ပေါ်တူဂီရှိ ကက်သလစ်ဘုရားကျောင်းမှာ ကလေးအယောက် ၄ဝဝဝ ကျော်ခန့် နှိပ်စက်ညှင်းပန်းခံနေရကြောင်း အစီရင်ခံစာသစ် ထွက်ပေါ်လာ

 449

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၄

ပေါ်တူဂီ ကက်သလစ်ဘုရားကျောင်းတစ်ခုမှာ ၁၉၅ဝ ခုနှစ်မှစ အနည်းဆုံး ကလေး ၄၈၁၅ ဦးခန့် လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရကြောင်း အစီရင်ခံစာသစ်တစ်ရပ် ထွက်ပေါ်လာခဲ့ပါတယ်။

ကျူးလွန်သူ ၇၇ ရာခိုင်နှုန်းဟာ ခရစ်ယာန်ဘုန်းကြီးများဖြစ်ကြကြောင်း စုံစမ်းရေး ကော်မရှင်က ဖေဖော်ဝါရီ ၁၃ ရက်၊ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ ကော်မရှင်အကြီးအကဲနဲ့ ကလေးစိတ်ရောဂါပညာရှင် ပက်ဒရိုစတော့ က “ငယ်စဉ်ကတည်းက နှိပပ်စက်ညှင်းပန်းခံခဲ့ရတဲ့ ကလေးတွေကို စိတ်ရင်းမှန်နဲ့ တောင်းပန်ချင်ပါတယ်" "အလွဲသုံးစားလုပ်ခံရသူတွေဟာ လက်ရှိကိန်းဂဏန်းတွေထက် အများကြီး ပိုပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ကလေးငယ်တွေဟာ ကက်သလစ်ကျောင်းများ၊ ဘုန်းကြီးများ အဆောင်များနဲ့ ဝန်ခံမှုနေရာများမှာ ညှင်းပန်း နှိပ်စက်ခံခဲ့ရတာဖြစ်တယ်လို့ စတော့ က ပြောကြားပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလက ထွက်ပေါ်လာတဲ့ အစီရင်ခံစာမှာ အနိုင်ကျင့်ခံရသူ ၄၂၄ ခုထိ ရှိခဲ့ပေမယ့် ယခုအစီရင်ခံစာမှာတော့ အနိုင်ကျင့်ခံရသူ ကလေး အယောက် ၄ဝဝဝ ကျော်ခန့် ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဘုရားကျောင်းနဲ့ပတ်သက်တဲ့ လိင်ပိုင်းဆိုင်ရာ အစီရင်ခံစာ ထောင်ပေါင်းများစွာဟာ ကမ္ဘာတစ်ဝန်းမှာ တိုးများလာနေပြီး ယင်းပြဿနာကို ဖြေရှင်းဖို့ ပုပ်ရဟန်း မင်းကြီး ဖရန်စစ်အပေါ် ဖိအားတွေ တိုးလာနေပါတယ်။

ပြင်သစ်မှာ ခရစ်ယာန်ဘုန်းကြီးများနဲ့ ဘာသာရေးအရာရှိ ၃,၀၀၀ ခန့်က ကလေး ၂၀၀,၀၀၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့မှုအပေါ် စုံစမ်းစစ်ဆေးမှုများပြီးနောက် ပေါ်တူဂီအသင်းတော်မှ တာဝန် ပေးတဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုက ဒီအစီရင်ခံစာကို ပြီးခဲ့တဲ့နှစ်မှ စတင်စုံစမ်းခဲ့တာဖြစ်ပါတယ်။ လာမယ့် သြဂုတ်လမှာ လစ္စဘွန်းသို့သွားရောက်မယ့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ ထိခိုက်နစ်နာသူအချို့နဲ့ တွေ့ဆုံဖွယ်ရှိ ကြောင်း လစ္စဘွန်းမြို့ အရန်ဘုန်းတော်ကြီးအမာရီကိုအာဂွေရာ က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ေပၚတူဂီရွိ ကက္သလစ္ဘုရားေက်ာင္းမွာ ကေလးအေယာက္ ၄ဝဝဝ ေက်ာ္ခန္႔ ႏွိပ္စက္ညႇင္းပန္းခံေနရေၾကာင္း အစီရင္ခံစာသစ္ ထြက္ေပၚလာ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၄

