားနဲ႔ အုပ္စုဖြဲ႕ထားပါတယ္။ ပထမဆုံး ပ်ံသန္းမႈကို ၁၉၇၂ ခုႏွစ္မွာ စတင္ခဲ့ပါတယ္။ အဲဒီေလယာဥ္ေတြကို အေမရိကန္ေလတပ္မွ ပိုင္ဆိုင္ၿပီး ေလယာဥ္မ်ားကို ကာကြယ္ေရး ကန္ထ႐ိုက္တာ ျဖစ္တဲ့ “အေမရိကန္ ႏိုင္ငံစုံ အေျခခံအေဆာက္အအုံဆိုင္ရာ အတိုင္ပင္ခံကုမၸဏီ “AECOM က လုပ္ကိုင္ ေဆာင္႐ြက္ေပးပါတယ္။ ေလေၾကာင္းလိုင္း တစ္ခုလုံးကို နီဗားဒါးျပည္ နယ္ လာ့စ္ေဗးဂတ္စ္ရွိ “မက္ကာရမ္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္" “ဂိုးလ္ကို႔စ္ တာမင္နယ္"လို႔ လူသိမ်ားတဲ့ ကန႔္သတ္ထားတဲ့ ပုဂၢလိကပိုင္ေလဆိပ္” မွ ကိုင္တြယ္ ေဆာင္႐ြက္ေနျခင္း ျဖစ္ပါတယ္။

အဲဒီေလဆိပ္ရဲ႕ ကားရပ္နားရန္ေနရာဟာ ေန႔စဥ္ ရာနဲ႔ခ်ီတဲ့ ကားအစီးေရမ်ားနဲ႔ ျပည့္ႏွက္ေနေပမဲ့ ညေနပိုင္း ေရာက္တဲ့အခါ ကားအားလုံး မရွိေတာ့ေၾကာင္း “ေပၚျပဴ လာ မကၠင္းနစ္”စာေစာင္က ေဖာ္ျပဖူးပါတယ္။ AECOM ဟာ ေလယာဥ္မ်ားအတြက္ အလုပ္လုပ္ေပးေနတာျဖစ္ေပမဲ့ ေလဆိပ္ကို ဘယ္သူပိုင္ဆိုင္ၿပီး ဘယ္သူက စီမံခန႔္ ခြဲေနတယ္ဆိုတာ မသိၾကပါဘူး။ ကန္ထ႐ိုက္ရရွိသူဟာ ႏွစ္ေပါင္းမ်ားစြာအတြင္း ကုမၸဏီတစ္ခုၿပီး တစ္ခုေျပာင္းလဲသြားခဲ့ၿပီး ေလာေလာဆယ္ AECOM က ေလယာဥ္မ်ားအေပၚမွာေရာ ေလဆိပ္မွာပါ စီမံခန႔္ခြဲ ေဆာင္႐ြက္ ေနတယ္လို႔ ခန႔္မွန္းရပါတယ္။

ေလေၾကာင္းလိုင္းမွာ အလုပ္လုပ္မည့္ ေလယာဥ္အမႈထမ္းမ်ားဟာ ထိပ္တန္းလွ်ိဳ႕ ဝွက္လုံၿခဳံေရးဆိုင္ရာ ကင္းရွင္းေၾကာင္း ခြင့္ျပဳမိန႔္ ကိုင္ေဆာင္ထားဖို႔ လိုအပ္ပါတယ္။ ေလွ်ာက္လႊာတင္ျခင္းလုပ္ငန္းစဥ္ဟာ အပတ္တကုတ္လုပ္ရတဲ့ ကိစၥျဖစ္ၿပီး သူတို႔ရဲ႕ ဘဝက႑အားလုံးကို အေသးစိတ္အေသးစိတ္ အူေသးအူမႊားမခ်န္ ထုတ္ ေဖာ္ေျပာျပမည့္သူျဖစ္ဖို႔ လိုအပ္ပါတယ္။ စုံစမ္းစစ္ေဆးသူမ်ားဟာ ေလွ်ာက္ ထားသူရဲ႕ ရာဇဝင္ကို ၾကည့္ရႈ႐ုံသာမက မိသားစုဝင္မ်ား၊ သူငယ္ခ်င္းမ်ားနဲ႔ အျခားနီးနီးကပ္ကပ္ ေနဖူးသူမ်ားကိုလည္း အင္တာဗ်ဴးပါတယ္။ အလုပ္ခန႔္ျခင္းလုပ္ငန္းစဥ္ရဲ႕ ေနာက္ဆုံးအဆင့္မွာ Polygraph Test “ ေပၚလီဂရပ္ဖ္ တက္စ္"လို႔ ေခၚတဲ့ “မုသားေဖာ္စက္"နဲ႔ စမ္းသပ္မႈျဖစ္ပါတယ္။

