နမ့်စန်မြို့နယ်တွင် ယာဥ်တိုက်မှုဖြစ်ပွား၍ လူ(၅)ဦး ဒဏ်ရာရရှိ

 905

Pearl (NP News) - ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်တွင် ယာဥ်တိုက်မှုဖြစ်ပွား၍ လူ(၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရောင်စုံ ပန်းခင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၁၉ ရက်) တွင် နမ့်စန်မြို့နယ်၊ အမှတ်(၆)ရွာ သံလမ်းအနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"နမ့်စန်ဘက်ကလာတဲ့ ကား နဲ့ ခိုလမ်ဘက်က လာတဲ့ကားနဲ့ တိုက်မိတာပါ။ ကားတွေက Vigo အမျိုးအစားတွေပါ။ ခိုလမ်ဘက်က လာတဲ့ကားတစ်စီးက အဖြူရောင်၊ နမ့်စန်ဘက်ကလာတဲ့ ကားတစ်စီးက အမဲရောင်ပါ။ အဖြူရောင် ကားပေါ် လူ(၃)ယောက်ပါပြီး၊ အမဲရောင်ကားပေါ်မှာက (၂)ယောက်ပါ ပါတယ်။ (၅)ဦးလုံး ဒဏ်ရာရရှိလို့ နမ့်စန် ပြည်သူ့ဆေးရုံကို ပို့ပေးလိုက်ပြီး နောက်တော့ (၃)ဦးကို ပြန်လွှဲပြောင်းပေးလို့ လွိုင်လင်ပြည်သူ့ဆေးရုံကို ပို့ဆောင် ပေးခဲ့ပါတယ်" ဟု လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို အတည်ပြုပြောဆိုပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် လူ(၅)ဦး ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ဖွယ်ရာ အခြေအနေမဟုတ်ကြောင်း သိရသည်။

Zawgyi Version;
နမ့္စန္ၿမိဳ႕နယ္တြင္ ယာဥ္တိုက္မႈျဖစ္ပြား၍ လူ(၅)ဦး ဒဏ္ရာရရွိ
Pearl (NP News) - ေဖေဖာ္ဝါရီ ၁၉

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ နမ့္စန္ၿမိဳ႕နယ္တြင္ ယာဥ္တိုက္မႈျဖစ္ပြား၍ လူ(၅)ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ေရာင္စုံ ပန္းခင္း လူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ေဖေဖာ္ဝါရီလ ၁၉ ရက္) တြင္ နမ့္စန္ၿမိဳ႕နယ္၊ အမွတ္(၆)႐ြာ သံလမ္းအနီးတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

"နမ့္စန္ဘက္ကလာတဲ့ ကား နဲ႔ ခိုလမ္ဘက္က လာတဲ့ကားနဲ႔ တိုက္မိတာပါ။ ကားေတြက Vigo အမ်ိဳးအစားေတြပါ။ ခိုလမ္ဘက္က လာတဲ့ကားတစ္စီးက အျဖဴေရာင္၊ နမ့္စန္ဘက္ကလာတဲ့ ကားတစ္စီးက အမဲေရာင္ပါ။ အျဖဴေရာင္ ကားေပၚ လူ(၃)ေယာက္ပါၿပီး၊ အမဲေရာင္ကားေပၚမွာက (၂)ေယာက္ပါ ပါတယ္။ (၅)ဦးလုံး ဒဏ္ရာရရွိလို႔ နမ့္စန္ ျပည္သူ႔ေဆး႐ုံကို ပို႔ေပးလိုက္ၿပီး ေနာက္ေတာ့ (၃)ဦးကို ျပန္လႊဲေျပာင္းေပးလို႔ လြိဳင္လင္ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ ေပးခဲ့ပါတယ္" ဟု လူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို အတည္ျပဳေျပာဆိုပါသည္။

အဆိုပါယာဥ္တိုက္မႈေၾကာင့္ လူ(၅)ဦး ဒဏ္ရာရရွိခဲ့ၿပီး စိုးရိမ္ဖြယ္ရာ အေျခအေနမဟုတ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.