OWIC လျှောက်ထားမှုကို ပွဲစားများက အထောက်အထားအတုဖြင့် ဆောင်ရွက်မှုများရှိနေပြီး စိစစ်တွေ့ရှိပါက အလုပ်သမားကိုပါအရေးယူမည်

 880

ယွန်း (NP News) - ‌ဖေဖော်ဝါရီ ၂၅

OWIC လျှောက်ထားမှုများကို ပွဲစား၊ အေဂျင်စီများအနေဖြင့် စာရွက်စာတမ်းအချက်အလက် အထောက် အထားအတုများဖြင့် ဆောင်ရွက်မှုများရှိနေကြောင်း သိရသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ယနေ့(ဖေဖော်ဝါရီလ ၂၅ ရက်)၊ နေ့လည်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းနှင့် OWIC လျှောက်ထားမှုများကို ပွဲစားများနှင့် အေ ဂျင်စီများက Facebook များ၊ OWIC နှင့်ပတ်သက်သည့် Facebook group များတွင် ဝန်ဆောင်မှုပေးသည့် ကြော်ငြာများဖြင့် ကြေညာကာ ဝန်ဆောင်ခကို အဆမတန်ကောက်ယူလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် အချို့အလုပ်သမားများသည် အဆိုပါ ပွဲစားများနှင့် အေဂျင်စီများထံတွင် အပြီးအစီးလုပ်ငန်း အပ် နှံဆောင်ရွက်မှုများလည်း ရှိနေကြောင်း သိရသည်။

လုပ်ငန်းအပ်နှံမှုများကို ပွဲစားနှင့် အေဂျင်စီများအနေဖြင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနသို့ အလုပ်အ ကိုင်ပါမစ်အတုအပါအဝင် ပြည်ဝင်ခွင့်ဗီဇာအတု၊ စာရွက်စာတမ်းအထောက်အထားအတုများဖြင့် တင်ပြခြင်းအပြင် လူတစ်ဦးထဲမှ လက်ရေးမူ တစ်ခုထဲဖြင့် ရေးသားတင်ပြမှုများကို ဆောင်ရွက်မှုများ ရှိနေကြောင်း သိရသည်။

ထို့ကြောင့် စာရွက်စာတမ်းအချက်အလက် အထောက်အထားအတုများဖြင့် တင်ပြမှုများကို စိစစ်တွေ့ရှိပါက လုပ်ငန်းလက်ခံဆောင်ရွက်သည့် ပွဲစားများ၊ အေဂျင်စီများအပြင် လုပ်ငန်းအပ်နှံသည့် အလုပ်သမားကိုပါ လိုအပ်သလို စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အလုပ်သမားဦးစီးဌာနသည် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းနှင့် OWIC ခွင့်ပြုဆောင် ရွက်ပေးမှုကို ရုံးဖွင့်ရက်(၂)ရက်မှ (၃)ရက်‌အတွင်း အမြန်စိစစ်ခွင့်ပြုပေးနေပြီး လိုအပ်သည့် စာရွက်စာ တမ်းများတောင်းရာတွင်လည်း အလုပ်သမား အလွယ်တကူသိရှိနားလည်နိုင်သည့် အထောက်အထားများကိုသာ တောင်းခံလျက်ရှိကြောင်း ဆိုထားသည်။

သို့ဖြစ်၍ အလုပ်သမားများအနေဖြင့် ပွဲစား၊ အေဂျင်စီများထံတွင် ဝန်ဆောင်ခ အဆမတန်ပေးပြီး လုပ်ငန်းအပ်နှံခြင်းမပြုဘဲ ကိုယ်တိုင်တင်ပြလျှောက်ထားရန် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

zawgyi version
OWIC ေလွ်ာက္ထားမႈကို ပြဲစားမ်ားက အေထာက္အထားအတုျဖင့္ ေဆာင္႐ြက္မႈမ်ားရွိေနၿပီး စိစစ္ေတြ႕ရွိပါက အလုပ္သမားကိုပါအေရးယူမည္
ယြန္း (NP News) - ‌ေဖေဖာ္ဝါရီ ၂၅

