လျှပ်စစ်ကားများအတွက် ရန်ကုန်၊ မန္တလေးနှင့် အမြန်လမ်းတို့၌ တည်ဆောက်နေသည့် Charging Station နေရာများကို ထုတ်ဖော်အသိပေး

 2698

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၁၆
လျှပ်စစ်ကားများအတွက် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် အမြန်လမ်းတို့၌ တည်ဆောက်နေသည့် Charging Station နေရာများကို နစကဘက်က ထုတ်ဖော်အသိပေးပြောဆိုထားသည်။

လက်ရှိတွင် လျှပ်စစ်သုံးယာဉ်များအတွက် Charging Station များကို နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ သုခတော် ဝင်အိမ်ရာရှေ့၊ မြို့မဈေး၊ သပြေကုန်းဈေး၊ စည်ပင်ဧည့်ရိပ်သာနှင့် ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်းတို့ တည်ဆောက်နေကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်း၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်ဘူတာကြီး၊ အဝေးပြေးကားဝင်းများ၊ သီရိမင်္ဂလာဈေး၊ သခင်မြပန်းခြံ စသောနေရာများတွင်လည်း လျှပ်စစ်ကားများအတွက် Charging Station များကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်းတွင်လည်း မြို့ပတ်လမ်း၊ သိပ္ပံလမ်းမ၊ ကျုံးပတ်လမ်း၊ အဝေးပြေးကားကွင်းများ စသည့်နေရာများတွင် Charging Station များကို တည်ဆောက်နေကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက်တွင်လည်း မိုင်တိုင်(၁/ဝ)တိုးဂိတ်၊ မိုင်တိုင်(၁၁၅/ဝ) ဖြူးယာဉ်ရပ်နားစခန်း၊ မိုင်တိုင်(၂၀၁/ဝ) နေပြည်တော်ယာဉ်ရပ်နားစခန်း၊ မိုင်တိုင်(၂၈၄/ဝ)သီးကုန်းယာဉ်ရပ်နားစခန်းနှင့် မိုင်တိုင်(၃၅၂/ဝ) စကားအင်းယာဉ်ရပ်နားစခန်းနေရာများတွင်လည်း Charging Station များတည်ဆောက်နေကြောင်း နစကထံမှ သိရသည်။

ထို့ပြင် စက်သုံးဆီအရောင်းဆိုင်(၃၈)ခုတွင်လည်း Charging Station များတည်ဆောက်ရန်အတွက် နစကနှင့်စက်သုံးဆီဆိုင်များအကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ထားကြောင်း သိရသည်။

မကြာခင်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော်ရှိ သပြေကုန်ဈေးတို့တွင် လျှပ်စစ်သုံးတက္ကစီကားများကို အများပြည်သူအတွက် ပြေးဆွဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြည်ပမှ လျှပ်စစ်သုံးယာဉ်(EV)များနှင့် Charger များကို ပြည်တွင်းရှိ ကုမ္ပဏီများမှ ဝယ်ယူတင်သွင်း လျက်ရှိကြောင်း သိရသည်။

Zawgyi Version

လွ်ပ္စစ္ကားမ်ားအတြက္ ရန္ကုန္၊ မႏၲေလးႏွင့္ အျမန္လမ္းတို႔၌ တည္ေဆာက္ေနသည့္ Charging Station ေနရာမ်ားကို ထုတ္ေဖာ္အသိေပး

မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၁၆
လွ်ပ္စစ္ကားမ်ားအတြက္ ရန္ကုန္၊ ေနျပည္ေတာ္၊ မႏၲေလးႏွင့္ အျမန္လမ္းတို႔၌ တည္ေဆာက္ေနသည့္ Charging Station ေနရာမ်ားကို နစကဘက္က ထုတ္ေဖာ္အသိေပးေျပာဆိုထားသည္။

လက္ရွိတြင္ လွ်ပ္စစ္သုံးယာဥ္မ်ားအတြက္ Charging Station မ်ားကို ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္း၌ သုခေတာ္ ဝင္အိမ္ရာေရွ႕၊ ၿမိဳ႕မေဈး၊ သေျပကုန္းေဈး၊ စည္ပင္ဧည့္ရိပ္သာႏွင့္ ေဘာဂသီရိအေဝးေျပးယာဥ္ရပ္နားစခန္းတို႔ တည္ေဆာက္ေနေၾကာင္း သိရသည္။

ထို႔ျပင္ ရန္ကုန္တိုင္းအတြင္း၌ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၊ ရန္ကုန္ဘူတာႀကီး၊ အေဝးေျပးကားဝင္းမ်ား၊ သီရိမဂၤလာေဈး၊ သခင္ျမပန္းၿခံ စေသာေနရာမ်ားတြင္လည္း လွ်ပ္စစ္ကားမ်ားအတြက္ Charging Station မ်ားကို တည္ေဆာက္လ်က္ရွိေၾကာင္း သိရသည္။

အလားတူ မႏၲေလးတိုင္းတြင္လည္း ၿမိဳ႕ပတ္လမ္း၊ သိပၸံလမ္းမ၊ က်ဳံးပတ္လမ္း၊ အေဝးေျပးကားကြင္းမ်ား စသည့္ေနရာမ်ားတြင္ Charging Station မ်ားကို တည္ေဆာက္ေနေၾကာင္း သိရသည္။

ရန္ကုန္-မႏၲေလးအျမန္လမ္းတစ္ေလွ်ာက္တြင္လည္း မိုင္တိုင္(၁/ဝ)တိုးဂိတ္၊ မိုင္တိုင္(၁၁၅/ဝ) ျဖဴးယာဥ္ရပ္နားစခန္း၊ မိုင္တိုင္(၂၀၁/ဝ) ေနျပည္ေတာ္ယာဥ္ရပ္နားစခန္း၊ မိုင္တိုင္(၂၈၄/ဝ)သီးကုန္းယာဥ္ရပ္နားစခန္းႏွင့္ မိုင္တိုင္(၃၅၂/ဝ) စကားအင္းယာဥ္ရပ္နားစခန္းေနရာမ်ားတြင္လည္း Charging Station မ်ားတည္ေဆာက္ေနေၾကာင္း နစကထံမွ သိရသည္။

ထို႔ျပင္ စက္သုံးဆီအေရာင္းဆိုင္(၃၈)ခုတြင္လည္း Charging Station မ်ားတည္ေဆာက္ရန္အတြက္ နစကႏွင့္စက္သုံးဆီဆိုင္မ်ားအၾကား ေဆြးေႏြးညႇိႏႈိင္းမႈမ်ား ျပဳလုပ္ထားေၾကာင္း သိရသည္။

မၾကာခင္အခ်ိန္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ႏွင့္ ေနျပည္ေတာ္ရွိ သေျပကုန္ေဈးတို႔တြင္ လွ်ပ္စစ္သုံးတကၠစီကားမ်ားကို အမ်ားျပည္သူအတြက္ ေျပးဆြဲေပးႏိုင္ေရး စီစဥ္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

လက္ရွိအခ်ိန္တြင္ ျပည္ပမွ လွ်ပ္စစ္သုံးယာဥ္(EV)မ်ားႏွင့္ Charger မ်ားကို ျပည္တြင္းရွိ ကုမၸဏီမ်ားမွ ဝယ္ယူတင္သြင္း လ်က္ရွိေၾကာင္း သိရသည္။

Picture

Like Yah-42forcer9dihf88

13/05/2023 20:08

myanmar

Picture

soe kyawkyaw

27/05/2023 06:40

like

Related news

© 2021. All rights reserved.