အလုပ္ခန႔္ထားမႈလုပ္ငန္းစဥ္ဟာ ျပင္းထန္ေပမဲ့ ကုမၸဏီအေနနဲ႔ ေလယာဥ္အမႈထမ္းနဲ႔ ေလယာဥ္မႉးလို ရာထူးမ်ိဳး အတြက္ အျခားကုမၸဏီေတြလိုပဲ အလုပ္အကိုင္ အခြင့္ အလမ္းမ်ား ဖြင့္ေပးထားပါတယ္။ အလုပ္ေခၚယူမႈရွိေၾကာင္း ဘုတ္မ်ားမွာ အလြယ္ တကူျမင္ရေအာင္ ကုမၸဏီက စီစဥ္ေပးထားပါတယ္။

အခိုင္အလုံသက္ေသမျပႏိုင္ေပမဲ့ ေလေၾကာင္းလိုင္းဟာ အေမရိကန္အစိုးရရဲ႕ ထိပ္ တန္းလွ်ိဳ႕ဝွက္စစ္အေျခ စိုက္စခန္း Area 51 “ဧရိယာအမွတ္-၅၁"ထံ တပ္ဖြဲ႕ဝင္မ်ားကို သယ္ေဆာင္ေပးေနေၾကာင္း အေထာက္အထား မ်ားစြာရွိပါတယ္။

နီဗားဒါးျပည္နယ္မွာ တည္ရွိတဲ့ အဲ့ဒီအေျခစိုက္စခန္းဟာ အေမရိကန္အစိုးရလႈပ္ ရွားမႈမ်ားနဲ႔ပတ္သက္လို႔ သို႔ေလာသို႔ေလာ ထင္ျမင္ခ်က္မ်ားနဲ႔ လူသိမ်ားတဲ့ ေနရာတစ္ခု ျဖစ္တယ္။ ပ်က္က်သြားတဲ့ “မ်ိဳးမည္မသိ ပ်ံသန္း ေနေသာ အရာဝတၳဳမ်ား” UFO ကို ေလ့လာျခင္း၊ အျခားကမာၻမွ ၿဂိဳလ္သားမ်ားနဲ႔ ေတြ႕ဆုံျခင္း၊ ၿဂိဳလ္သား နည္း ပညာမ်ားကို တီထြင္ထုတ္လုပ္ျခင္း အပါအဝင္ ျပင္ပကမာၻနဲ႔ ပတ္သက္သည့္ လုပ္ငန္းေဆာင္တာမ်ားကို အစိုးရက ဖုံးကြယ္ထားတယ္လို႔ လူအမ်ားက ယုံၾကည္ၾကပါတယ္။

အေမရိကန္ အစိုးရဟာ ဧရိယာအမွတ္-၅၁ နဲ႔ ပတ္သက္ရင္ အခ်က္အလက္ အနည္း ငယ္မွ်သာ အသိေပးထားၿပီး သတ္မွတ္ထားတဲ့ လွ်ိဳ႕ဝွက္ကန႔္သတ္ အဆင့္ျမင့္လြန္းတာေၾကာင့္လို႔ ဆိုပါတယ္။ ဧရိယာအမွတ္-၅၁ အေပၚ ျဖတ္သန္းသြားတဲ့ ဂ်ဲန္းနက္ ေလယာဥ္ေတြဟာ လမ္းေၾကာင္းေျခရာခံစနစ္မွ ေပ်ာက္ကြယ္ၿပီး ဆက္ သြယ္ေရးစက္မ်ား ျဖတ္ေတာက္သြားတယ္လို႔ ယူဆၾကပါတယ္။

အေမရိကန္ျပည္ေထာင္ဟု ေကာင္းကင္ယံမွာ ကန႔္သတ္နယ္ေျမ ၅ဝဝ ခန႔္ရွိပါတယ္။ နီဗားဒါးျပည္နယ္ ေတာင္ပိုင္း ကန႔္သတ္ေလေၾကာင္းပိုင္နက္ “အာရ္-ဖိုးအိတ္အိုအိတ္"ဟာ ကမာၻေပၚမွာ ကာကြယ္ေရးတင္းက်ပ္မႈ အျမင့္မားဆုံး ေဝဟင္မ်ားအနက္ တစ္ခုျဖစ္ပါတယ္။ စစ္ဘက္ တိုက္ေလယာဥ္မ်ားဟာ ေလပိုင္နက္အတြင္း ကင္းလွည့္ေနၿပီး က်ဴးေက်ာ္သူမ်ားကို ပစ္ခ်ဖို႔ အခြင့္အာဏာရွိၾကပါတယ္။ သို႔ေသာ္ ဂ်ဲန္းနက္ ေလယာဥ္ေတြဟာ အဲဒီလို ေလပိုင္နက္အတြင္း ေဘးမသီ ရန္မခေစရပဲ ျဖတ္သန္းသြားၾကပါတယ္။။

