အမေရိကန်‌ဒေါ်လာ(၃ဝဝ)ဘီလျံကျော်ရရှိရန် အမေရိကန်စစ်ဌာနချုပ် ကြိုးပမ်းနေ

 1192

Pika (NP News) - မတ် ၁၂

အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်သည်လာမည့် ဘဏ္ဍာရေးနှစ်တွင် လက်နက်ခဲယမ်းများ သိုလှောင်ရေး၊ သုတေသန နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများအတွက် အမေရိကန်ဒေါ်လာ(၃ဝဝ) ဘီလျံကျော် တောင်းဆိုရန် စီစဥ်နေကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ အသုံးစရိတ်သည် ယူကရိန်းသို့ ထောက်ပံ့ပေးမှုကြောင့် ကုန်သွားသော လက်နက်ခဲယမ်းများကို ပြန်လည် ဖြည့်တင်းရန် နှင့် တရုတ်ကို တိုက်ခိုက်ရန်အတွက် အမေရိကန်၏ စစ်ရေးစွမ်းရည်တို့ကို မြှင့်တင်ရန် အသုံးပြုသွား မည်ဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

အမေရိကန်စစ်ဌာနချုပ်သည် စစ်လက်နက်ပစ္စည်းအသစ်များအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၇ဝ) ဘီလျံ ကျော် ရရှိရန်ကြိုးပမ်းနေကြောင်း ဌာနတွင်း ဘတ်ဂျက်စာရွက်စာတမ်းတစ်ခုအရ သိရသည်၊၊ ထို့အပြင် ရေတပ်နှင့် မရိန်းတပ်များအတွက် အမေရိကန်ဒေါ်လာ(၇၆ ဒသမ ၈) ဘီလျံ၊ လေတပ်အတွက် (၆၁)ဘီလျံ နှင့် တပ်မတော် အတွက် (၁၅ ဒသမ ၇) ဘီလျံ တောင်းဆိုထားကြောင်းလည်း သိရသည်။

အမေရိကန်စစ်ဌာနချုပ်သည် Stinger လေကြောင်းရန်ကာကွယ်ရေးစနစ် ဗားရှင်းအသစ်များအတွက် အမေရိကန် ဒေါ်လာသန်း(၄ဝဝ)၊ Javelin သံချပ်ကာ ဖျက်ဆီးရေးဒုံးကျည် (၅၄၁) ခု ဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ (၁၉၉) သန်း၊ High Mobility Artillery Rocket Systems (HIMARS) (၂၈)ခုကို ဝယ်ယူရန်အတွက် အမေရိကန် ဒေါ်လာ (၁၇၉) သန်းတို့ကို တောင်းဆိုထားကြောင်းလည်း သိရသည်။ ရုရှားနှင့် စစ်ပွဲတွင် အသုံးပြုရန်အတွက် ယူကရိန်းအား အဆိုပါလက်နက်အမျိုးအစားများကို အမေရိကန်စစ်ဌာနချုပ်က ထောက်ပံ့ပေးခဲ့ကြောင်းလည်း သိရသည်။

အမေရိကန်စစ်ဌာနချုပ်သည် တရုတ်နိုင်ငံ နှင့် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ရသည့်အခါတွင် အသုံးပြုရန်အတွက် အရေးကြီးသည့် တာဝေးပစ်ဒုံးကျည်များ သိုလှောင်မှုကိုလည်း မြှင့်တင်ရန် အလိုရှိနေကြောင်း သိရသည်။ ထို့အပြင် သုတေသနနှင့် ဖွံ့ဖြိုးရေး ပရောဂျက်များအတွက် အမေရိကန်ဒေါ်လာ (၁၄၅) ဘီလျံ တောင်းဆိုထားကြောင်းလည်း သိရသည်။

လာမည့် ဘဏ္ဍာရေးနှစ်သစ်ကို အောက်တိုဘာလ(၁)ရက်တွင် စတင်မည်ဖြစ်ပြီး စာရွက်စာတမ်းများကို မတ်လ (၁၃) ရက်တွင် ထုတ်ပြန်ရန် စီစဥ်ထားကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်လများအတွင်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးမှုကြောင့် အမေရိကန်နိုင်ငံ၏ လက်နက်သိုလှောင်မှုများ လျော့နည်းသွားခဲ့ ကြောင်း မီဒီယာများ က ဖော်ပြခဲ့ကြသည်။

ရုရှားနှင့် စစ်ပွဲ စတင်တည်းက အမေရိကန်သည် ယူကရိန်းကို သောင်းနှင့်ချီသော အမြောက်ကျည်ဆန်များ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ တင့်ကားဖျက်ဒုံးကျည်များ အပါအဝင် စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ(၃၂ ဒသမ ၂) ဘီလျံခန့် ထောက်ပံ့ပေးခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
အေမရိကန္‌ေဒၚလာ(၃ဝဝ)ဘီလ်ံေက်ာ္ရရွိရန္ အေမရိကန္စစ္ဌာနခ်ဳပ္ ႀကိဳးပမ္းေန
Pika (NP News) - မတ္ ၁၂

အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္သည္လာမည့္ ဘ႑ာေရးႏွစ္တြင္ လက္နက္ခဲယမ္းမ်ား သိုေလွာင္ေရး၊ သုေတသန ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာ ႀကိဳးပမ္းအားထုတ္မႈမ်ားအတြက္ အေမရိကန္ေဒၚလာ(၃ဝဝ) ဘီလ်ံေက်ာ္ ေတာင္းဆိုရန္ စီစဥ္ေနေၾကာင္း Bloomberg သတင္းဌာနက ေဖာ္ျပခဲ့သည္။