ေပၚတူဂီ ကက္သလစ္ဘုရားေက်ာင္းတစ္ခုမွာ ၁၉၅ဝ ခုႏွစ္မွစ အနည္းဆုံး ကေလး ၄၈၁၅ ဦးခန္႔ လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံခဲ့ရေၾကာင္း အစီရင္ခံစာသစ္တစ္ရပ္ ထြက္ေပၚလာခဲ့ပါတယ္။

က်ဴးလြန္သူ ၇၇ ရာခိုင္ႏႈန္းဟာ ခရစ္ယာန္ဘုန္းႀကီးမ်ားျဖစ္ၾကေၾကာင္း စုံစမ္းေရး ေကာ္မရွင္က ေဖေဖာ္ဝါရီ ၁၃ ရက္၊ တနလၤာေန႔မွာ ေျပာၾကားခဲ့ပါတယ္။ ေကာ္မရွင္အႀကီးအကဲနဲ႔ ကေလးစိတ္ေရာဂါပညာရွင္ ပက္ဒ႐ိုစေတာ့ က “ငယ္စဥ္ကတည္းက ႏွိပပ္စက္ညႇင္းပန္းခံခဲ့ရတဲ့ ကေလးေတြကို စိတ္ရင္းမွန္နဲ႔ ေတာင္းပန္ခ်င္ပါတယ္" "အလြဲသုံးစားလုပ္ခံရသူေတြဟာ လက္ရွိကိန္းဂဏန္းေတြထက္ အမ်ားႀကီး ပိုပါတယ္" လို႔ ေျပာၾကားခဲ့ပါတယ္။

ကေလးငယ္ေတြဟာ ကက္သလစ္ေက်ာင္းမ်ား၊ ဘုန္းႀကီးမ်ား အေဆာင္မ်ားနဲ႔ ဝန္ခံမႈေနရာမ်ားမွာ ညႇင္းပန္း ႏွိပ္စက္ခံခဲ့ရတာျဖစ္တယ္လို႔ စေတာ့ က ေျပာၾကားပါတယ္။ ၿပီးခဲ့တဲ့ေအာက္တိုဘာလက ထြက္ေပၚလာတဲ့ အစီရင္ခံစာမွာ အႏိုင္က်င့္ခံရသူ ၄၂၄ ခုထိ ရွိခဲ့ေပမယ့္ ယခုအစီရင္ခံစာမွာေတာ့ အႏိုင္က်င့္ခံရသူ ကေလး အေယာက္ ၄ဝဝဝ ေက်ာ္ခန္႔ ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဘုရားေက်ာင္းနဲ႔ပတ္သက္တဲ့ လိင္ပိုင္းဆိုင္ရာ အစီရင္ခံစာ ေထာင္ေပါင္းမ်ားစြာဟာ ကမာၻတစ္ဝန္းမွာ တိုးမ်ားလာေနၿပီး ယင္းျပႆနာကို ေျဖရွင္းဖို႔ ပုပ္ရဟန္း မင္းႀကီး ဖရန္စစ္အေပၚ ဖိအားေတြ တိုးလာေနပါတယ္။

ျပင္သစ္မွာ ခရစ္ယာန္ဘုန္းႀကီးမ်ားနဲ႔ ဘာသာေရးအရာရွိ ၃,၀၀၀ ခန႔္က ကေလး ၂၀၀,၀၀၀ ေက်ာ္ကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈမ်ား ျပဳလုပ္ခဲ့မႈအေပၚ စုံစမ္းစစ္ေဆးမႈမ်ားၿပီးေနာက္ ေပၚတူဂီအသင္းေတာ္မွ တာဝန္ ေပးတဲ့ လြတ္လပ္ေသာစုံစမ္းစစ္ေဆးမႈက ဒီအစီရင္ခံစာကို ၿပီးခဲ့တဲ့ႏွစ္မွ စတင္စုံစမ္းခဲ့တာျဖစ္ပါတယ္။ လာမယ့္ ၾသဂုတ္လမွာ လစၥဘြန္းသို႔သြားေရာက္မယ့္ ပုပ္ရဟန္းမင္းႀကီးဖရန္စစ္ဟာ ထိခိုက္နစ္နာသူအခ်ိဳ႕နဲ႔ ေတြ႕ဆုံဖြယ္ရွိ ေၾကာင္း လစၥဘြန္းၿမိဳ႕ အရန္ဘုန္းေတာ္ႀကီးအမာရီကိုအာေဂြရာ က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.