ဂ်ဲန္းနက္ေလေၾကာင္းလိုင္း ခရီးစဥ္အမ်ားစုဟာ နီဗားဒါးေတာင္ပိုင္းတစ္ဝိုက္မွာ တည္ရွိေပမဲ့ အျခားဦးတည္ခရီးစဥ္အျဖစ္ နယူးေယာက္၊ နယူးမကၠဆီကိုနဲ႔ ကယ္လီဖိုးနီးယားတို႔ကိုလည္း ပ်ံသန္းေလ့ရွိပါတယ္။ နီဗားဒါးျပည္ နယ္ “ခ်ိဳင္းနားလိတ္ခ္” မွာရွိတဲ့ ေရတပ္မေတာ္ ေလေၾကာင္းလက္နက္စခန္း၊ ေလတပ္ အမွတ္-၄၁ စက္႐ုံနဲ႔ “အက္ဒ္ဝပ္ ေလတပ္အေျခစိုက္စခန္း” တို႔ကို အမ်ားဆုံး ပ်ံသန္းပါတယ္။

ဂ်ဲန္းနက္ေလယာဥ္ေတြဟာ ေန႔စဥ္ ခရီးသြား ရာဂဏန္းမွ ေထာင္ေပါင္းမ်ားစြာအထိ ဘယ္ေနရာကို သယ္ယူပို႔ ေဆာင္ေပးေနသလဲဆိုတာ ေပၚပ်ဴလာမကၠင္းနစ္ဂ်ာနယ္က ေလ့လာေဖာ္ျပခဲ့ပါတယ္။ ခရီးသည္မ်ားဟာ ေပါ့ေပါ့ ပါးပါး ဝတ္စားဆင္ယင္ထားေပမဲ့ ႏိုင္ငံတစ္ဝွမ္းရွိ တပ္မေတာ္နဲ႔ အစိုးရ႐ုံးမ်ားထံ သြားေရာက္သူမ်ားျဖစ္ေနတယ္ လို႔ ဆိုပါတယ္။

(အေမရိကန္စစ္တပ္သည္ အာဖဂန္၊ အီရတ္၊ ဆီးရီးယားႏွင့္ ကမာၻ႔တင္းမာမႈျဖစ္ပြားေနေသာ ေဒသမ်ားတြင္ လႊတ္တင္ထားသည့္ ၎၏ ဒ႐ုန္းတိုက္ခိုက္ေရးေလယာဥ္မ်ားအား ျပည္တြင္းေလတပ္အေျခစိုက္စခန္းမ်ားမွ ထိန္းခ်ဳပ္ေမာင္းႏွင္ေနျခင္းျဖစ္သည္ဟုဆိုၾကပါသည္။ အခ်ိဳ႕ေလတပ္စခန္းမ်ားသည္ ကမာၻအရပ္ရပ္ရွိ ပစ္မွတ္ အားလုံးကို မွတ္ပုံတင္ထားေသာ တိုက္ခ်င္းပစ္ ဒုံးပ်ံမ်ားကိုပင္ ထိန္းခ်ဳပ္ထားသည္ဟု ေျပာၾကသည္။ ထို႔ေၾကာင့္ ၎၏စစ္သည္မ်ားအား ျပည္တြင္းအလုပ္တာဝန္ျဖင့္ ခရီးသြားရာ၌ ပုဂၢလိက ခရီးသည္တင္ ေလယာဥ္မ်ားကို အသုံးရန္ ဆႏၵမရွိေၾကာင္း မွန္းဆရပါသည္။ ကိုယ္ပိုင္ေလယာဥ္ (၁၁)စီးဝယ္ယူ၍ ကန္ထ႐ိုက္ေပးၿပီး သယ္ယူပို႔ေဆာင္ေပးေန ပုံရပါသည္။ ထိုအေၾကာင္းကို လူသိရွင္ၾကား ထုတ္ျပန္ေျပာဆိုမႈု မရွိျခင္းသာ ျဖစ္ပါလိမ့္မည္။ ။သတင္းဘာသာျပန္သူ၏ သုံးသပ္ခ်က္)

(MSN Daily Digest., America's secret airline the government doesn't want you to know about” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Picture

Htun Aung Kyaw

14/02/2023 08:33

Nice information 👍

Related news

© 2021. All rights reserved.