ငွေကျပ်(၄)ဘီလျံကျော်တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြားများ တာချီလိတ်မြို့နယ်တွင် ဖမ်းဆီးရမိ

 546

Pearl (NP News) - မတ် ၁ဝ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ်(၄)ဘီလျံကျော်တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ(၄)ရက်၊ နေ့လည်(၁၂)နာရီအချိန်ခန့်တွင် တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာ၊ မယ်ယန်းစစ်ဆေးရေးစခန်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဂိတ်တွင် ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ စိုင်းအောင်လတ်မောင်းနှင်ပြီး ဝေယံထွန်းလိုက် ပါလာသည့် NISSAN DIESEL (၁၂)ဘီး မော်တော်ယာဉ်ကို ရပ်တန့်စေကာ ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေမှုများပြုလုပ်ရာ ယာဉ်ပေါ်တွင် ကြက်သွန်နီ/ကုန်စုံများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် အဝါရောင် ပီနံအိတ်များဖြင့်ထည့်ထားသော ဒေသကာလတန်ဖိုးငွေကျပ် (၄ ဒသမ ဝ၆၈) ဘီလျံတန်ဖိုးရှိ စိတ် ကြွရူးသွပ်ဆေးပြား (၁ဝ၁ ဒသမ ၇) သိန်းကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများအား မိုင်းပျဉ်းမြို့နယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ် ကြောင်းသိရသည်။

လက်ရှိတွင် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
ေငြက်ပ္(၄)ဘီလ်ံေက်ာ္တန္ဖိုးရွိေသာ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ဖမ္းဆီးရမိ
Pearl (NP News) - မတ္ ၁ဝ

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ေငြက်ပ္(၄)ဘီလ်ံေက်ာ္တန္ဖိုးရွိေသာ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ(၄)ရက္၊ ေန႔လည္(၁၂)နာရီအခ်ိန္ခန႔္တြင္ တာခ်ီလိတ္ၿမိဳ႕နယ္၊ မယ္ယန္းေက်း႐ြာ၊ မယ္ယန္းစစ္ေဆးေရးစခန္းတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါဂိတ္တြင္ က်ိဳင္းတုံဘက္မွ တာခ်ီလိတ္ဘက္သို႔ စိုင္းေအာင္လတ္ေမာင္းႏွင္ၿပီး ေဝယံထြန္းလိုက္ ပါလာသည့္ NISSAN DIESEL (၁၂)ဘီး ေမာ္ေတာ္ယာဥ္ကို ရပ္တန႔္ေစကာ ရွာေဖြမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ရွာေဖြမႈမ်ားျပဳလုပ္ရာ ယာဥ္ေပၚတြင္ ၾကက္သြန္နီ/ကုန္စုံမ်ားျဖင့္ ဖုံးအုပ္သယ္ေဆာင္လာသည့္ အဝါေရာင္ ပီနံအိတ္မ်ားျဖင့္ထည့္ထားေသာ ေဒသကာလတန္ဖိုးေငြက်ပ္ (၄ ဒသမ ဝ၆၈) ဘီလ်ံတန္ဖိုးရွိ စိတ္ ႂကြ႐ူးသြပ္ေဆးျပား (၁ဝ၁ ဒသမ ၇) သိန္းကို သိမ္းဆည္းရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

အဆိုပါ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားအား မိုင္းပ်ဥ္းၿမိဳ႕နယ္မွ တာခ်ီလိတ္ၿမိဳ႕နယ္သို႔ သယ္ေဆာင္ျခင္းျဖစ္ ေၾကာင္းသိရသည္။

လက္ရွိတြင္ ၎တို႔အား ဥပေဒအရအေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား စစ္ေဆးေဖာ္ ထုတ္လ်က္ရွိေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.