OWIC ေလွ်ာက္ထားမႈမ်ားကို ပြဲစား၊ ေအဂ်င္စီမ်ားအေနျဖင့္ စာ႐ြက္စာတမ္းအခ်က္အလက္ အေထာက္ အထားအတုမ်ားျဖင့္ ေဆာင္႐ြက္မႈမ်ားရွိေနေၾကာင္း သိရသည္။

အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနက ယေန႔(ေဖေဖာ္ဝါရီလ ၂၅ ရက္)၊ ေန႔လည္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

လက္ရွိတြင္ ျပည္ပအလုပ္အကိုင္လမ္းၫႊန္သင္တန္းႏွင့္ OWIC ေလွ်ာက္ထားမႈမ်ားကို ပြဲစားမ်ားႏွင့္ ေအ ဂ်င္စီမ်ားက Facebook မ်ား၊ OWIC ႏွင့္ပတ္သက္သည့္ Facebook group မ်ားတြင္ ဝန္ေဆာင္မႈေပးသည့္ ေၾကာ္ျငာမ်ားျဖင့္ ေၾကညာကာ ဝန္ေဆာင္ခကို အဆမတန္ေကာက္ယူလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

သို႔ေသာ္ အခ်ိဳ႕အလုပ္သမားမ်ားသည္ အဆိုပါ ပြဲစားမ်ားႏွင့္ ေအဂ်င္စီမ်ားထံတြင္ အၿပီးအစီးလုပ္ငန္း အပ္ ႏွံေဆာင္႐ြက္မႈမ်ားလည္း ရွိေနေၾကာင္း သိရသည္။

လုပ္ငန္းအပ္ႏွံမႈမ်ားကို ပြဲစားႏွင့္ ေအဂ်င္စီမ်ားအေနျဖင့္ အလုပ္သမားၫႊန္ၾကားမႈဦးစီးဌာနသို႔ အလုပ္အ ကိုင္ပါမစ္အတုအပါအဝင္ ျပည္ဝင္ခြင့္ဗီဇာအတု၊ စာ႐ြက္စာတမ္းအေထာက္အထားအတုမ်ားျဖင့္ တင္ျပျခင္းအျပင္ လူတစ္ဦးထဲမွ လက္ေရးမူ တစ္ခုထဲျဖင့္ ေရးသားတင္ျပမႈမ်ားကို ေဆာင္႐ြက္မႈမ်ား ရွိေနေၾကာင္း သိရသည္။

ထို႔ေၾကာင့္ စာ႐ြက္စာတမ္းအခ်က္အလက္ အေထာက္အထားအတုမ်ားျဖင့္ တင္ျပမႈမ်ားကို စိစစ္ေတြ႕ရွိပါက လုပ္ငန္းလက္ခံေဆာင္႐ြက္သည့္ ပြဲစားမ်ား၊ ေအဂ်င္စီမ်ားအျပင္ လုပ္ငန္းအပ္ႏွံသည့္ အလုပ္သမားကိုပါ လိုအပ္သလို စိစစ္အေရးယူသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

လက္ရွိတြင္ အလုပ္သမားဦးစီးဌာနသည္ ျပည္ပအလုပ္အကိုင္ လမ္းၫႊန္သင္တန္းႏွင့္ OWIC ခြင့္ျပဳေဆာင္ ႐ြက္ေပးမႈကို ႐ုံးဖြင့္ရက္(၂)ရက္မွ (၃)ရက္‌အတြင္း အျမန္စိစစ္ခြင့္ျပဳေပးေနၿပီး လိုအပ္သည့္ စာ႐ြက္စာ တမ္းမ်ား ေတာင္ရးာတြင္လည္း အလုပ္သမား အလြယ္တကူသိရွိနားလည္ႏိုင္သည့္ အေထာက္အထားမ်ားကိုသာ ေတာင္းခံလ်က္ရွိေၾကာင္း ဆိုထားသည္။

သို႔ျဖစ္၍ အလုပ္သမားမ်ားအေနျဖင့္ ပြဲစား၊ ေအဂ်င္စီမ်ားထံတြင္ ဝန္ေဆာင္ခ အဆမတန္ေပးၿပီး လုပ္ငန္းအပ္ႏွံျခင္းမျပဳဘဲ ကိုယ္တိုင္တင္ျပေလွ်ာက္ထားရန္ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနက အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.