ဆေးခန်းအတွင်းသို့ဝင်ရောက်ကာ အငြိမ်းစား သားဖွားဆရာမကြီး နှင့် သားဖြစ်သူတို့အား သေနတ်ဖြင့်ပစ်သတ်ခံရမှု မြင်းခြံတွင် ဖြစ်ပွား
1346
Pearl (NP News) - ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ ကျေးလက်ဆေးပေးခန်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် အငြိမ်းစား သားဖွားဆရာမကြီး နှင့် သားဖြစ်သူတို့ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၆) ရက်၊ နံနက် (၉)နာရီအချိန်ခန့်တွင် မြင်းခြံမြို့နယ်၊ တူရွင်းဘို့ကျေးရွာ ကျေးလက်ဆေးပေးခန်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်နေထိုင်သော အငြိမ်းစားသားဖွားဆရာမ ဒေါ်ဌေးဝင်းမေ (၆၃)နှစ် နှင့် သားဖြစ်သူ ဦးဇော်ခိုင်ဦး (၄ဝ)နှစ် တို့သည် ဆေးပေးခန်း၌ရှိနေစဉ် အကြမ်းဖက်သမား (၅)ဉီးခန့်က ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာခဲ့ ကြောင်း သိရသည်။
ထို့နောက် ဆေးခန်းအတွင်းသို့ ဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့ပြီး ပစ်ခတ်မှုကြောင့် ဆရာမ ဒေါ်ဌေးဝင်းမေ နှင့် သားဖြစ်သူတို့တွင် ကျည်ဖောက်ထွက်ဒဏ်ရာတို့ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ ကြောင်း သိရသည်။
အလားတူ ထိုနေ့နံနက် (၉) မိနစ်အချိန်ခန့်တွင် မြင်းခြံမြို့နယ်၊ ကန်ဆွယ်ကျေးရွာအနီးရှိ သရက်ခြံအတွင်း အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်မှာ သရက်ခြံပိုင်ရှင်ဖြစ်သူ ပျိုးကန်ကျေးရွာတွင်နေထိုင်သော ကိုစိုင်း(၂၈)နှစ်သည် သရက်ခြံအတွင်း မွေးမြူထားသော ကြက်များအားကြည့်ရှုနေစဉ် အကြမ်းဖက်သမား (၅)ဦးက ဆိုင်ကယ် (၂) စီးဖြင့် ရောက်ရှိလာ ကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
ပစ်ခတ်ခံရမှုကြောင့် ကိုစိုင်းမှာ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသရန် မြင်းခြံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍ ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Zawgyi Version;
ေဆးခန္းအတြင္းသို႔ဝင္ေရာက္ကာ အၿငိမ္းစား သားဖြားဆရာမႀကီး ႏွင့္ သားျဖစ္သူတို႔အား ေသနတ္ျဖင့္ပစ္သတ္ ခံရမႈ ျမင္းၿခံတြင္ ျဖစ္ပြား
Pearl (NP News) - ေဖေဖာ္ဝါရီ ၁၉
မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕နယ္ရွိ ေက်းလက္ေဆးေပးခန္းတြင္ ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ အၿငိမ္းစား သားဖြားဆရာမႀကီး ႏွင့္ သားျဖစ္သူတို႔ ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ (၁၆) ရက္၊ နံနက္ (၉)နာရီအခ်ိန္ခန႔္တြင္ ျမင္းၿခံၿမိဳ႕နယ္၊ တူ႐ြင္းဘို႔ေက်း႐ြာ ေက်းလက္ေဆးေပးခန္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေက်း႐ြာတြင္ေနထိုင္ေသာ အၿငိမ္းစားသားဖြားဆရာမ ေဒၚေဌးဝင္းေမ (၆၃)ႏွစ္ ႏွင့္ သားျဖစ္သူ ဦးေဇာ္ခိုင္ဦး (၄ဝ)ႏွစ္ တို႔သည္ ေဆးေပးခန္း၌ရွိေနစဥ္ အၾကမ္းဖက္သမား (၅)ဉီးခန႔္က ဆိုင္ကယ္(၂)စီးျဖင့္ ေရာက္ရွိလာခဲ့ ေၾကာင္း သိရသည္။
ထို႔ေနာက္ ေဆးခန္းအတြင္းသို႔ ဝင္ေရာက္၍ ေသနတ္ျဖင့္ပစ္ခတ္ထြက္ေျပးသြားခဲ့ၿပီး ပစ္ခတ္မႈေၾကာင့္ ဆရာမ ေဒၚေဌးဝင္းေမ ႏွင့္ သားျဖစ္သူတို႔တြင္ က်ည္ေဖာက္ထြက္ဒဏ္ရာတို႔ရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ ေၾကာင္း သိရသည္။
အလားတူ ထိုေန႔နံနက္ (၉) မိနစ္အခ်ိန္ခန႔္တြင္ ျမင္းၿခံၿမိဳ႕နယ္၊ ကန္ဆြယ္ေက်း႐ြာအနီးရွိ သရက္ၿခံအတြင္း အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕မွ ဆက္လက္ထုတ္ျပန္ထားသည္။
အဆိုပါျဖစ္စဥ္မွာ သရက္ၿခံပိုင္ရွင္ျဖစ္သူ ပ်ိဳးကန္ေက်း႐ြာတြင္ေနထိုင္ေသာ ကိုစိုင္း(၂၈)ႏွစ္သည္ သရက္ၿခံအတြင္း ေမြးျမဴထားေသာ ၾကက္မ်ားအားၾကည့္ရႈေနစဥ္ အၾကမ္းဖက္သမား (၅)ဦးက ဆိုင္ကယ္ (၂) စီးျဖင့္ ေရာက္ရွိလာ ကာ ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားျခင္း ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။
ပစ္ခတ္ခံရမႈေၾကာင့္ ကိုစိုင္းမွာ က်ည္ေဖာက္ဝင္ဒဏ္ရာရရွိခဲ့ၿပီး ေဆးကုသရန္ ျမင္းၿခံၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ က်ဴးလြန္သူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ရန္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားမွ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။