ကမ္ဘာကျော်သူဋ္ဌေးကြီးတစ်ဦးဖြစ်တဲ့ ဂျောဆိုးရောစ့်ရဲ့သဘာထားထင်မြင်ချက်တွေက အန္တရာယ်ဖြစ်စေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဝေဖန်

 775

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၉

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ကမ္ဘာ့ဘီလျံနာတစ်ဦးဖြစ်တဲ့ ဂျော့ဆိုးရောစ့်ဟာ အန္တရာယ်ရှိသူဖြစ်ကြောင်း၊ ကမ္ဘာ့ဒီမိုကရက်တစ်နိုင်ငံများအနေနဲ့ ဒီမိုကရေစီနဲ့ပတ်သက်ပြီးဆွေးနွေးဖို့ လိုအပ်ကြောင်း ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

ဂျော့ဆိုးရောစ့်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ မြူးနစ်လုံခြုံရေးအစည်းဝေးအတွင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကို ဝေဖန်တိုက်ခိုက်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က ဂျော့ဆိုးရောစ့်ကို ပြန်လည်တုံ့ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ ဂျော့ဆိုးရောစ့်က အိန္ဒိယနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်ပေ မယ့် ဝန်ကြီးချုပ်မိုဒီကတော့ ဒီမိုကရက်တစ်ဦးမဟုတ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

ဝန်ကြီးချုပ်မိုဒီအပေါ် ဂျော့ဆိုးရောစ့် ဝေဖန်ခဲ့ပြီးနောက်တစ်ရက်အကြာ ဖေဖော်ဝါရီ ၁၈ ရက်မှာပဲ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ပြန်လည်တုံ့ပြန်ဝေဖန်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ သြစတြေးလျအခြေစိုက် think-tank အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Australian Strategic Policy Institute က ပြုလုပ်တဲ့အစည်းအဝေးမှာ ဂျော့ဆိုး ရောစ့်နဲ့ပတ်သက်ပြီး အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက "ဂျော့ဆိုးရော့စ်ဟာ အသက်အရွယ်ကြီးနေပြီး ချမ်းသာသူတစ်ဦးပါ။ ဂျော့ဆိုးရောစ့် ရဲ့ထင်မြင်ချက်များဟာ အန္တရာယ်ရှိတယ်။ အဲဒီလိုလူတွေနဲ့ အဲဒီအမြင်တွေရှိနေတဲ့ လူအဖွဲ့စည်းကြီးရှိလာရင် ဘာတွေဖြစ်မလဲ၊ ဂျော့ဆိုးရောစ့်တို့အုပ်စုဟာ သူတို့ဖြစ်လိုတဲ့အရာတွေအတွက် ဇာတ်ကြောင်းကို ပုံဖော်ရာမှာ အရင်းမြစ်တွေကို အမှန်တကယ်ရင်းနှီးမြှုပ်နှံ့ကြတယ်" လို့ပြောပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက အိန္ဒိယနိုင်ငံရဲ့မဲဆန္ဒရှင်တွေဟာ နိုင်ငံကို ဘယ်လိုမျိုးလုပ်ဆောင်ရမလဲဆိုတာကို ဆုံးဖြတ်မှာဖြစ်ကြောင်း ပြောပါတယ်။ ၎င်းက "ကျွန်တော်တို့ဟာ ကိုလိုနီလက်အောက်မှာ နေထိုင်ခဲ့ရတဲ့ နိုင်ငံ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ပြင်ပလူပုဂ္ဂိုလ်တွေ၊ ပြည်ပအဖွဲ့စည်းတွေ၊ ကြားဝင်စွက်ဖက်လာချိန်မှာ ဘာတွေဖြစ်လာနိုင်သလဲဆိုတဲ့အန္တရာယ်ကို ကောင်းကောင်းသိပါတယ်" လို့ပြောပါတယ်။

ဒါ့အပြင် ၎င်းက ကမ္ဘာကြီးဟန်ချက်ပြန်ညီလာစေဖို့အတွက် ဒီမိုကရေစီရဲ့တန်ဖိုးကို ဖွင့်ဆိုတဲ့ နိုင်ငံတွေအပါအဝင် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေဟာ ဒီမိုကရေစီနဲ့ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးတာမျိုးတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

Zawgyi Version;
ကမာၻေက်ာ္သူေ႒းႀကီးတစ္ဦးျဖစ္တဲ့ ေဂ်ာဆိုးေရာစ့္ရဲ႕သဘာထားထင္ျမင္ခ်က္ေတြက အႏၲရာယ္ျဖစ္ေစေၾကာင္း အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး ေဝဖန္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၉

အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးက ကမာၻ႔ဘီလ်ံနာတစ္ဦးျဖစ္တဲ့ ေဂ်ာ့ဆိုးေရာစ့္ဟာ အႏၲရာယ္ရွိသူျဖစ္ေၾကာင္း၊ ကမာၻ႔ဒီမိုကရက္တစ္ႏိုင္ငံမ်ားအေနနဲ႔ ဒီမိုကေရစီနဲ႔ပတ္သက္ၿပီးေဆြးေႏြးဖို႔ လိုအပ္ေၾကာင္း ထုတ္ေဖာ္ေျပာဆို လိုက္ပါတယ္။

ေဂ်ာ့ဆိုးေရာစ့္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပခဲ့တဲ့ ျမဴးနစ္လုံၿခဳံေရးအစည္းေဝးအတြင္း အိႏၵိယဝန္ႀကီးခ်ဳပ္ နာရန္ဒရာမိုဒီကို ေဝဖန္တိုက္ခိုက္ခဲ့ၿပီးေနာက္ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး Subrahmanyam Jaishankar က ေဂ်ာ့ဆိုးေရာစ့္ကို ျပန္လည္တုံ႔ျပန္ခဲ့ျခင္း ျဖစ္ပါတယ္။ ေဂ်ာ့ဆိုးေရာစ့္က အိႏၵိယႏိုင္ငံဟာ ဒီမိုကေရစီႏိုင္ငံျဖစ္ေပ မယ့္ ဝန္ႀကီးခ်ဳပ္မိုဒီကေတာ့ ဒီမိုကရက္တစ္ဦးမဟုတ္ေၾကာင္း ေဝဖန္ခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္မိုဒီအေပၚ ေဂ်ာ့ဆိုးေရာစ့္ ေဝဖန္ခဲ့ၿပီးေနာက္တစ္ရက္အၾကာ ေဖေဖာ္ဝါရီ ၁၈ ရက္မွာပဲ အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီးက ျပန္လည္တုံ႔ျပန္ေဝဖန္ခဲ့ပါတယ္။ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဟာ ၾသစေၾတးလ်အေျခစိုက္ think-tank အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ Australian Strategic Policy Institute က ျပဳလုပ္တဲ့အစည္းအေဝးမွာ ေဂ်ာ့ဆိုး ေရာစ့္နဲ႔ပတ္သက္ၿပီး အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။

အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးက "ေဂ်ာ့ဆိုးေရာ့စ္ဟာ အသက္အ႐ြယ္ႀကီးေနၿပီး ခ်မ္းသာသူတစ္ဦးပါ။ ေဂ်ာ့ဆိုးေရာစ့္ ရဲ႕ထင္ျမင္ခ်က္မ်ားဟာ အႏၲရာယ္ရွိတယ္။ အဲဒီလိုလူေတြနဲ႔ အဲဒီအျမင္ေတြရွိေနတဲ့ လူအဖြဲ႕စည္းႀကီးရွိလာရင္ ဘာေတြျဖစ္မလဲ၊ ေဂ်ာ့ဆိုးေရာစ့္တို႔အုပ္စုဟာ သူတို႔ျဖစ္လိုတဲ့အရာေတြအတြက္ ဇာတ္ေၾကာင္းကို ပုံေဖာ္ရာမွာ အရင္းျမစ္ေတြကို အမွန္တကယ္ရင္းႏွီးျမႇဳပ္ႏွံ႔ၾကတယ္" လို႔ေျပာပါတယ္။

အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးက အိႏၵိယႏိုင္ငံရဲ႕မဲဆႏၵရွင္ေတြဟာ ႏိုင္ငံကို ဘယ္လိုမ်ိဳးလုပ္ေဆာင္ရမလဲဆိုတာကို ဆုံးျဖတ္မွာျဖစ္ေၾကာင္း ေျပာပါတယ္။ ၎က "ကြၽန္ေတာ္တို႔ဟာ ကိုလိုနီလက္ေအာက္မွာ ေနထိုင္ခဲ့ရတဲ့ ႏိုင္ငံ ျဖစ္တယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ဟာ ျပင္ပလူပုဂၢိဳလ္ေတြ၊ ျပည္ပအဖြဲ႕စည္းေတြ၊ ၾကားဝင္စြက္ဖက္လာခ်ိန္မွာ ဘာေတြျဖစ္လာႏိုင္သလဲဆိုတဲ့အႏၲရာယ္ကို ေကာင္းေကာင္းသိပါတယ္" လို႔ေျပာပါတယ္။

ဒါ့အျပင္ ၎က ကမာၻႀကီးဟန္ခ်က္ျပန္ညီလာေစဖို႔အတြက္ ဒီမိုကေရစီရဲ႕တန္ဖိုးကို ဖြင့္ဆိုတဲ့ ႏိုင္ငံေတြအပါအဝင္ ကမာၻ႔ဒီမိုကေရစီႏိုင္ငံေတြဟာ ဒီမိုကေရစီနဲ႔ပတ္သက္ၿပီး အျပန္အလွန္ေဆြးေႏြးတာမ်ိဳးေတြ လုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔လည္း ေျပာပါတယ္။

Related news

© 2021. All rights reserved.