အဆိုပါ အသုံးစရိတ္သည္ ယူကရိန္းသို႔ ေထာက္ပံ့ေပးမႈေၾကာင့္ ကုန္သြားေသာ လက္နက္ခဲယမ္းမ်ားကို ျပန္လည္ ျဖည့္တင္းရန္ ႏွင့္ တ႐ုတ္ကို တိုက္ခိုက္ရန္အတြက္ အေမရိကန္၏ စစ္ေရးစြမ္းရည္တို႔ကို ျမႇင့္တင္ရန္ အသုံးျပဳသြား မည္ျဖစ္ေၾကာင္းလည္း သတင္းမ်ားထြက္ေပၚေနသည္။

အေမရိကန္စစ္ဌာနခ်ဳပ္သည္ စစ္လက္နက္ပစၥည္းအသစ္မ်ားအတြက္ စုစုေပါင္း အေမရိကန္ေဒၚလာ (၁၇ဝ) ဘီလ်ံ ေက်ာ္ ရရွိရန္ႀကိဳးပမ္းေနေၾကာင္း ဌာနတြင္း ဘတ္ဂ်က္စာ႐ြက္စာတမ္းတစ္ခုအရ သိရသည္၊၊ ထို႔အျပင္ ေရတပ္ႏွင့္ မရိန္းတပ္မ်ားအတြက္ အေမရိကန္ေဒၚလာ(၇၆ ဒသမ ၈) ဘီလ်ံ၊ ေလတပ္အတြက္ (၆၁)ဘီလ်ံ ႏွင့္ တပ္မေတာ္ အတြက္ (၁၅ ဒသမ ၇) ဘီလ်ံ ေတာင္းဆိုထားေၾကာင္းလည္း သိရသည္။

အေမရိကန္စစ္ဌာနခ်ဳပ္သည္ Stinger ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ ဗားရွင္းအသစ္မ်ားအတြက္ အေမရိကန္ ေဒၚလာသန္း(၄ဝဝ)၊ Javelin သံခ်ပ္ကာ ဖ်က္ဆီးေရးဒုံးက်ည္ (၅၄၁) ခု ဝယ္ယူရန္အတြက္ အေမရိကန္ေဒၚလာ (၁၉၉) သန္း၊ High Mobility Artillery Rocket Systems (HIMARS) (၂၈)ခုကို ဝယ္ယူရန္အတြက္ အေမရိကန္ ေဒၚလာ (၁၇၉) သန္းတို႔ကို ေတာင္းဆိုထားေၾကာင္းလည္း သိရသည္။ ႐ုရွားႏွင့္ စစ္ပြဲတြင္ အသုံးျပဳရန္အတြက္ ယူကရိန္းအား အဆိုပါလက္နက္အမ်ိဳးအစားမ်ားကို အေမရိကန္စစ္ဌာနခ်ဳပ္က ေထာက္ပံ့ေပးခဲ့ေၾကာင္းလည္း သိရသည္။

အေမရိကန္စစ္ဌာနခ်ဳပ္သည္ တ႐ုတ္ႏိုင္ငံ ႏွင့္ စစ္ေရးအရ ထိပ္တိုက္ရင္ဆိုင္ရသည့္အခါတြင္ အသုံးျပဳရန္အတြက္ အေရးႀကီးသည့္ တာေဝးပစ္ဒုံးက်ည္မ်ား သိုေလွာင္မႈကိုလည္း ျမႇင့္တင္ရန္ အလိုရွိေနေၾကာင္း သိရသည္။ ထို႔အျပင္ သုေတသနႏွင့္ ဖြံ႕ၿဖိဳးေရး ပေရာဂ်က္မ်ားအတြက္ အေမရိကန္ေဒၚလာ (၁၄၅) ဘီလ်ံ ေတာင္းဆိုထားေၾကာင္းလည္း သိရသည္။

လာမည့္ ဘ႑ာေရးႏွစ္သစ္ကို ေအာက္တိုဘာလ(၁)ရက္တြင္ စတင္မည္ျဖစ္ၿပီး စာ႐ြက္စာတမ္းမ်ားကို မတ္လ (၁၃) ရက္တြင္ ထုတ္ျပန္ရန္ စီစဥ္ထားေၾကာင္းလည္း သိရသည္။ ၿပီးခဲ့သည့္လမ်ားအတြင္း ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ေထာက္ပံ့ေပးမႈေၾကာင့္ အေမရိကန္ႏိုင္ငံ၏ လက္နက္သိုေလွာင္မႈမ်ား ေလ်ာ့နည္းသြားခဲ့ ေၾကာင္း မီဒီယာမ်ား က ေဖာ္ျပခဲ့ၾကသည္။

႐ုရွားႏွင့္ စစ္ပြဲ စတင္တည္းက အေမရိကန္သည္ ယူကရိန္းကို ေသာင္းႏွင့္ခ်ီေသာ အေျမာက္က်ည္ဆန္မ်ား၊ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ား၊ တင့္ကားဖ်က္ဒုံးက်ည္မ်ား အပါအဝင္ စစ္ေရးအကူအညီအျဖစ္ အေမရိကန္ေဒၚလာ(၃၂ ဒသမ ၂) ဘီလ်ံခန႔္ ေထာက္ပံ့ေပးခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.